ဘတ်ငွေ မာနေခဲ့ရာမှ ပြန်အားပျော့


21 November, 2022

ဘတ်ငွေ မာနေခဲ့ရာမှ ပြန်အားပျော့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ဘတ်ငွေသည်  သောကြာနေ့ ဈေးပိတ်ချိန်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၃၅.၇၃ ရှိခဲ့ပြီး တနင်္လာနေ့တွင်  ၃၅.၈၅ ဖြင့် ဈေးဖွင့်ခဲ့ရာ ပြန်အားပျော့သွားသည်။
ဒေါ်လာနှင့် ငွေလဲနှုန်းတွင် ယခုသီတင်းပတ်အတွင်း 35.45 နှင့် 36.10 ကြားတွင် ရှိနေလိမ့်မည်ဟု ဈေးကွက်မဟာဗျူဟာမှူး Poon Panichpibool က ပြောကြားသည်။
.
 လွန်ခဲ့သည့်လတွင် ဘတ်ငွေ၏ ဒေါ်လာနှင့် ငွေလဲနှုန်း ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း Bloomberg က ဖော်ပြခဲ့သည်။ ထိုရေချိန်အမြင့်မှာ ဆက်ရှိနေအောင် ထိန်းပေးနိုင်သည့် တရုတ်ခရီးသွားများ အများအပြား ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ခြင်း ကဲ့သို့သော အခြင်းအရာများ မရှိသဖြင့် ဘတ် ပြန်အားပျော့လာသည်။
 ထို့ပြင် အမေရိကန် ဗဟိုဘဏ် Federal Reserve အတိုးနှုန်း ထပ်မံမြှင့်တင်ဦးမည်ကို စိုးရိမ်ခြင်းကြောင့်လည်း ဘတ် အားပျော့သည်။ ဒီဇင်ဘာလတွင် Federal Reserve အစည်းအဝေးကို စောင့်ကြည့်ကြရမည်ဟု Poon က ပြောကြားသည်။
ထိုင်းနိုင်ငံ ရွှေဈေးကိုလည်း စောင့်ကြည့်ဖို့လိုသည်ဟု Poon က အကြံပြုသည်။ ရွှေဈေးကျလျှင် ရင်းနှီးမြှုပ်နှံသူများက ရွှေများကို ကျဈေးဖြင့် ဝယ်ယူကြမည်ဖြစ်သဖြင့် ဘတ်ကို အားပျော့သွားစေသည်။
ထိုင်းနိုင်ငံ စီးပွားရေးသည် ဆက်လက်နာလန်ထနေဆဲဖြစ်ပြီး အရှိန်ကောင်းနေသဖြင့် ဘတ်ကို တန်ဖိုးထိန်းပေးထားမည်ရာ ဒေါ်လာနှင့် လဲနှုန်း 36 ပတ်လည်တွင် ရှိလိမ့်မည်ဟု Poon က ပြောကြားသည်။
Source THE NATION 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Banking & Loan Read 391 times