ယခုသီတင်းပတ်မှာ ထိုင်းဆန်၊ အိန္ဒိယဆန် ဈေးတက်


03 June, 2022

ယခုသီတင်းပတ်မှာ ထိုင်းဆန်၊ အိန္ဒိယဆန် ဈေးတက်

  • အိန္ဒိယဆန် တစ်တန်ဈေးနှုန်း ယခင်သီတင်းပတ်က $350-$354 ဖြစ်ပြီး ယခု သီတင်းပတ်တွင် $355-$360 သို့ မြင့်တက်
  • ဘင်္ဂလားဒေ့ရှ် ပြည်တွင်း ဆန်ဈေး ၅% မြင့်တက်
  • ထိုင်းဆန် ယခင်သီတင်းပတ်တွင် တစ်တန် $450 ဖြစ်ခဲ့ပြီး ယခုသီတင်းပတ်တွင် $455-$460 သို့ မြင့်တက်

 

 

အာရှဆန် အဝယ်လိုက်သဖြင့် ယခုသီတင်းပတ်တွင် ပြည်ပတင်ပို့သည့်ဈေးနှုန်းများ မြင့်တက်သည်။ 
ဘင်္ဂလားဒေ့ရှ်တွင် ပြည်တွင်းဆန်ဈေး မြင့်တက်သဖြင့် ဈေးကစားသည့် လှောင်လက်များကို အရေးယူနေသည်။


အိန္ဒိယဆန်

ဆန်တင်ပို့မှု ထိပ်တန်းနိုင်ငံ အိန္ဒိယ ၅% ဆန်ကွဲပါ ‌ေပါင်းဆန်အမျိုးအစား <RI-INBKN5-P1> သည် ယခင်အပတ်က တစ်တန် ခေါ်ဈေး $350 ~ $354  ရှိခဲ့ပြီး ယခုသီတင်းပတ်တွင် တစ်တန် ခေါ်ဈေး $355 ~ $360 ရှိသည်။
 
အိန္ဒိယအစိုးရက ဂျုံတင်ပို့မှု ပိတ်ပင်ခြင်း၊ သကြားတင်ပို့မှုကို ကန့်သတ်ခြင်းတို့ကြောင့် ဆန်တင်ပို့မှုကိုလည်း ပိတ်ပင်လိမ့်မည်ဟု သတင်းထွက်ပေါ်ခဲ့သည်။ ကုန်သွယ်ရေးနှင့်သက်ဆိုင်သော အစိုးရဌာနတို့က ဆန်တင်ပို့မှု ပိတ်ပင်ရန် အစီအစဉ် မရှိကြောင်း ပြောကြားသည်။ တိုင်းပြည်တွင် ဆန်ဖူလုံလျက်ရှိကြောင်း၊ ပြည်တွင်းဆန်ဈေးနှုန်းများဟည် အစိုးရထောက်ပံ့သည့် ဆန်ဝယ်ဈေးနှုန်းများထက် နည်းနေသဖြင့် ဆန်တင်ပို့မှု ပိတ်ပင်မည် မဟုတ်ကြောင်း ပြောကြားသည်။

ထိုင်းဆန်
၅% ဆန်ကွဲပါ ထိုင်းဆန် <RI-THBKN5-P1> တစ်တန် ခေါ်ဈေး ယခင်အပတ်က $450 ဖြစ်ခဲ့ပြီး ယခုအပတ်တွင် $455-$460 သို့ မြင့်တက်သည်။ ပြည်တွင်းပြည်ပ နှစ်ခုစလုံး အဝယ်လိုက်နေသဖြင့် အနည်းငယ် ဈေးတက်လာသည်ဟု ကုန်သည်များက ပြောကြားသည်။
ပြည်ပမှ အဝယ်တွင် အီရတ် ဝယ်လိုအားကြောင့် ဆန်ဈေးကွက် လှုပ်လှုပ်ရှားရှား ဖြစ်နေသည်။ 
ပြည်ပတင်ပို့ရန် ဆန်များ အလျှံပယ် ရှိကြောင်း ဆန်ကုန်သည်တို့က ရိုက်တာသတင်းဌာနကို ပြောကြားသည်။

ဗီယက်နမ်ဆန်
၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် အမျိုးအစား <RI-VNBKN5-P1> တစ်တန် ခေါ်ဈေး ယခင်အပတ်က $415-$420 ရှိခဲ့ပြီး ယခုသီတင်းပတ်တွင် $420-$425 သို့ မြင့်တက်သည်။
 "ပြည်ပမှ အဝယ်လိုက်လာတဲ့အခါ ရောင်းစရာ ဆန် အသင့်ရှိနေစေဖို့ ကုန်သည်တွေက လယ်သမားတွေထံမှ ဆန်တွေ ဝယ်နေကြတာ ပိုများလာတယ်" ဟု ကုန်သည်တစ်ဦးက ပြောကြားသည်။
ယခုနှစ် ဇန်နဝါရီလမှ မေလအထိ ၅ လတာအတွင်း ဗီယက်နမ်က ဆန်တန်ချိန် ၂.၈၆ သန်း တင်ပို့ခဲ့သည်။ တန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၃၉ ဘီလျံ ဖြစ်သည်။
ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် တန်ချိန်ပမာဏ ၁၀.၃% ပိုများသည်။ တန်ဖိုးပမာဏ ၁% လျော့နည်းသည်။

ဘင်္ဂလားဒေ့ရှ်ဆန်ဈေးကွက်
ပြည်တွင်းဆန်ဈေးများ ဆန်သစ်ပေါ်ချိန် ဈေးထိုးတက်သဖြင့် အစိုးရက ဈေးကစားသည့် လှောင်လက်များကို နိုင်ငံတစ်လွှား လိုက်လံဖော်ထုတ် အရေးယူနေသည်ဟု သတင်းထုတ်ပြန်သည်။

ပြည်တွင်းဆန်ဈေး တစ်ပတ်အတွင်း ၅% တက်သည်။ ဆန်လှောင်ပြီး ဆန်ရှားသည့်နှယ် ဖြစ်အောင်လုပ်ပြီး အမြတ်တင်ရောင်းရန် ကြိုးစားကြသည့် ဆန်ကုန်သည်များကြောင့် ဆန်ဈေးတက်နေသည်ဟု ဌာနဆိုင်ရာက အပြစ်တင်ပြောကြားသည်။

ယခုအပတ် အစောပိုင်းက ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာစီနာက တရားမဝင် ဆန်သိုလှောင်ခြင်းများကို ဖော်ထုတ်ရေးယူရန် ညွှန်ကြားထားပါသည်။

မြန်မာဆန်
 

ရန်ကုန်ဆိပ်ကမ်းတွင်

ဆန်တင်သည့် သင်္ဘောစာရင်း

မေလ ၂၈ မှ ဇွန်လ ၂ ရက်အထိ

သင်္ဘောအမည်

ဆန်တန်ချိန်

ASHICO VICTORIA

8,500

COHIBA

24,500

FU XING HAI

7,500

HANDY PERTH

27,000

OCEAN 29

6,650

TARSUS M

33,000

NEWS HUNTER

25,000


MyanmarIndustryGuide

Agriculture & Livestock Export, Import Read 408 times