အာရှဈေးကွက်များ ကျဆင်း ရေနံဈေး ဆက်လက်မြင့်တက်


10 March, 2022

အာရှဈေးကွက်များ ကျဆင်း ရေနံဈေး ဆက်လက်မြင့်တက်

မတ်လ ၈ ရက်မှာ တိုကျို၊ ဟောင်ကောင်၊ စင်ကာပူ၊ ဆိုးလ်၊ ဝယ်လင်တန်၊ ဘန်ကောက်၊ ရှန်ဟိုင်းနှင့် ထိုင်ပေ အစရှိတဲ့ အာရှဈေးကွက်များ စတော့ရှယ်ယာဈေးများကျဆင်းခဲ့ပြီး ရေနံဈေးနှုန်း မတ်နေခဲ့ပါတယ်။ ဆစ်ဒနီ၊ ဂျကာတာ နှင့် မွန်ဘိုင်းတို့မှာလည်း စတော့ရှယ်ယာဈေး ကျဆင်းခဲ့ပါတယ်။

ယူကရိန်း စစ်ပွဲကြောင့် နီကယ်တင်ပို့မှု ထိခိုက်နိုင်တဲ့အတွက် ကမ္ဘာ့နီကယ်လက်ကျန်အရ နီကယ်ဈေးနှုန်း $100,000 အထက်သို့ ရောက်ရှိပါတယ်။ 

ကမ္ဘာ့တတိယ အများဆုံး ရေနံထုတ်လုပ်တဲ့နိုင်ငံ ရုရှားရဲ့ ရေနံကို အမေရိကန်က တင်သွင်းမှု ပိတ်ပင်ဖို့ စဉ်းစားနေကြောင်း သတင်းထွက်ပေါ်ခဲ့ပြီး Brent ရေနံဈေး $140 နီးပါးသို့ ရောက်ရှိပါတယ်။ ၂၀၀၈ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိတာလို့ သတင်းမီဒီယာများမှာ ဖော်ပြကြပါတယ်။ 

ဥရောပက အမေရိကန်ရဲ့ ရေနံပိတ်ပင်မှုကို လက်ခံဖို့အတွက် စိတ်အားတက်သန်မှု မရှိပါဘူး။ ဂျာမနီအကြီးအကဲ Olaf Scholz က ရုရှားရေနံနှင့် သဘာဝဓာတ်ငွေ့တို့ဟာ ဥရောပတိုက် စီးပွားရေးအတွက် မရှိမဖြစ် အရေးပါကြောင်း ပြောကြားခဲ့ပါတယ်။ အီးယူရဲ့ သဘာဝဓာတ်ငွေ့တင်သွင်းမှုရဲ့ ၄၀% ဝန်းကျင်ကို ရုရှားမှ တင်သွင်းပါတယ်။ ရုရှားရေနံက ၂၅% တင်သွင်းပါတယ်။ 

ရုရှားက တင်းကျပ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို တုံ့ပြန်တဲ့အနေဖြင့် ရုရှားရေနံ၊ ရုရှားဓာတ်ငွေ့တို့ကို ဥရောပသို့ တင်ပို့နေခြင်းကို ဖြတ်တောက်ပစ်မယ်လို့ ဆိုပါတယ်။ ရုရှားက ဥရောပသို့ သဘာဝဓာတ်ငွေ့ကို အဓိကအားဖြင့် Nord Stream 1 ပိုက်လိုင်းဖြင့် ပေးပို့ပါတယ်။

 

Industry Reviews Read 1858 times