မြန်မာ ငွေကြေးဖောင်းပွမှု ၁၀ ဒသမ ၅ ရာခိုင်နှုန်းဟု အာရှဖွံ့ဖြိုးရေးဘဏ် ခန့်မှန်း


10 April, 2023

မြန်မာ ငွေကြေးဖောင်းပွမှု ၁၀ ဒသမ ၅ ရာခိုင်နှုန်းဟု အာရှဖွံ့ဖြိုးရေးဘဏ် ခန့်မှန်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဖွံ့ဖြိုးဆဲအာရှသည် ယခုနှစ်တွင် ယခင်ထင်ထားသည်ထက် ပိုမိုလျင်မြန်စွာ ကြီးထွားလာမည်။  တရုတ်နိုင်ငံတွင် ပြန်လည်ကောင်းမွန်လာခြင်းသည် မျှော်မှန်းထားသည်ထက် ပိုမိုအားကောင်းမည်ဖြစ်ပြီး ဖွံ့ဖြိုးဆဲအာရှကို အခြေအနေ ပိုကောင်းသွားစေလိမ့်မည်။
 ကမ္ဘာ့ဘဏ်လုပ်ငန်းကဏ္ဍ မတည်ငြိမ်မှုများကြောင့် ဖြစ်ပေါ်လာမည့် အန္တရာယ်များသည် ဖွံ့ဖြိုးဆဲအာရှ ရှေ့အလားအလာအပေါ် သက်ရောက်မှုရှိနိုင်သည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် Asian Development Bank (ADB) ၏ နောက်ဆုံးထုတ် Asian Development Outlook အစီရင်ခံစာတွင် ဆိုထားသည်။
.
အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံ့စီးပွားရေး ၄၆ ခု ပါဝင်သည့်  ဖွံ့ဖြိုးဆဲအာရှသည် ၂၀၂၃ ခုနှစ်တွင် ၄.၈% တိုးတက်မည်ဟု ခန့်မှန်းထားသည်။ ၂၀၂၂ ဒီဇင်ဘာလက ၄.၂% ဟု ခန့်မှန်းထားသည်ကို ၄.၈% ဟု တိုးမြှင့်ခန့်မှန်းလိုက်ခြင်းဖြစ်သည်။
ဖွံ့ဖြိုးဆဲအာရှသည် ၂၀၂၂ တွင် ကြီးထွားနှုန်း ၄.၂% ရရှိခဲ့သဖြင့် ၂၀၂၃ တွင် ကြီးထွားနှုန်း ပိုမြင့်မားမည် ဖြစ်သည်။
.
ဖွံ့ဖြိုးဆဲအာရှဒေသ ကြီးထွားနှုန်းအတွက် ယခုနှစ်တွင် ကမ္ဘာ့ဒုတိယအကြီးမားဆုံး နိုင်ငံ့စီးပွားရေး ဖြစ်သည့်တရုတ်နိုင်ငံ ပြန်နာလန်ထခြင်းထံမှ အကျိုးကျေးဇူးများ ရရှိမည် ဖြစ်သည်။ ၂၀၂၃ အတွက် တရုတ်နိုင်ငံ စီးပွားရေး ကြီးထွားနှုန်းကို ယခင်က ၄.၃% ဟု ADB က ခန့်မှန်းခဲ့ပြီး ယခု အစီရင်ခံစာတွင် ၅% ဟု တိုးမြှင့်ခန့်မှန်းထားသည်။
.
"တကယ်လို့သာ လူနေမှုဘဝများမြန်မြန်ဆန်ဆန် ပုံမှန်အတိုင်း ပြန်ဖြစ်လာပြီး  ယုံကြည်စိတ်ချမှုတွေ ပြန်ရလာမယ်ဆိုရင် တိုးတက်မှုနှုန်းက ၅% ထက်တောင် ပိုမြင့်လာနိုင်ပြီး ဒေသတွင်းအတွက် ပိုကောင်းလာမှာ သေချာပါတယ်" ဟု ADB ၏ စီးပွားရေးပညာရှင် အကြီးအကဲ  Albert Park က ပြောကြားသည်။ 
တရုတ်နိုင်ငံ၏ နယ်ခြားကုန်သွယ်ရေးများ အပါအဝင် ပြန်လည်ဖွင့်လှစ်မှုသည် ယခုနှစ်အတွင်း ဒေသတွင်း တိုးတက်မှုအတွက် အခိုင်မာဆုံးသော ပံ့ပိုးကူညီမှုမျိုး ဖန်တီးပေးလိမ့်မည်၊
.
တရုတ်နိုင်ငံမှအပ ကျန်ဒေသသည် ယခုနှစ်တွင် ၄.၆% တိုးလာရန် မျှော်မှန်းထားပြီး ယခင်နှစ်၏ ၅.၄% နှုန်းထက် နှေးကွေးသည်။
.
တောင်အာရှသည် ယခုနှစ်တွင် ဖွံ့ဖြိုးဆဲအာရှဒေသ၏ ကြီးထွားနှုန်း  အမြင့်မားဆုံးကို ရရှိမည့် ဒေသအပိုင်းအခြား ဖြစ်ပြီး ၅.၅% ရရှိမည်။ တောင်အာရှမှ အိန္ဒိယသည် ယခုနှစ်တွင် ကြီးထွားနှုန်း ၆.၄% ရရှိမည်။
.
အရှေ့တောင်အာရှသည် ယခုနှစ်တွင် ကြီးထွားနှုန်း ၄.၇% ရရှိမည်။
.
အရှေ့တောင်အာရှမှ မြန်မာနိုင်ငံသည် ၂၀၂၂ တွင် ကြီးထွားနှုန်း ၂% ရှိခဲ့ပြီး ၂၀၂၃ တွင် ၂.၈% ရှိမည်ဟု ADB က ခန့်မှန်းထားသည်။

