အာရှနှင့်အာဖရိက ဝယ်လိုအားက အိန္ဒိယဆန်ဈေးနှုန်းကို ဆွဲတင်


06 May, 2022
  • အာရှနှင့်အာဖရိက ဝယ်လိုအားက အိန္ဒိယဆန်ဈေးနှုန်းကို ဆွဲတင်
  •  ဗီယက်နမ်ဆန်ဈေးတက်
  • ဘင်္ဂလားဒေ့ရှ် လှောင်လက်များကြောင့် ဆန်းဈေးတက်

အိန္ဒိယဆန်

အိန္ဒိယ ပြည်ပပို့ဆန်ဈေးနှုန်းကို အာရှနှင့် အာဖရိက ဝယ်လိုအားများက ဆွဲတင်သဖြင့် ဈေးတက်သည်။ ဗီယက်နမ်ဆန်ဈေးလည်း အထိုက်အလျောက် လိုက်တက်သည်။
 
 ဆန်တင်ပို့မှု ထိပ်တန်းနိုင်ငံ အိန္ဒိယ၏ ၅% ဆန်ကွဲပါ ပေါင်းဆန်အမျိုးမျိုး ခေါ်ဈေး တစ်တန် $363-$367  ဖြစ်လာသည်။ ယခင်အပတ်က တစ်တန်လျှင် $361-$365 သာ ရှိခဲ့သည်။

" ဆန်အမျိုးမျိုး အကုန်လုံး အာရှနှင့် အာဖရိက ထံမှ ဝယ်လုိအား ထက်သန်နေတယ်" ဟု အိန္ဒိယ ဆန်လုပ်ငန်း Olam ၏ တွဲဘက်ဉက္ကဋ္ဌ Nitin Gupta က ရိုက်တာသတင်းမီဒီယာသို့ ပြောကြားသည်။
ခေါ်ဈေး မြင့်တက်သော်လည်း ရူပီ မာနေသဖြင့် ကုန်သည်တို့ ငွေလဲနှုန်းကြောင့် အမြတ်မာဂျင် လျော့သည်။

ဘင်္ဂလားဒေ့ရှ် ဆန်ဈေးကွက်
ဘင်္ဂလားဒေ့ရှ် ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်သည်။ 
ဈေးကစားပြီး အမြတ်ထုတ်သည့် လှောင်လက်များကြောင့် ဆန်ဈေးတက်နေရသည်ဟု အာဏာပိုင်တို့က ပြောကြားသည်။ တင်းတင်းကျပ်ကျပ် အရေးယူမည်ဟုလည်း သတိပေးထားသည်။
 

ဗီယက်နမ်ဆန်
ဗီယက်နမ်ဆန် ၅% ဆန်ကွဲပါ ဆန်ဈေးနှုန်း ယခင်အပတ်က တစ်တန် $415 ဖြင့် ကမ်းလှမ်းခဲ့ပြီး ယခု $420 သို့ မြင့်တက်သည်။

ယခုနှစ် ပထမ ၄ လတွင် ဗီယက်နမ်ဆန် တင်ပို့မှု မြင့်တက်ပြီး တန်ချိန် ၂.၀၅ သန်းအထိ ရောက်ရှိသည်။ 

 

ထိုင်းဆန်
ကြာသပတေးနေ့ (မေလ ၅ ရက်) တွင် ထိုင်းဆန် ၅% ဆန်ကွဲပါ ဆန်ခေါ်ဈေး တစ်တန် $435-$445  ဖြစ်ပြီး ယခင်အပတ်က $432-$435 ရှိခဲ့သည်ဖြစ်ရာ ဈေးမြင့်တက်သည်။

"အီရတ်က အဝယ်လိုက်တယ်။ ဆန်သယ်ဖို့ သင်္ဘောတွေ လွှတ်ပေးတာလည်း များနေတယ်။ ဒီတော့ ဈေးကို ဆွဲတင်တယ်" ဟု ဘန်ကောက် အခြေစိုက် ကုန်သည်တစ်ဦးက ရိုက်တာသတင်းမီဒီယာကို ပြောကြားသည်။

အရှေ့အလယ်ပိုင်း နိုင်ငံများမှ ဆန်ကုန်သည်တို့က ဆန်ဝယ်လျှင် သင်္ဘောစေလွှတ်ပေးသဖြင့် ထိုင်းဆန်ကုန်သည်တို့ သင်္ဘောရှာရသည့် ကရိကထ၊ တန်ဆာခ မြင့်မားနေသည့် ဒုက္ခတို့ ကင်းဝေးသည်ဟု ဆန်ကုန်သည်များက ပြောပြကြသည်။
မုတ်သုန်မိုးရာသီ စတင်လျှင် ဈေးကွက်ထဲ ဆန်ပမာဏ လျော့ကျသွားလိမ့်မည်ဟု ကုန်သည်တစ်ဦးက ခန့်မှန်းပြောကြားသည်။

 

ရန်ကုန်ဆိပ်ကမ်းတွင်

ဆန်တင်သည့် သင်္ဘောစာရင်း

ဧပြီလ ၂၉ မှ မေလ ၆ ရက်အထိ

သင်္ဘောအမည်

ဆန်တန်ချိန်

MILIN KAMAK

22,800

MOMENTUM PHONIX

21,000

FOUR TURANDOT

28,000

VOGE JULIE

27,800

OCEAN 29

6,650


 

Agriculture & Livestock Export, Import Read 2324 times