အာရှ ၃ နိုင်ငံ၏ နိုင်ငံကူးလက်မှတ်များ ထိပ်တန်း(၁၀)စာရင်းတွင် နေရာရ


23 July, 2022

အာရှ ၃ နိုင်ငံ၏ နိုင်ငံကူးလက်မှတ်များ ထိပ်တန်း(၁၀)စာရင်းတွင် နေရာရ

ဂျပန်၊ စင်ကာပူနှင့် တောင်ကိုရီးယားတို့သည် ကမ္ဘာ့နိုင်ငံများ Covid-19 ကပ်ဆိုးမှ ပြန်လည်ကောင်းမွန်လာသောအခါ အစွမ်းအထက်ဆုံး နိုင်ငံကူးလက်မှတ်များ စာရင်းတွင် ကိုဗစ်ကပ်‌ဘေးကာလ မတိုင်ခင်က  ကြီးစိုးခဲ့သော ဥရောပနိုင်ငံများ နေရာတွင် အာရှ ၃ နိုင်ငံဖြစ်သော ဂျပန်၊ စင်ကာပူနှင့် တောင်ကိုရီးယားတို့ နေရာရရှိခဲ့ကြပါတယ်။ 
ဂျပန် နိုင်ငံကူးလက်မှတ်က နိုင်ငံပေါင်း ၁၉၃ နိုင်ငံသို့ ဗီဇာလျှောက်ထားရယူဖို့ မလိုဘဲ ပြည်ဝင်နိုင်ပါတယ်။
  
လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ အကြံပေးလုပ်ငန်း Henley & Partners မှ ထုတ်ပြန်ပေးသော  Henley Passport Index  နောက်ဆုံးထုတ်ပြန်ချက်တွင် ဂျပန် နိုင်ငံကူးလက်မှတ်သည် နိုင်ငံပေါင်း ၁၉၃ နိုင်ငံသို့ ပြည်ဝင်ခွင့် လျှောက်ထားရယူရန် မလိုဘဲ သွားရောက်နိုင်ပါတယ်။ စင်ကာပူနှင့် တောင်ကိုရီးယားတို့က ၁၉၂ နိုင်ငံသို့ သွားရောက်နိုင်ပါတယ်။ 
အိမ်နီးနားချင်း နိုင်ငံ ဖြစ်တဲ့ ထိုင်းနိုင်ငံ နိုင်ငံကူးလက်မှတ်က အဆင့် ၇၀ မှာ ရှိနေပြီး ဗီဇာလျှောက်ထားရယူရန် မလိုဘဲ ၇၉ နိုင်ငံသို့ သွားရောက်နိုင်ပါတယ်။ 
မလေးရှား နိုင်ငံကူးလက်မှတ်က အဆင့် ၁၃ မှာ ရှိနေပြီး ဗီဇာလိုအပ်တဲ့နိုင်ငံ ၄၇ နိုင်ငံသာ ရှိပါတယ်။ ကမ္ဘောဒီးယားနိုင်ငံကူးလက်မှတ်က အဆင့် ၉၃ မှာ ရှိနေပြီး မြန်မာနိုင်ငံကူးလက်မှတ်က အဆင့် ၉၉ မှာ ရှိပါတယ်။ ဗီဇာလျှောက်ထားရယူရန် မလိုဘဲ သွားနိုင်တဲ့နိုင်ငံ ၄၇ နိုင်ငံ ရှိပါတယ်။ 

အိုရှန်းနီးယား
ကွပ်အိုင်းလန်း၊ မိုက်ခရိုနီးရှား၊ နယူးဝေ၊ ဆာမိုအာ၊ တူဗာလူ၊
Cook Islands, Micronesia ,  Niue, Samoa , Tuvalu,

အရှေ့အလယ်ပိုင်း
အာမေးနီးယား၊ အီရန်၊ ဂျော်ဒန်၊
Armenia, Iran,  Jordan, 

ကာရေဘီယံ
ဒိုမီနီကာ၊ ဟေတီ၊ မွန်ဆာရတ်၊ စိန့်ဗင်းဆင့်နှင့် ဂရင်းဒီနေး
Dominica, Haiti, Montserrat, St. Vincent and the Grenadines

အာရှ
ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မကာအို (SAR China)၊ မော်လဒိုက်၊ နီပေါ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ သီရိလင်္ကာ၊ ထိုင်ဝမ် (တရုတ်တိုင်ပေ)၊ ထိုင်း၊ တီမောလက်စ်တီ၊ ဗီယက်နမ်၊
Brunei, Cambodia, Indonesia, Laos, Macao (SAR China) , Maldives , Nepal , 
Philippines, Singapore, Sri Lanka , Taiwan (Chinese Taipei) , Thailand, Timor-Leste, Vietnam, 

လက်တင်အမေရိက
ဘိုလီးဗီးယား၊ အီကွေဒေါ၊ နီကာရာဂွာ၊
Bolivia, Ecuador, Nicaragua, 

အာဖရိက
ဘူရွန်ဒီ၊ ကိပ်ဗာဒီကျွန်းများ၊ ကိုမိုရိုကျွန်းစုများ၊ ဂီနီဘစ်ဆော၊ မဒါဂတ်စကာ၊ မော်လဝီ၊ မောရီတေးနီးယား၊ မောရစ်ရှပ်၊ မိုဇမ်ဘစ်၊ ရဝမ်ဒါ၊ ဆီနီဂေါ၊ ဆေးရှဲလ်၊ ဆိုမာလီယာ၊ စိန့် ဟယ်လီနာ၊ တန်ဇန်းနီးယား၊ တိုဂို၊ ယူဂန်ဒါ၊ ဇမ်ဘီယာ
Burundi, Cape Verde Islands , Comoro Islands, Guinea-Bissau , Madagascar , Malawi , Mauritania, Mauritius, Mozambique, Rwanda ,Senegal , Seychelles,
Somalia, St. Helena, Tanzania, Togo, Uganda, Zambia 

တရုတ်နိုင်ငံကူးလက်မှတ်က ဗီဇာလျှောက်ထားရယူရန် မလိုဘဲ နိုင်ငံ ၈၀ သို့   သွားရောက်နိုင်ပြီး အဆင့် ၆၉ မှာ ရှိပါတယ်။ 
အိန္ဒိယနိုင်ငံကူးလက်မှတ်က အဆင့် ၈၇ မှာ ရှိပါတယ်။ 
အောက်ဆုံးအဆင့်မှာ အာဖဂန်နစ္စတန်နိုင်ငံကူးလက်မှတ် နေရာယူထားပါတယ်။ ဗီဇာလျှောက်ထားရယူရန် မလိုဘဲ သွားရောက်နိုင်တဲ့နိုင်ငံ ၂၇ နိုင်ငံ ရှိပါတယ်။ 
ယူကေ အဆင့် ၆ မှာ ရှိပြီး အမေရိကန်က အဆင့် ၇ မှာ ရှိပါတယ်။ 

#MyanmarIndustriesGuide
Telegram Channel
https://t.me/Guid4U
Source:henleyglobal

Laws and Regulations Read 4347 times