အာရှငွေကြေးများ တစ်ပတ်တာ အဆုံးသတ် အခြေအနေများ


22 October, 2022

အာရှငွေကြေးများ တစ်ပတ်တာ အဆုံးသတ် အခြေအနေများ

 

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U


အာရှငွေကြေးများ ကျဆင်းနေခြင်းနှင်အတူ ထိုင်းဘတ်လည်း ကျဆင်းသည်။
၁၄ နှစ်အတွင်း အနိမ့်ဆုံးသို့ ချဉ်းကပ်လာသောယွမ်ငွေကို  တရုတ်အာဏာပိုင်များက  တည်ငြိမ်အောင် ကြိုးစားနေသည်။

မာနေသော ကန်ဒေါ်လာကြောင့် အာရှငွေကြေးတို့ ကန်ဒေါ်လာနှင့် ငွေလဲနှုန်း ကျဆင်းနေချိန်တွင် အမေရိကန်ဗဟိုဘဏ် Federal Reserve က နောထပ် အတိုးနှုန်း များများစားစား မြှင့်တင်လိမ့်ဦးမည်ဟု တွက်ဆထားကြသည်။ 
ကုန်ဈေးနှုန်းများ မြင့်တက်ပြီး ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ထားနိုင်သည်မှာ သေချာသည်အထိ အတိုးနှုန်းကို မြှင့်တင်သွားဖို့ ဆုံးဖြတ်ထားကြောင်း Federal Reserve မူဝါဒ ကိုင်တွယ်သူတို့က ပြောကြားထားသည်။ 
.
တင်းကျပ်သော Covid-19 လော့ဒေါင်းများဖြင့် ကိုဗစ်သုည မူဝါဒ ဆက်လက်ကျင့်သုံးနေဦးမည် ဖြစ်သဖြင့် ယွမ် တန်ဖိုးကျဆင်းနေသည်။
၂၀၀၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းနောက်ပိုင်း တရုတ်ယွမ်ငွေသည် အနိမ့်ဆုံးသို့ရောက်ရှိသွားခဲ့သည်။ ဒေသတွင်းငွေကြေးများဖြင့် ချိန်ဆကြည့်ပါက ယခုနှစ်တွင်  ၁၂ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်။
.
အကယ်၍များ ကိုဗစ်ကြောင့် ပြည်ပခရီးသွားခြင်း ပိတ်ပင်ထားသည်ကို ပြန်ဖွင့်ခဲ့လျှင် ထိုင်းနှင့် ဗီယက်နမ်တို့သည် တရုတ်ဧည့်ခရီးသွားများ လာရောက်ကြခြင်းကြောင့် အကျိုးထူးကြမည် ဖြစ်သည်။
.
ကြာသပတေးနေ့ (အောက်တိုဘာ ၂၀) တွင် ဂျပန်ယန်းသည် အမေရိကန်ဒေါ်လာနှင့် ငွေလဲနှုန်းတွင် ၁၅၀ မျဉ်းအောက်သို့ ကျဆင်းသည်။ အမေရိကန်ဒေါ်လာနှင့်လဲနှုန်း 150.17 သို့ ရောက်ရှိသွားသည်။ ၁၉၉၀ ဩဂုတ်လနောက်ပိုင်း ၃၂ နှစ်တာအတွင်း အနိမ့်ဆုံး စံချိန်သစ် ဖြစ်သည်။
အမေရိကန် ဗဟိုဘဏ် Federal Reserve ၏ မူဝါဒ အတိုးနှုန်းထက် ဂျပန်ဗဟိုဘဏ် Bank of Japan ၏ မူဝါဒအတိုးနှုန်းက နည်းနေပြီး ကွာဟချက် ကြီးမားနေသဖြင့် ယန်းကျဆင်းရသည်ဟု သုံးသပ်ကြသည်။
.
အာရှငွေကြေးအများစု ကျဆင်းနေသော သီတင်းပတ်၏ အဆုံးသတ် သောကြာနေ့တွင် ထိုင်း ဘတ်ငွေသည် အမေရိကန် ဒေါ်လာသို့ ၃၈ အောက်သို့ ဆက်လက်ကျဆင်းသွားခဲ့သည်။
သောကြာနေ့မွန်းလွဲပိုင်းတွင် ကမ်းလွန်ဈေးကွက်(ထိုင်းနိုင်ငံ ပြင်ပ ဈေးကွက်)များတွင် ဘတ်ငွေသည် တစ်ဒေါ်လာလျှင် ၃၈ ဒသမ ၃၂ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့သည်။
ပြည်တွင်း Interbank Exchange Rate ကို ကြာသပတေးနေ့ ဘဏ်ပိတ်ချိန်တွင် 38.31 ဟု ထိုင်းဗဟိုဘဏ်  Bank of Thailand က ဖော်ပြထားသည်။ 
.
မလေးရှားရင်းဂစ် ကျဆင်းနေသည်မှာ ရှစ်ပတ်ဆက်တိုက် ရှိနေပြီ ဖြစ်သည်။ 
မလေးရှားသည် စက်တင်ဘာလအတွက်  ငွေကြေးဖောင်းပွမှု ၄.၅% ရှိကြောင်းကို ထုတ်ပြန်ခဲ့သည်။ ဩဂုတ်လတွင် ၄.၇% ရှိခဲ့သည်ထက် လျော့ကျသည်။ 
Goldman Sachs မှ လေ့လာဆန်းစစ်သူများသည် မလေးရှား ဗဟိုဘဏ်  Bank Negara Malaysia သည် ယခုနှစ် စတုတ္ထသုံးလပတ်မှ ၂၀၂၃ နှစ်လယ်အထိ ပုံမှန်အစည်းအဝေးတစ်ကြိမ်လျှင် ၎င်း၏စံနှုန်းကို အခြေခံ ဒသမ ၂၅ % တိုးမြှင့်မည်ဟု ခန့်မှန်းထားသည်။ 
 မူဝါဒနှုန်းထားမှာ လက်ရှိ ၂.၅% မှ ၃.၅% သို့ ရောက်ရှိလာမည်ဖြစ်သည်။
.
အင်ဒိုနီးရှားရူပီယာ ဆက်လက်ကျဆင်းနေသည်မှာ သီတင်းပတ် ၆ ပတ် ရှိပြီဖြစ်သည်။
စင်ကာပူဒေါ်လာ ၀.၃% ခန့် တန်ဖိုးကျဆင်းသည်။
ဗီယက်နမ်ဒေါင်သည် စံချိန်တင်နိမ့်ကျခဲ့သည်။
ဖိလစ်ပိုင်ပီဆိုသည် တစ်မူထူးခြားခဲ့သည်။ တန်ဖိုး ၀.၂% မြင့်တက်ခဲ့ပါသည်။
Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

Banking & Loan Read 227 times