ငွေကြေးဖောင်းပွမှုသည် ၂၀၂၂ တွင် ၁၆% အထိ မြင့်တက်ခဲ့သည်။ ၂၀၂၃ တွင် ၁၀.၅% သို့ ပြန်လည်လျော့ကျမည်ဟု ခန့်မှန်းထားသည်။
.
ဖွံ့ဖြိုးဆဲအာရှတွင် ငွေကြေးဖောင်းပွမှုသည် ၂၀၂၂ ခုနှစ်တွင် ၄.၄% ရှိခဲ့ရာမှ  ယခုနှစ်တွင် ၄.၂% နှင့် လာမည့်နှစ်တွင် ၃.၃% သို့ ကျဆင်းသွားဖွယ်ရှိကြောင်း ADB မှ ပြောကြားပါသည်။
.
ဖွံ့ဖြိုးဆဲအာရှတွင် အရှိန်အဟုန်ဖြင့် တိုးလာနေသော်လည်း ကမ္ဘာလုံးဆိုင်ရာ ဘဏ်လုပ်ငန်းကဏ္ဍတွင် လှိုင်းထန်နေခြင်းနှင့် ယူကရိန်းစစ်ပွဲ အရှိန်အဟုန် မြင့်တက်လာခြင်းကြောင့် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်လာနိုင်ခြင်း စသည့်  စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ကြောင်း ADB မှ သတိပေးခဲ့သည်။
.
OPEC+ ၏ ရေနံစိမ်းထုတ်လုပ်မှုလျှော့ချရန်   ကြေညာချက်ကြောင့် ရေနံစျေးနှုန်းများ မြင့်မားလာခြင်းသည် ဒေသတွင်းအတွက် နောက်ထပ်စိန်ခေါ်မှုတစ်ရပ်ကို ဖြစ်ပေါ်စေမည်။
လက်ရှိတွင် ADB မှ ရေနံဈေးသည် ယခုနှစ်တွင် တစ်စည်လျှင် ပျမ်းမျှ ၈၈ ဒေါ်လာနှင့် လာမည့်နှစ်တွင် ဒေါ်လာ ၉၀ ရှိမည်ဟု ခန့်မှန်းထားသည်။
Source ADB
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Industry Reviews Read 418 times