ဘဏ်ငွေစာရင်းထိန်းသိမ်းခ လစဉ် ကောက်ခံတော့မည်


05 February, 2021

ပြည်တွင်းဘဏ်များအနေဖြင့် ဘဏ်ငွေစာရင်းထိန်းသိမ်း ခ ကောက်ယူခွင့်ရှိသဖြင့် ပြည်တွင်းဘဏ်အချို့က အပ်ငွေများအတွက်

၂၀၂၁နှစ်ဆန်းကစတင်ပြီး လစဉ်စာရင်းထိန်းသိမ်းခ ကောက်ခံမည်ဖြစ်ကြောင်း စာကပ်၍ စတင်ကြေညာ ထားပြီး ဘဏ်အချို့က ကောက်ခံရန် စီစဉ်နေသည်။

ဧရာဝတီဘဏ်၊ ပလာဇာ ဘဏ်ခွဲတွင် အပ်ငွေစာရင်းများကို၂၀၂၁ ဇန်နဝါရီ ၁ ရက်ကစတင် ပြီး လစဉ်ထိန်းသိမ်းခ ကောက်ခံ မည်ဖြစ်ကြောင်း၊

စာရင်းသေအပ်ငွေများ မပါ ဝင်ဘဲ ကျန်ဘဏ်စာရင်းများကို လစဉ်ထိန်းသိမ်းခ ၅၀၀ ကျပ်ကို လစဉ် System မှ အလိုအ လျောက်ဖြတ်မည်ဖြစ်ရာ လက်ကျန်ငွေ မရှိတော့အထိ ဖြစ်ကြောင်း ဖော်ပြထားသည်။

ဘဏ်စာရင်းအသစ် စတင်ဖွင့်လှစ်ပြီး နောက် တစ်လတွင် ထိန်းသိမ်းခကို လစဉ် စတင်ကောက်ခံမည်ဟုလည်း ပါရှိ သည်။

Banking & Loan Read 5723 times