အီးယူသို့ ထိပ်တန်းအ၀တ်အထည်တင်ပို့သူ  ဘင်္ဂလားဒေ့ရှ် ဖြစ်လာနိုင်


23 February, 2023

အီးယူသို့ ထိပ်တန်းအ၀တ်အထည်တင်ပို့သူ  ဘင်္ဂလားဒေ့ရှ် ဖြစ်လာနိုင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


ဘင်္ဂလားဒေ့ရှ်၏ အဝတ်အထည်များ ဥရောပသမဂ္ဂသို့ တင်ပို့မှုသည် ၂၀၂၂ ခုနှစ် ပထမကိုးလအတွင်း ယခင်နှစ် အလားတူကာလထက်  ၄၂% နီးပါး မြင့်တက်လာခဲ့သည်။

ဘင်္ဂလားဒေ့ရှ် အ၀တ်အထည်လုပ်ငန်းကဏ္ဍသည် ဥရောပသမဂ္ဂသို့ ထိပ်တန်းအထည်ချုပ်တင်ပို့သူအဖြစ် တရုတ်နိုင်ငံ ရထားသည့် သရဖူကို ရယူရန် အလားအလာ ရှိနေသည်။
 
ယူကရိန်းပဋိပက္ခနှင့် အခြားကမ္ဘာ့ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် လူနေထူထပ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ထောက်ပံ့ရေးကွင်းဆက်များ ရွှေ့ပြောင်းလာခြင်းဖြစ်သည်။

အ၀တ်အထည်လုပ်ငန်းကဏ္ဍသည် ဥရောပသို့ တင်ပို့မှု မြှင့်တင်ခြင်းဖြင့် ဘင်္ဂလားဒေ့ရှ်၏ စီးပွားရေး၏ အရေးကြီးသော အစိတ်အပိုင်း ဖြစ်လာခဲ့သည်။
 
အဆင်သင့်ချုပ်ပြီးသား အဝတ်အစား အထည်ချုပ်လုပ်ငန်းကဏ္ဍ ထုတ်လုပ်သူများသည် ဘင်္ဂလားဒေ့ရှ် ပြည်တွင်းအသားတင်ထုတ်ကုန်၏ ငါးပုံတစ်ပုံခန့်ကို ထုတ်လုပ်ပေးနေပြီး ပို့ကုန်ဝင်ငွေ စုစုပေါင်း၏ ၈၀% ကို ရှာဖွေပေးနေသည်။

၂၀၂၂ ခုနှစ် ပထမကိုးလအတွင်း  ဘင်္ဂလားဒေ့ရှ်မှ အီးယူသို့ အဝတ်အထည်များ ကန်ဒေါ်လာ ၁၉.၄ ဘီလီယံဖိုး တင်ပို့ခဲ့သည်။
အဆိုပါ ၉ လတွင် တရုတ်နိုင်ငံမှ တင်ပို့မှုသည် ၂၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ကန်ဒေါ်လာ ၂၅ ဒသမ ၅ ဘီလီယံဖိုး တင်ပို့ခဲ့သည်။

 

“တရုတ်နဲ့ အမေရိကန်ကြား မကြာသေးမီက ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်နိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို အလုပ်အမှာစာ အများအပြား ရွှေ့ပြောင်းခဲ့ကြရပါတယ်”ဟု ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်ငန်းရှင်များနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း Bangladesh Garment Manufacturers and Exporters Association (BGMEA) ဒုတိယဥက္ကဋ္ဌ Shahidullah Azim က ပြောကြားသည်။

အမေရိကန်နှင့် တရုတ် အစိုးရတို့အကြား တင်းမာမှုများ တိုးလာခြင်းသည် အဝတ်အထည်နှင့် အထည်အလိပ်များမှ လူသုံး အီလက်ထရွန်းနစ်နှင့် စမတ်ဖုန်းများအထိ ကဏ္ဍများတွင် တရုတ်နိုင်ငံ ပြင်ပမှ ပေးသွင်းသူများကို ရှာဖွေရန် ကုန်အမှတ်တံဆိပ်များစွာကို တွန်းအားများ ဖြစ်ပေါ်စေခဲ့သည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် အဝတ်အထည်များကို ဥရောပသမဂ္ဂမှ အဓိကဝယ်ယူသူများတွင် လက်လီဖက်ရှင်ဆိုင်များဖြစ်သည့် H&M၊ Primark၊ Zara၊ G-Star Raw နှင့် Marks & Spencer တို့ ပါဝင်သည်။

နိုင်ငံခြားငွေ အရန်ငွေ ကျဆင်းမှုနှင့် ရင်ဆိုင်နေရသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၏ ဘုတ်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ကန်ဒေါ်လာ ၄.၇ ဘီလီယံ ချေးငွေအစီအစဉ်ကို အတည်ပြုလိုက်သောအခါ ယခုနှစ်အစောပိုင်းတွင် စီးပွားရေး သက်သာရာရမှု ပမာဏကို ရရှိခဲ့သော်လည်း  အဝတ်အထည်များ တင်ပို့မှုသည် အရေးပါနေဆဲ ဖြစ်သည်။

