လာမည့်နှစ်များတွင် အာရှ၏ တိုးတက်မှုအတွက် အရေးပါသည့်နိုင်ငံအဖြစ် တရုတ်အစား အိန္ဒိယ နေရာယူမည်


03 December, 2023

လာမည့်နှစ်များတွင် အာရှ၏ တိုးတက်မှုအတွက် အရေးပါသည့်နိုင်ငံအဖြစ် တရုတ်အစား အိန္ဒိယ နေရာယူမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


လာမည့်နှစ် အနည်းငယ်တွင် အာရှ၏ တိုးတက်မှုအတွက် အရေးပါသည့်နိုင်ငံအဖြစ် တရုတ်အစား အိန္ဒိယ နေရာယူလိမ့်မည်ဟု S&P Global က ခန့်မှန်းထားသည်။

အာရှ-ပစိဖိတ်ဒေသ၏ စီးပွားရေးတိုးတက်မှုသည် တရုတ်အပေါ်တည်မီနေခဲ့ရာမှ လာမည့်နှစ်တွင် တရုတ်နိုင်ငံသည် အရေးပါသည့်နိုင်ငံအဖြစ် ဆက်လက် ရပ်တည်နိုင်တော့မည် မဟုတ်ဟု S&P Global က ကြိုတင်ခန့်မှန်းထားပါသည်။
တရုတ်အစား တောင်အာရှနှင့် အရှေ့တောင်အာရှတို့သည် စီးပွားကြီးထွားစေအောင် မောင်းနှင်ပေးမည့် အင်ဂျင်များ ဖြစ်လာလိမ့်မည်။


မတ်လကုန်တွင် ကုန်ဆုံးမည့် ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် တောင်အာရှမှ အိန္ဒိယနိုင်ငံ၏ ဂျီဒီပီသည် ၆.၄% ထိရှိမည်ဟု ခန့်မှန်းထားပြီး ဆက်လက်မြင့်တက်သွားမည်။ ၂၀၂၆ ခုနှစ်တွင် ၇% သို့ ရောက်ရှိလိမ့်မည်ဟု S&P Global က တွက်ချက်ခန့်မှန်းထားသည်။


တရုတ်နိုင်ငံ ဂျီဒီပီ ကြီးထွားခြင်းသည် နောက်နှစ် ၂၀၂၄ ခုနှစ်တွင် ၅.၄% ဖြစ်မည်ဟု ခန့်မှန်းထားသည်။
တရုတ်နိုင်ငံ၏ အိမ်ခြံမြေကဏ္ဍ စီးပွားပျက်ပြီး ဒေါ်လာဘီလီယံချီ ကြွေးနွံနစ်နေခြင်း နိုင်ငံစီးပွားရေးကို ဆက်လက် ထိခိုက်နေဦးမည်ဖြစ်သည်။
တရုတ်နိုင်ငံ၏ စီးပွားရေးနှေးကွေးလာသည်နှင့်အမျှ အာရှ-ပစိဖိတ်ဒေသအတွက် စီးပွားကြီးထွားရေး အင် အဓိကအင်ဂျင်သည် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သည့် တရုတ်ထံမှ တောင်အာရှနှင့် အရှေ့တောင်အာရှသို့ ရွေ့သွားမည်ဖြစ်ကြောင်း S&P Global က ခန့်မှန်းထားသည်။


အိန္ဒိယ၏ စီးပွားရေးသည် လာမည့် သုံးနှစ်အတွင်း ဆက်လက်အားကောင်းလာမည်ဟု မျှော်လင့်ရသည်။ ဒေသတွင်း စီးပွားကြီးထွားရေးကို ဦးဆောင်လိမ့်မည်။

အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့ကဲ့သို့သော ထွန်းသစ်စ ဈေးကွက်များတွင် ယခုနှစ်နှင့် နောက်နှစ်တို့တွင် ပြည်တွင်း ဝယ်လိုအား အားကောင်းခြင်းကြောင့် ဂျီဒီပီတိုးတက်မှုကို မြင်တွေ့ရမည် ဖြစ်သည်ဟု S&P Global က ခန့်မှန်းထားပါသည်။
Source cnbc

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Industry Reviews Read 278 times