ပြည်တွင်းဆန်ဈေးများ မြင့်တက်လာခြင်းအတွက် ထိုင်းဆန်တင်ပို့သူများ စိုးရိမ်ကြောင့်ကြ


16 May, 2022

ပြည်တွင်းဆန်ဈေးများ မြင့်တက်လာခြင်းအတွက် ထိုင်းဆန်တင်ပို့သူများ စိုးရိမ်ကြောင့်ကြ

ထိုင်းဆန်
ထိုင်းဆန် ပို့ကုန်လုပ်ငန်းရှင်များက ပြည်တွင်းဆန်ဈေးနှုန်းများ ထိုးတက်သွားတဲ့အတွက် ဒုတိယ ၃ လပတ်အတွင်း ဆန်တင်ပို့ရန် ဈေးမြင့်နေမည့်အရေးကို စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။


ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်း Thai Rice Exporters Association ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ Chookiat Ophaswongse က ထိုင်းပြည်တွင်းမှာ ဆန်ဈေး ၂၅% မြင့်တက်ခဲ့ကြောင်း၊ ဆန်တစ်ကီလို ၁၂ ဘတ်မှ ၁၅ ဘတ်သို့ မြင့်တက်ကြောင်း၊ ပြည်ပနိုင်ငံများ ဆန်တင်သွင်းမှု မြင့်မားနေခြင်းကြောင့် ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်ကြောင်း၊ အထူးသဖြင့် အီရတ်နိုင်ငံမှ ထိုင်းဆန်တင်သွင်းခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားပါတယ်။

ပြည်ပတင်ပို့ ဆန်ဈေးနှုန်းများထက် ပြည်တွင်းဆန်ဈေးနှုန်း တက်သည်က ပိုမြန်နေကြောင်းလည်း ၎င်းက ပြောကြားပါတယ်။
ဆန်ဖြူ FOB (free-on-board) သင်္ဘောတင် ဈေးနှုန်းသည်  တစ်တန်လျှင် $400 မှ $460 သို့ မြင့်တက်ခဲ့သည်ဖြစ်ရာ ၁၅% သာ မြင့်တက်ခဲ့ပြီး ပြည်တွင်းဆန်ဈေးနှုန်းက ၂၅% မြင့်တက်ခဲ့ခြင်း ဖြစ်ပါတယ်။ 

"ထိုင်းဆန်က ဈေးပိုကြီးနေတဲ့အခါ ပြည်ပနိုင်ငံများမှ ဆန်တင်သွင်းသူများက ဒုတိယ ၃ လပတ်မှာ ထိုင်းဆန်ကို မဝယ်သေးဘဲ အခြေအနေ စောင့်ကြည့်ကြရင် ထိုင်းဆန် ပြည်ပတင်ပို့ဖို့ အခွင့်အလမ်း ဆုံးရှုံးနိုင်ပါတယ်" လို့ Mr Chookiat က ပြောကြားပါတယ်။

အီရတ်နိုင်ငံက ထိုင်းဆန် မတင်သွင်းခဲ့သည်မှာ နှစ်ပေါင်းအတော်ကြာခဲ့ပြီး ယခုနှစ်တွင် ထိုင်းဆန်ကို ပြန်ဝယ်သဖြင့် ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်စေတဲ့ အဓိကအကြောင်းရင်း ဖြစ်ကြောင်း ၎င်းက ပြောကြားပါတယ်။

ယခုနှစ်စမှ ယခုအထိ ထိုင်းဆန် တန်ချိန် ၂၀၀,၀၀၀ ကို အီရတ်သို့ တင်ပို့ခဲ့ပါတယ်။ ၂၀၂၂ မှာ အီရတ်က အနည်းဆုံးအနေဖြင့် ထိုင်းဆန် တန်ချိန် ၄၀၀,၀၀၀ ဝယ်ယူတင်သွင်းလိမ့်မယ်လို့ အသင်းက ခန့်မှန်းထားပါတယ်။

ပထမ ၃ လပတ်မှာ ထိုင်းဆန်တင်ပို့မှု တန်ချိန် ၁.၇၄ သန်း၊ တန်ဖိုးအားဖြင့် ဘတ် ၂၉.၅ ဘီလျံဖိုး တင်ပို့ ခဲ့ပါတယ်။ 
ဆန်ဝယ်လိုအား မြင့်တက်နေခြင်း၊ ဘတ်ငွေလဲနှုန်း အားပျော့နေခြင်းတို့ကြောင့် ထိုင်းဆန် ရောင်းပန်းလှနေခဲ့ပါတယ်။ 
ဒုတိယ သုံးလပတ်အတွင်း ထိုင်းဆန်ဈေးနှုန်းများ  တစ်တန်လျှင် နောက်ထပ် ၅% ($20) ဈေးတက်လိမ့်မယ်လို့ အသင်းက မျှော်လင့်ထားပါတယ်။
ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းက ယခုနှစ် ထိုင်းဆန်တင်ပို့မှု ပမာဏ အနည်းဆုံး တန်ချိန် ၈ သန်း ရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ယခင်က တန်ချိန် ၇ သန်း ခန့်မှန်းထားတာကို တိုးမြှင့်ခန်းမှန်းလိုက်တာ ဖြစ်ပါတယ်။ တန်ဖိုးအားဖြင့် ဘတ် ၁၃၀ ဘီလျံ ယခုနှစ်မှာ ထိုင်းဆန်တင်ပို့မှုမှ ရရှိမယ်လို့ အကြမ်းအားဖြင့် ခန့်မှန်းထားပါတယ်။


၂၀၂၁-၂၀၂၂ စပါးရိတ်သိမ်းရာသီမှာ ထိုင်းစပါး တန်ချိန် သန်း ၃၀~၃၂ သန်း ထွက်လိမ့်မယ်လို့ အသင်းက ခန့်မှန်းထားပါတယ်။ ထိုင်းဆန် တန်ချိန် သန်း ၂၀ ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။
ယမန်နှစ်က ထိုင်းဆန်တန်ချိန် ၁၇ သန်း ရရှိခဲ့ပါတယ်။

 မြန်မာဆန်
ပို့ကုန်ရငွေ earning ပြည်တွင်းသို့ မဝင်တဲ့ကုမ္ပဏီများ အရေးယူထားရာတွင် ဆန်ပို့ကုန်လုပ်ငန်းအချို့ ပါဝင်ခဲ့သော်လည်း ဆန်နှင့် ဆန်ကွဲ ပြည်ပတင်ပို့မှုအပေါ် ထိခိုက်မှု မရှိဟု သိရပါတယ်။  ယခင်ပုံမှန်အတိုင်း ဆက်လက်လုပ်ကိုင်လျက် ရှိပါတယ်။

 

ရန်ကုန်ဆိပ်ကမ်းတွင်

ဆန်တင်သည့် သင်္ဘောစာရင်း

မေလ ၉ မှ ၁၃ ရက်အထိ

သင်္ဘောအမည်

ဆန်တန်ချိန်

OCEAN 29

6,650

STC ATHENA

6,000

FOUR TURANDOT

28,000

COHIBA

24,500

   

 

 


 

Agriculture & Livestock Export, Import Read 1835 times