အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာမှာ ကုန်ဈေးနှုန်း ၁၆% မြင့်တက်မည်ဟု ခန့်မှန်း


27 September, 2022

အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာမှာ ကုန်ဈေးနှုန်း ၁၆% မြင့်တက်မည်ဟု ခန့်မှန်း


အာရှဖွံ့ဖြိုးရေးဘဏ် Asia Development Bank  ADB က အာရှအတွက် ငွေကြေးဖောင်းပွမှု ခန့်မှန်းရာတွင် ယခုနှစ် ၂၀၂၂ ခုနှစ်တွင် ၄.၅ ရာခိုင်နှုန်းနှင့် လာမည့်နှစ်တွင် ၄.၀ ရာခိုင်နှုန်း ဟု ခန့်မှန်းပါသည်။ အမေရိကန်နှင့် အခြားနိုင်ငံအချို့ထက် ပြင်းထန်မှု နည်းပါးပါသည်။

သို့သော် သီရိလင်္ကာမှာ ငွေကြေးဖောင်းပွမှု ယခုနှစ်တွင် ၄၅ ရာခိုင်နှုန်းနီးပါးဟု ခန့်မှန်းပါသည်။ မြန်မာတွင် ၁၆ ရာခိုင်နှုန်းနှင့် မွန်ဂိုလီးယားတွင် ၁၅ ရာခိုင်နှုန်းနီးပါး စျေးနှုန်းများ မြင့်တက်မည်ဟု ခန့်မှန်းထားသည်။

ကြွေးမြီဝန်ထုပ်ဝန်ပိုးများ မြင့်တက်လာခြင်းနှင့် တိုးတက်မှုအားနည်းခြင်းတို့ကြောင့် စီးပွားရေးထိခိုက်နေသော နိုင်ငံနှစ်ခုဖြစ်သည့် လာအိုနှင့် ပါကစ္စတန်တို့တွင်လည်း ငွေကြေးဖောင်းပွမှု သိသိသာသာ မြင့်တက်လာခဲ့သည်။

ဆန်နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့အတွက် ကုန်ကျစရိတ်များ မြင့်တက်လာခြင်းတို့သည် ဈေးနှုန်းမြင့်တက်ခြင်း နောက်ကွယ်မှ အဓိက အကြောင်းရင်းများ ဖြစ်သည်။

"ကမ္ဘာ့စားနပ်ရိက္ခာနှင့် စွမ်းအင်ဈေးနှုန်းများ မကြာသေးမီက ကျဆင်းနေသော်လည်း အဆိုပါ ကျဆင်းမှုနှင့်အညီ ပြည်တွင်းစျေးနှုန်းများ ကျဆင်းသည့် အဖြစ်သို့ ရောက်ဖို့ အချိန်ယူမည်ဖြစ်ပါသည်" ဟု ADB က ဆိုသည်။

အရှေ့တောင်အာရှနိုင်ငံအများစုသည် ခရီးသွားလုပ်ငန်းကို ပြန်လည်ဖွင့်လှစ်ခြင်းနှင့် ဝယ်လိုအားပြန်လည်ကောင်းမွန်လာသောကြောင့် ခိုင်မာသောတိုးတက်မှုနှုန်းကို ဆက်လက်ထိန်းထားနိုင်မည်ဟု မျှော်လင့်ရသည်။

ဩဂုတ်လကုန်အထိ ဒေသတွင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံမှုနှုန်းမှာ ၇၃ ရာခိုင်နှုန်း ရှိသည်။  ကိုဗစ်ကာလ လူအများတို့ အိမ်မှ အလုပ်လုပ်ခြင်းနှင့် ကျောင်းပညာရေး သင်ယူခြင်းတို့ လုပ်ဆောင်ရန်အတွက်  အီလက်ထရွန်းနစ်ပစ္စည်းများ ဝယ်ယူရခြင်း လျော့ကျသွားသည်။ သို့ဖြစ်ရာ အီလက်ထရွန်းနစ်ပစ္စည်း ပို့ကုန်များ တိုးတက်မှုကိုလည်း လျော့ကျစေသည်။
ပို့ကုန်လျော့ကျသဖြင့် ရေကြောင်းပို့ဆောင်ခများ သိသိသာသာ လျော့ကျသည်။ 
 အရှေ့အာရှမှ အမေရိကန်သို့ ပေ ၂၀ ကွန်တိန်နာတစ်လုံး ပို့ဆောင်ခမှာ  ဇန်နဝါရီလတွင် ဒေါ်လာ ၁၆,၀၀၀ အထိ မြင့်တက်နေခဲ့ပြီး ဩဂုတ်လနှောင်းပိုင်းတွင်ဒေါ်လာ ၇,၀၀၀ သို့ ကျဆင်းသည်။

Source thediplomat
#MyanmarIndustriesGuide 
To join Telegram Channel  https://t.me/Guid4U

 

 

MIG

Industry Reviews Read 792 times