ပြည်ပမှ အမှာစာများ လျော့ကျသဖြင့် အာရှ စက်ရုံများ ကုန်ထုတ်လုပ်မှုများ ကျဆင်း


05 November, 2023

ပြည်ပမှ အမှာစာများ လျော့ကျသဖြင့် အာရှ စက်ရုံများ ကုန်ထုတ်လုပ်မှုများ ကျဆင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

တောင်ကိုရီးယားနှင့် ဂျပန်နိင်ငံအတွက် S&P Global မှ ထုတ်ပြန်သည့် ထုတ်လုပ်ရေး စွမ်းဆောင်မှုကို ဖော်ပြပေးသော ပေါင်းစပ်ထားသည့် တစ်ခုတည်းသော အညွှန်းကိန်းဖြစ်သည့် ကုန်ထုတ်လုပ်မှု အညွှန်းကိန်း PMI™ အသီးသီးသည် ကြားနေအမှတ် ၅၀ အောက်သို့ ရောက်ရှိနေသည်။ ၅၀ အထက်သို့ ရောက်ရှိနေပါက လုပ်ကိုင်မှုများ ချဲ့ထွင်နေခြင်း ဖြစ်ပြီး ၅၀ အောက်ဆိုပါက ကျုံ့ဝင်နေခြင်း ဖြစ်သည်။

ဂျပန်အတွက် PMI သည် ၄၈.၇ ဖြစ်ပြီး တောင်ကိုရီးယားအတွက် PMI သည် ၄၉.၈ ဖြစ်ပါသည်။ ယခင်လနှင့် နှိုင်းယှဉ်ပါက အနည်းငယ်သာ အပြောင်းအလဲ ရှိသည်။ 

ငွေကြေးဖောင်းပွမှုနှုန်း အားကောင်းခဲ့သည်။
ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်နေရာ တစ်နှစ်တာအတွင်း အပြင်းထန်ဆုံးသို့ ရောက်ရှိခဲ့သည်။ အထူးသဖြင့် ရေနံနှင့် နှီးနွှယ်သော ကုန်ကြမ်းများ ဖြစ်သည်ဟု တောင်ကိုရီးယားအတွက် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဝမ် နှင့် ကန်ဒေါ်လာ ငွေလဲနှုန်းတွင် ဝမ်တန်ဖိုးကျသဖြင့် ပြည်ပမှ တင်သွင်းသည့် ကုန်ကြမ်းများအတွက် ကုန်ကျစရိတ်များ ပိုမြင့်မားစေသည်။


ရေနံဈေးနှုန်းများ စတင်ဈေးအေးလာစဉ် အာရှ စက်ရုံ အများအပြားတို့သည် ကုန်ကြမ်းကုန်ဈေးနှုန်း တည်ငြိမ်သွားခဲ့သဖြင့် အမြတ်အစွန်း ပိုမိုရရှိခိုက်မှာ အရှေ့အလယ်ပိုင်း ပဋိပက္ခ စစ်ပွဲစသဖြင့် ကုန်ကြမ်းဈေးနှုန်းများ မတည်မငြိမ် ပြန်ဖြစ်လာသည်။ 
အကယ်၍ ပဋိပက္ခစစ်ပွဲ ကျယ်ပြန့်လာလျှင် ရေနံစိမ်းဈေး ပြန်တက်လာနိုင်သည်။ 
အစိုးရ မူဝါဒ အတိုးနှုန်း မြင့်တက်နေသဖြင့် ကုန်ထုတ်လုပ်ငန်းများသည် ဘဏ်ချေးငွေ အတိုးနှုန်း မြင့်မားသဖြင့်  ချေးငွေအတွက် စရိတ်မြင့်မားနေစေသည်။ 


အာရှ၏ စီးပွားရေးကြယ်ပွင့် အိန္ဒိယသည်လည်း လေတန်လေပြင်း တိုက်ခတ်ခြင်းမှ မလွတ်ကင်းခဲ့ချေ။
PMI သည် ကြားနေအမှတ် ၅၀ အထက်မှာ ရှိသော်လည်း ၈ လတာတွင် အနိမ့်ကျဆုံးဖြစ်သည့် ၅၅.၅ သို့ လျှောဆင်းသွားခဲ့ပါသည်။
 အမှာစာ အသစ်များ ရရှိခြင်း၊ ကုန်ထုတ်လုပ်မှုနှင့် ပြည်တင်ပို့မှုတို့ အနည်းငယ် တိုးခဲ့သည်။

အရှေ့တောင်အာရှ နိုင်ငံများ အားလုံးနီးပါးသည် လုပ်ငန်းကြီးထွားရေးအတွက် ပြည်ပတင်ပို့မှုကို လုံလုံလောက်လောက် မရရှိကြသဖြင့် ပြည်တွင်းဈေးကွက်ဖြင့်သာ အားယူကြရသည်။ သို့ဖြစ်ရာ ကျုံ့ဝင်သွားကြသည်။
ဗီယက်နမ်၊ မြန်မာနှင့် ထိုင်းတို့အတွက် PMI ကျဆင်းသွားသည်။ မလေးရှားသည် မပြောင်းလဲခဲ့ချေ။ အင်ဒိုနီးရှားတစ်ခုတည်းသာ အောက်တိုဘာလတွင် စက်တင်ဘာလထက် ပိုကြီးထွားအောင် တိုးချဲ့နိုင်ခဲ့သည်။ သို့သော် ကြီးထွားနှုန်း နှေးပါသည်။

 
 ပုဂ္ဂလိက လုပ်ငန်း Caixin ၏ စစ်တမ်းအဆိုအရ ရပ်လိုက် ပြန်စလိုက် ပြန်ရပ်လိုက် လုံးလည်ချာလည် လိုက်နေသော တရုတ်နိုင်ငံမှာ ကုန်ထုတ်လုပ်ရေး လုပ်ကိုင်မှုများ စက်တင်ဘာလတွင် ၅၀.၆ ရှိခဲ့ပြီး အောက်နိုဘာလတွင် ၄၉.၅ သို့ ကျဆင်းခဲ့သည်။ ရက်ရှည် အလုပ်ပိတ်ရက် ရှိခဲ့ခြင်းနှင့် ဈေးကွက်ဝယ်လိုအား ကျဆင်းခြင်းတို့ကြောင့် စက်ရုံများမှ ကုန်ထုတ်လုပ်မှုများ လျော့ကျခဲ့သည်။

ထိုင်ဝမ်သည် အဆိုးများထဲမှ အကောင်းဖြစ်သည်။ PMI လျော့ကျနေသည်မှာ တစ်နှစ်ကျော် ရှိနေချိန်တွင် အောက်တိုဘာလတွင် PMI 47.6 ရရှိခဲ့သည်။ ၇ လတာအတွင်း ပထဆုံးအကြိမ် ဦးမော့ခြင်းဖြစ်ပြီး ကျဆင်းနေမှု အားပျော့သွားသည့် လက္ခဏာ ဖြစ်သည်။

တောင်ကိုရီးယားသည် အောက်တိုဘာလတွင် ပို့ကုန် ပြန်မြင့်တက်ခဲ့သည်။ ၂၀၂၂ ခုနှစ် အနှောင်ပိုင်းကာလ နောက်ပိုင်း ပထမဆုံးအကြိမ် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။


Source S&P Global

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Industry Reviews Read 146 times