လူဦးရေ သန်း ၁၇၀ နီးပါးရှိသော ဘင်္ဂလားဒေ့ရှ်တွင် လုပ်သားအင်အားစု ကြီးမားသည်။ 
တရုတ် ပို့ကုန် လုပ်ငန်းရှင်များသည် အီးယူသို့ တင်ပို့သည့်အခါ အကောက်ခွန် ပေးဆောင်ရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လက်နက်ခဲယမ်းမီးကျောက်မှလွဲ၍ အီးယူဈေးကွက်အားလုံးသို့ အခွန်ကင်းလွတ်ခွင့်နှင့် ခွဲတမ်းမဲ့ဝင်ရောက်ခွင့်ကို လက်ရှိရရှိနေသည့် ဖွံ့ဖြိုးဆဲနိုင်ငံ ၄၅ နိုင်ငံများအနက်မှ တစ်ခုဖြစ်သည်။

"ဥရောပဈေးကွက်သို့ အကောက်ခွန်မဲ့ တင်ပို့ခွင့် ရထားတဲ့အတွက် ဝယ်လက်တွေက  ဘင်္ဂလားဒေ့ရှ်ကို ပိုမိုနှစ်သက်ကြတယ်" ဟု TAD Group ၏ မန်နေဂျင်းဒါရိုက်တာ Ashikur Rahman Tuhin က ပြောကြားသည်။
TAD Group သည် အဝတ်အထည် အပါအဝင် ကုန်ပစ္စည်းမျိုးစုံကို ထုတ်လုပ်သည်။ ၎င်းချုပ်လုပ်သမျှ အဝတ်အထည်အားလုံး အီးယူသို့ ပေးပို့သည်။

ဘင်္ဂလားဒေ့ရှ်ရှိ ထုတ်လုပ်သူများသည် အမြန်ဖက်ရှင် fast fashion ဟု ခေါ်သည့် အဝတ်အစားများ ချုပ်လုပ်ခြင်းထံမှ အရည်အသွေးမြင့်ပြီး အကျိုးအမြတ်ပိုရှိသည့် အဝတ်အထည်များဆီသို့ ကူးပြောင်းနေကြသည်။ 

"ဘင်္ဂလားဒေ့ရှ်က အခြေခံချုပ်ထည်များမှ တန်ဖိုးကြီး၊ တန်ဖိုးဖြည့်ထည့်တဲ့ အထည်ချုပ် ပစ္စည်းများဆီသို့ ထုတ်လုပ်မှု အခြေတည်ရာကို ပြောင်းရွှေ့နေပါတယ်။ အဲဒီ အထည်ချုပ်ပစ္စည်းတွေက အီးယူဈေးကွက်မှာ ဝယ်လိုအား ပိုများလာနေတာကြောင့် ဘင်္ဂလားဒေ့ရှ်အတွက် ဝေစု တိုးလာဖို့ အထောက်အကူ ဖြစ်ပါတယ်" ဟု BGMEA မှ Azim က ပြောကြားသည်။
 
သို့သော် ဘင်္ဂလားဒေ့ရှ် အထည်တင်ပို့သူများသည် ဥရောပသို့ ပိုမိုတင်ပို့ရန်အတွက် အတားအဆီးများက စောင့်ကြိုနေပါသည်။

၂၀၂၆ ခုနှစ်မှစ၍  ကုလသမဂ္ဂ၏ လမ်းညွှန်ချက်များအရ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) အဖြစ်မှ ဘင်္ဂလားဒေ့ရှ်ကို ရပ်တော့မည် ဖြစ်သည်။ ထိုအခါ၌ လက်ရှိ ရရှိနေသည့် အီးယူ ကုန်သွယ်မှု ဖြေလျော့မှုများ ခံစားခွင့် ရရှိတော့မည် မဟုတ်ချေ။
သို့သော် ဘင်္ဂလားဒေ့ရှ်သည် အီးယူ၏  preferences-plus (GSP-plus) အစီအစဉ်တွင် အကျုံးဝင်ဖို့ ဆွေးနွေးညှိနှိုင်းနေပြီး  ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးအချို့ကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။

ထုတ်လုပ်သူများနှင့် နိုင်ငံအတွင်းရှိ အခြားသူများက ဘင်္ဂလားဒေ့ရှ်သည် မကြာမီဥရောပသို့ ထိပ်တန်းတင်ပို့သူဖြစ်လာမည်ဟု ယုံကြည်ကြသည်။

"အီးယူဈေးကွက်မှာ ဘင်္ဂလားဒေ့ရှ်က တရုတ်ကို မီလုနီးပါး ဖြစ်လာတာကြောင့် လေးနှစ်ကနေ ငါးနှစ်အတွင်းမှာ ကျွန်တော်တို့ ကျော်တက်နိုင်မှာပါ"ဟု ဘင်္ဂလားဒေ့ရှ် မူဝါဒသုတေသနဌာန အမှုဆောင်ဒါရိုက်တာ Ahsan H. Mansur က ပြောကြားသည်။
 Source Asia Nikkei 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Industry Reviews Read 213 times