Asia Social Forest Network 2017


15 June, 2017

ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် Asia Social Forest Network ပြပွဲတွင်မြန်မာနိုင်ငံမှထွက်ရှိသည့်ဝါးထွက်ကုန်ပစ္စည်း များ၊ဝါးလက်မှုအနုပညာပစ္စည်းများမိတ်ဆက်ပြသသွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံဝါးချစ်သူများကွန်ရက်မှ သိရသည်။

လာမည့်ဇွန်လတတိယပတ်တွင်ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိ Holiday Inn တွင်ပြုလုပ်မည့်အာဆီယံလူမှုသစ်တော ကွန်ရက်ပြပွဲတွင် မြန်မာနိုင်ငံမှကိုယ်စားလှယ်များပါဝင်ပြသရန် ဖိတ်ကြားခံရပြီးပုဂံ၊ညောင်ဦးဒေသများမှထုတ်လုပ်သည့် ဝါးလက်မှုအနုပညာပစ္စည်းအမျိုးအစား ၂၀ ကျော်ကို ပါဝင်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။

ယခင်ကဝါးကိုဆန်ကော၊ဆန်ခါများလုပ်ခြင်းသာရှိပြီး ယခုအချိန်တွင်ပုဂံ၊ ညောင်ဦးဘက်တွင်လည်း လက်မှုလုပ်ငန်းများလုပ်လာပါသည်။

ယခုနောက်ပိုင်းပြပွဲများတွင်ပါဝင်ပြသသည့်အခါတွင်ဟိုတယ်များမှအော်ဒါမှာကြပါသည်။

ချင်းမိုင်တွင်လည်းပါဝင်ပြသရန် ဖိတ်ကြားခံခဲ့ရပါသည်။

ပြပွဲတွင်မိမိနိုင်ငံမှယူသွားမည့်လက်မှုပစ္စည်းများကိုနှစ်သက်မှုရှိပါကရောင်းချပေးသွားမည်ဖြစ်ပါသည်။

အာဆီယံလူမှုသစ်တောကွန်ရက်သည်အရှေ့တောင်အာရှရှိနိုင်ငံပေါင်းရှစ်နိုင်ငံမှအဖွဲ့အစည်း ၄၇ ခုဖြင့် ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် အဖွဲ့ဝင်နိုင်ငံအသီးသီးမှထွက်ရှိသော ဒေသတွင်းထုတ်ကုန်များ၏ တန်ဖိုးနှုန်းထားသတ်မှတ်မှုနှင့်အရည်အသွေးတန်းတူညီမျှရှိစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

Events & Exhibition Read 853 times