အာရှ ရေနံစိမ်း တင်သွင်းမှု မေလတွင် မြင့်တက်


09 June, 2023

အာရှ ရေနံစိမ်း တင်သွင်းမှု မေလတွင် မြင့်တက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


၂၀၂၃ ခုနှစ် မေလတွင် အာရှ ရေနံစိမ်းတင်သွင်းသည့် ပမာဏ ခုန်တက်သွားခဲ့သည်။ အိန္ဒိယနှင့် တရုတ် နှစ်နိုင်ငံတို့က ရုရှားရေနံ အများအပြား တင်သွင်းခဲ့ကြသောကြောင့် ဖြစ်သည်။
Refinitiv Oil Research မှ အချက်အလက်အရ မေလတွင် အာရှသည် ရေနံစိမ်း တစ်ရက် စည်ပေါင်း barrels per day (bpd) ၂၇.၇၃ သန်း တင်သွင်းခဲ့သည်။ ဧပြီလတွင် bpd ၂၆.၃၉ သန်း တင်သွင်းခဲ့သည်။

မေလတွင် တရုတ်နိုင်ငံသည် ရေနံစိမ်း အများဆုံး တင်သွင်းခဲ့သည်။ bpd ၁၁.၉၆ သန်း တင်သွင်းခဲ့သည်။ ဧပြီလတွင် bpd ၁၀.၉၆ သန်း တင်သွင်းခဲ့သည်။ မတ်လတွင် bpd ၁၂.၃၇ သန်း စံချိန်တင် တင်သွင်းခဲ့သည်။

တရုတ်နိုင်ငံသည် ကုန်းတွင်း ပိုက်လိုင်းဖြင့်လည်းကောင်း ပင်လယ်ရေကြောင်းဖြင့် လည်းကောင်း ရုရှားရေနံစိမ်းကို မေလတွင် bpd ၂ သန်း တင်သွင်းခဲ့သည်။ ဧပြီလတွင် bpd ၁.၇၄ သန်း တင်သွင်းခဲ့သည်။

ယခင်က တရုတ်နိုင်ငံသည် ဆော်ဒီအာရေဗျ ရေနံစိမ်းကို အများဆုံးတင်သွင်းခဲ့ပြီး ယခုအခါ ရုရှားရေနံစိမ်းကို အများဆုံး တင်သွင်းနေသည်။ မေလတွင် ဆော်ဒီရေနံ bpd ၁.၉၅ သန်း တင်သွင်းခဲ့သည်။ ဧပြီလတွင် bpd ၂.၀၇ သန်း တင်သွင်းခဲ့သည်။


 


အိန္ဒိယနိုင်ငံသည်လည်း ရုရှားရေနံစိမ်းကို မေလတွင် ဧပြီလထက် ပိုမိုတင်သွင်းခဲ့သည်။ ဧပြီလတွင် bpd ၁.၆၈ သန်း တင်သွင်းခဲ့ပြီး မေလတွင် bpd ၁.၉၇ သန်း တင်သွင်းခဲ့သည်။
အိန္ဒိယနိုင်ငံသည် မေလတွင် ရေနံစိမ်း bpd ၅.၁ သန်း တင်သွင်းခဲ့ပြီး ၃၈.၆% သည် ရုရှားရေနံစိမ်း ဖြစ်သည်။ 

တရုတ်နှင့် အိန္ဒိယတို့ ရုရှားရေနံစိမ်း တင်သွင်းကြသည်မှာ ရုရှားရေနံစိမ်း ဈေးသက်သာခြင်းသည် အဓိကအကြောင်းရင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် ဆော်ဒီရေနံစိမ်းကို မတ်လတွင် bpd ၁.၀၂ သန်း၊ ဧပြီလတွင် bpd ၉၀၀,၀၀၀၊ မေလတွင် bpd ၈၉၀,၀၀၀ တင်သွင်းခဲ့သည်။
Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Export, Import Read 312 times