အာသံမှ ရေနံချက်စက်ရုံ မြန်မာနိုင်ငံတွင် စက်သုံးဆီ လက်လီအရောင်းဆိုင်များ ဖွင့်လှစ်ရန် စိတ်အားထက်သန်


04 May, 2023

အာသံမှ ရေနံချက်စက်ရုံ မြန်မာနိုင်ငံတွင် စက်သုံးဆီ လက်လီအရောင်းဆိုင်များ ဖွင့်လှစ်ရန် စိတ်အားထက်သန်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အိန္ဒိယနိုင်ငံ အာသံပြည်နယ်ရှိ နိုင်ငံပိုင် Numaligarh Refinery Limited (NRL) သည် မြန်မာနိုင်ငံတွင် အခြေအနေကောင်းလာပါက စက်သုံးဆီ လက်လီအရောင်းဆိုင်များ ဖွင့်လှစ်ခြင်းဖြင့် အိမ်နီးချင်း မြန်မာနိုင်ငံ‌ဈေးကွက်သို့ ဝင်ရောက်ရန် အစီအစဉ် ရေးဆွဲထားသည်။ 
.
"ကျွန်တော်တို့ အခု ဘင်္ဂလားဒေ့ရှ်မှာ အလုပ် လုပ်နေပါတယ်။ မြန်မာကို ကျွန်တော်တို့ သတိပြုမိပြီး စဉ်းစားချင့်ချိန်နေတာ အချိန်အတော်ကြာပါပြီ။ အရင်တုန်းကတော့  နူမာလီဂါ Numaligarh ကနေ မိုးရေး ကို တိုက်ရိုက် ကားလမ်းကတစ်ဆင့် တင်ပို့ခဲ့ပြီး ခရီးက အကြမ်းဖျင်းအားဖြင့် ၄၂၁ ကီလိုမီတာလောက် ရှိပါတယ်" ဟု NRL ၏ ဥက္ကဋ္ဌနှင့် ဦးဆောင်ညွှန်ကြားရေးမှူး Bhaskar Jyoti Phukan က ပြောကြားသည်။

"စစ်အစိုးရ အပြောင်းအလဲက အစီအစဉ်ကို နှောင့်နှေးစေခဲ့ပါတယ်။ အိန္ဒိယဘက်ခြမ်းရှိ မိုးရေးမြို့နှင့် နီးကပ်တဲ့ မြန်မာနိုင်ငံဧရိယာက စစ်ကိုင်းတိုင်းဒေသကြီး ဖြစ်ပါတယ်။ အဲဒီဧရိယာက ရောင်းအား အလားအလာ မြင့်မားပါတယ်။ ဝန်ဆောင်မှု မပေးကြသေးတဲ့ ဧရိယာပါ။ လူဦးရေ ၄ သန်း ဝန်းကျင် အဲဒီဧရိယာမှာ နေထိုင်ပါတယ်။ ကျွန်တော်တို့ အသေးစိတ် အစီအစဉ် ရေးဆွဲထားပါတယ်" ဟု Phukan က ပြောကြားသည်။

NRL သည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်သုံးဆီ လက်လီအရောင်းဆိုင်များ ဖွင့်လှစ်ရန် အစီအစဉ် ရေးဆွဲထားပြီး ဖြစ်သော်လည်း အကောင်အထည် မဖော်ဖြစ်သေးကြောင်း ၎င်းက ပြောကြားသည်။
မြန်မာနိုင်ငံဘက် ဧရိယာတွင် အတူပူးပေါင်းလုပ်ကိုင်ရန် မိတ်ဖက်ကိုလည်း ရွေးချယ်ထားပြီးပြီဟု သူက ဆိုသည်။
သို့သော် နူမာလီဂါမှ မြန်မာသို့ သယ်ယူပို့ဆောင်ရေးစရိတ် အလွန်ကြီးမားသည်။
.
"လက်ရှိအ‌ခြေအနေကို ကျွန်တော်တို့ သိပ်စိတ်မချဘူး။ ဒါပေမဲ့ တဖြည်းဖြည်းချင်း အဆင်ပြေလာမှာပါ။  အဲဒီမှာ အာရှ အမြန်လမ်း လာမယ်။ ဝန်ဆောင်မှုက ချို့တဲ့နေတယ်။ ဒီတော့ ဝန်ဆောင်မှု ပေးဖို့ အလားအလာ အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ အစီအစဉ်တွေကို  အခြေအနေပေးတာနဲ့ ချက်ချင်း အကောင်အထည် ဖော်မှာပါ" ဟု ၎င်းက ပြောကြားသည်။
.
NRL သည် ရူပီး ၂၈,၀၀၀ ကုဋေ ရင်းနှီးမြှုပ်နှံပြီး တစ်နှစ်တာ ထုတ်လုပ်နိုင်စွမ်းကို မက်ထရစ်တန် ၃ သန်းမှ ၉ သန်းသို့ တိုးမြှင့်နေသည်။
.
မြန်မာနိုင်ငံတွင် တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှုများ များလာနေသည်ဟု  NRL အကြီးတန်း အရာရှိတဦးက ပြောကြားသည်။
“သူတို့က မန္တလေးကနေ ရန်ကုန်ကို ထုတ်ကုန်ပစ္စတွေ သယ်ကြတယ်။ တရုတ်က မြန်မာနိုင်ငံမှာ ဆီတင်ယာဉ်တွေ ထူထောင်ထားတယ်" ဟု ၎င်းက ပြောကြားသည်။
.
NRL က  ရေနံနှင့် သဘာဝဓာတ်ငွေ့ကြွယ်ဝသည့် အာသံပြည်နယ်တွင် ရေနံချက်စက်ရုံ ၄ ခုရှိသည့်အနက် တစ်ရုံကို နူမာလီဂါတွင် ထူထောင်ထားသည်။ ၎င်းစက်ရုံမှ ထုတ်ကုန်များကို မြန်မာနိုင်ငံတွင် လက်လီအရောင်းဆိုင် ဖွင့်လှစ် ရောင်းချရန် အစီအစဉ် ရေးဆွဲထားခြင်း ဖြစ်သည်။ 
Source energy economic times

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Investment/Divestment Export, Import Read 277 times