အာရှမှာ  ဘီလျံနာ ၉၅၀ ကျော်ရှိ၊ အခြားဒေသအားလုံးထက် ဘီလျံနာဦးရေ ပိုမိုများပြား


07 October, 2022

အာရှမှာ  ဘီလျံနာ ၉၅၀ ကျော်ရှိ၊ အခြားဒေသအားလုံးထက် ဘီလျံနာဦးရေ ပိုမိုများပြား

 

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

 

Forbes ၏ အချိန်နှင့်တပြေးညီ ဘီလျံနာသူဌေးများစာရင်း Forbes Real-Time Billionaires List မှ လူပေါင်း ၂,၄၀၀ ကျော် ပိုင်ဆိုင်သည်တို့ကို ဒေသအလိုက် ခွဲခြမ်းစိတ်ဖြာကြည့်ပါက မြောက်အမေရိကတွင်  ကန်ဒေါ်လာ ၄.၇ ထရီလီယံရှိပြီး အာရှတွင် ကန်ဒေါ်လာ ၃.၅ ထရီလီယံနှင့် ဥရောပတွင် ကန်ဒေါ်လာ ၂.၄ ထရီလီယံရှိကြောင်း တွေ့ရသည်။

ဘီလျံနာ ဦးရေအရကြည့်လျှင် အာရှတွင် ဘီလျံနာဦးရေ ၉၅၁ ဦးရှိပြီး အခြားဒေသအားလုံးထက် သာလွန်နေပါသည်။  မြောက်အမေရိကတွင် ၇၇၇ ဦး နှင့် ဥရောပ ၅၃၆ ဦး ရှိသည်။
လူဦးရေကို ကြည့်လျှင် အာရှတွင် ကမ္ဘာ့လူဦးရေ၏ ၆၀% နေထိုင်သည်။ အမေရိကန်တွင် ၄% မျှသာ ရှိပြီး ဥရောပတွင် ၁၀% မျှသာ ရှိသည်။ လူဦးရေအရ အချိုးချကြည့်လျှင် မြောက်အမေရိကသည် ပထမနေရာတွင် ရှိနေသည်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးစာရင်းကို အမေရိကန်  စီးပွားရေးသမားများက နှစ်ကာလရှည်ကြာ ကြီးစိုးထားခဲ့သဖြင့် အမေရိကန်သည် ဘီလျံနာများအတွက် ဘူမိနက်သန်ဟု အထင်ကြီးစေခဲ့သည်။ အကယ်စင်စစ် ကျယ်ကျယ်ပြန့်ပြန့် လေ့လာဆန်းစစ်သည့်အခါ ထိုသို့ မဟုတ်ကြောင်း သိကြရသည်။ 

နိုင်ငံအလိုက် ကြည့်လျှင် အမေရိကန်သည် ဘီလျံနာ ၇၁၉ ဦးဖြင့် ထိပ်ဆုံးမှာ ရှိနေပြီး တရုတ်နိုင်ငံက ဘီလျံနာ ၄၄၀ ဦးဖြင့် ဒုတိယနေရာတွင် ရှိနေသည်။ အိန္ဒိယတွင် ဘီလျံနာတွင် ၁၆၁ ဦး ရှိသည်။ အာဆီယံတွင် ဘီလျံနာ ၁၁၄ ဦး ရှိသည်။ တိုင်ဝမ်တွင် ဘီလျံနာ ၄၅ ဦးနှင့် တောင်ကိုရီးယားတွင် ၂၈ ဦး ရှိသည်။ ဂျပန်တွင် ၂၇ ဦး ရှိသည်။

 

Credit Suisse  မှ စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည့်  Global Wealth Report တွင် ၂၀၀၀ မှ ၂၀၂၁ ခုနှစ်အထိ ကာလအတွင်း အိန္ဒိယမှ ထိပ်တန်းအချမ်းသာဆုံးသူကြွယ်များတွင် ပိုင်ဆိုင်မှု ၁၁ ဆ တိုးခဲ့ပြီး တရုတ်တွင် ၃၄ ဆ တိုးခဲ့သည်။ အမေရိကန်တွင် ၃.၆ ဆ တိုးခဲ့သည်။ ဂျပန်တွင် ၁.၂ ဆ တိုးခဲ့ပါသည်။
#MyanmarIndustriesGuide
 

Global News Read 369 times