အင်ဒိုနီးရှား ဗဟိုဘဏ် ကန်ဒေါ်လာအပေါ်  မှီခိုအားထားမှုကို လျှော့ချရန် ကြိုးပမ်း


30 September, 2022

အင်ဒိုနီးရှား ဗဟိုဘဏ် ကန်ဒေါ်လာအပေါ်  မှီခိုအားထားမှုကို လျှော့ချရန် ကြိုးပမ်း

အင်ဒိုနီးရှား ဗဟိုဘဏ်  Bank Indonesia သည် ကန်ဒေါ်လာအပေါ်  မှီခိုအားထားမှုကို လျှော့ချရန် ကြိုးပမ်းနေသည်။
ကန်ဒေါ်လာ မဟုတ်သော ငွေကြေးဖြင့် non-deliverable forward contract (NDF) များကို လာမည့်နှစ်တွင် ဘဏ်မှ လုပ်ဆောင်ရန် စီစဉ်နေပြီး ပြည်တွင်း အရောင်းအဝယ်များကို NDF အသုံးပြုစေမည် ဖြစ်သည်။ ထို့ပြင် နိုင်ငံသုံးငွေဖြင့် ဖြစ်နိုင်သရွေ့ အရောင်းအဝယ်များ ပြုစေမည်ဟု ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အမှုဆောင်ဒါရိုက်တာ Edi Susianto က ကြာသပတေးနေ့ (စက်တင်ဘာလ ၂၉)တွင် ပြောကြားသည်။
အဓိကကုန်သွယ်ဖက်နိုင်ငံများဖြစ်သော တောင်ကိုရီးယားနှင့် ဩစတေးလျနိုင်ငံ၊ အကြီးမားဆုံး ကုန်သွယ်ဖက် ဖြစ်သော တရုတ်နိုင်ငတို့နှင့်လည်း ကန်ဒေါ်လာ မဟုတ်သော ငွေကြေးသုံးစွဲနိုင်ရန် ဆွေးနွေးနေသည်။ 
"ကန်ဒေါ်လာအပေါ်  မှီခိုအားထားမှုကို လျှော့ချဖို့ အခုမှ ကျွန်တော်တို့ အစပျိုးတာ ဖြစ်ပေမဲ့ ပြည်တွင်း အရောင်းအ၀ယ် ပြုလုပ်မှုများတွင်  ငွေပေးချေမှုများမှာ သိသာထင်ရှားတဲ့ တိုးတက်မှုကို တွေ့ရပါတယ်"ဟု ၎င်းက ပြောကြားသည်။ 

နိုင်ငံသုံးငွေဖြင့် ပေးချေကြရန် ထိုင်း၊ မလေးရှားနှင့် ဂျပန်တို့ နှင့် သဘောတူထားပြီး ယခုနှစ် ဇန်ဝါရီလမှ ဩဂုတ်လအထိ ကန်ဒေါ်လာမဟုတ်သော ငွေကြေးဖြင့် ပေးချေခဲ့သည့် ပမာဏ ကန်ဒေါ်လာ ၂.၈ ဘီလီယံဖိုး ရှိခဲ့သည်။ ယခုနှစ်ထွင် ယခင်နှစ်ထက် ၁၀% ပိုများမည်ဟု  Bank Indonesia က ခန့်မှန်းထားသည်။ 

အဖွားရဲ့ ကလေးတွေပေါ့ သားရဲ့ 

 

နိုင်ငံသုံးငွေ ရူပီယာ လက်ရှိ အားပျော့နေခြင်းသည် ယာယီသာဖြစ်သည်။ 
"နိုင်ငံစီးပွားရေးက ပြည်ပမှ  အရင်းအနှီးများကို  ဆက်လက်ဆွဲဆောင်နိုင်နေတဲ့ အပြုသဘောဆောင်သော လမ်းကြောင်းပေါ်မှာ ရှိနေတဲ့အတွက်   ရူပီယာကို မူလတန်ဖိုးသို့ ပြန်လည်ရောက်ရှိစေရန် အထောက်အကူ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။ 
မူလတန်ဖိုးသို့  ရူပီယာ  ပြန်ရောက်ချိန်အထိ ဗဟိုဘဏ်က ဈေးကွက်မှာ ဝင်ရောက်လုပ်ကိုင်ပြီး ရူပီယာ တည်ငြိမ်အောင် ထိန်းပေးထားနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

လက်ရှိတွင် နိုင်ငံခြားငွေ အရန်ငွေ လက်ကျန်သည် သွင်းကုန် ၆ လကျေ်ာအတွက် ကျန်ရှိသည်။ ဩဂုတ်လကုန်တွင် အရန်ငွေ ကန်ဒေါ်လာ ၁၃၂.၃ ဘီလီယံ ကျန်ရှိပြီး သွင်းကုန် ၆.၁ လစာနှင့် ညီမျှသည်။ 
Source bangkokpost
#MyanmarIndustriesGuide
TO GET INSTANT UPDATE  Join Telegram Channel  https://t.me/Guid4U

Banking & Loan Read 277 times