ဘဏ်များ ထားရမည့် အနည်းဆုံး သီးသန့်ကျပ်ငွေ ၃ % နှင့် စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်


04 October, 2021

ဘဏ်များမှမြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ် ယာယီပြင်ဆင်လျှော့ချသတ်မှတ်သည့်ကာလတိုးမြှင့်ခြင်းနှင့် စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်ထားပါသည်။

မြန်မာနိုင်ငံတော်ဗဟိုသည် ကိုဗစ်-၁၉ ရောဂါနှင့်ဆက်စပ်ဖြစ်ပေါ်လျက်ရှိသောအခြေအနေ များအရ ဘဏ်များ၏ငွေကြေးလွယ်ကူမှုကို အထောက်အကူဖြစ်စေရန်အတွက် ဘဏ်များက မြန်မာ ကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ကို ဘဏ်များမှအပဆက်သွယ်သူများ၏ အပ်နှံငွေစုစုပေါင်း၏ ၃ရာခိုင်နှုန်းသို့ယာယီပြင်ဆင်လျှော့ချခြင်းအားရည်ညွှန်းချက်ပါညွှန်ကြားချက် ဖြင့်ထုတ်ပြန်သတ်မှတ်ခဲ့ပြီး၊ ပြင်ဆင်လျှော့ချမှုကာလသည်(၂၈.၄.၂၀၂၁ - ၂၅.၅.၂၀၂၁)မှ (၁၅.၉၂၀၂၁ - ၁၂.၁၀.၂၀၂၁) အထိ ဖြစ်ပါသည်။
လက်ရှိဘဏ်များ၏ငွေကြေးလိုအပ်မှုအခြေအနေအရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များ၏ ငွေကြေးလွယ်ကူမှုကို ပိုမိုအထောက်အကူဖြစ်စေရန်အတွက် ညွှန်ကြားချက်အမှတ် (၆/၂၀၂၁) ပါ ယာယီပြင်ဆင်သတ်မှတ်ခဲ့သည့်ကာလအား နောက်ထပ် (၆) လ ထိန်းသိမ်းမှုကာလ (၁၃.၁၀.၂၀၂၁ - ၉.၁၁.၂၀၂၁) မှ (၂.၃.၂၀၂၂ - ၂၉.၃.၂၀၂၂) အထိ တိုးမြှင့်သတ်မှတ်လိုက်သည်။
ဘဏ်များအနေဖြင့် ထိန်းသိမ်းမှုကာလနောက်ဆုံးရက်တွင် မြန်မာကျပ်ငွေဖြင့် ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုး ၃ ရာခိုင်နှုန်းပြည့်မီမှုမရှိကြောင်းတွေ့ရှိရပါကအဆိုပါဘဏ် များ၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ စံသတ်မှတ်ချက်များဖြစ်သည့် ဘဏ်၏ Digital Payment ဆောင်ရွက်မှုအခြေအနေ၊ CBM-Net အသုံးပြု၍လွှဲပြောင်းမှုများဆောင်ရွက်မှုအခြေအနေCheque Clearing ဆောင်ရွက်မှုအခြေအနေဘဏ်အချင်းချင်းဈေးကွက်နှင့် အစိုးရငွေချေးသက်သေခံ လက်မှတ်များ ဈေးပြိုင်လေလံပါဝင်ဆောင်ရွက်မှုအခြေအနေနှင့် နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသောမူဝါဒများတွင် ပါဝင်ဆောင်ရွက်မှုအခြေအနေတို့အပေါ်မူတည်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၂၉.၉.၂၀၁၆) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်အမှတ် (၁၂/၂၀၁၆) ပါ ဒဏ်ကြေး သတ်မှတ်ချက်အား လျော့ပေါ့စဉ်းစားပေးသွားမည်ဖြစ်သည်
 

Banking & Loan Read 24150 times