ဇန်နဝါရီလ ရေနံစိမ်း အာရှတင်သွင်းမှု စံချိန်တင် မြင့်မား


12 February, 2023

ဇန်နဝါရီလ ရေနံစိမ်း အာရှတင်သွင်းမှု စံချိန်တင် မြင့်မား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

အာရှ၏ ရေနံစိမ်း တင်သွင်းမှုသည် ၂၀၂၃ ဇန်နဝါရီတွင် စံချိန်တင် မြင့်မားခဲ့သည်။
ကမ္ဘာ့အများဆုံး ဝယ်ယူသူ တရုတ်နိုင်ငံသည် ရေနံစိမ်း တင်သွင်းမှု လျော့ကျခဲ့သည်။

 အာရှ၏ ဇန်နဝါရီလတွင်  စုစုပေါင်းတင်သွင်းမှုသည် တစ်ရက် စည် barrels per day (bpd) ၂၉.၁၃ သန်းဖြစ်သည်။

၂၀၂၂ နိုဝင်ဘာလတွင် bpd ၂၉.၁၀ သန်း တင်သွင်းခဲ့ပြီး ဒီဇင်ဘာလတွင် bpd ၂၆.၂၂ သန်း တင်သွင်းခဲ့သည်ဟု Refinitiv Oil Research မှ အချက်အလက် ထုတ်ပြန်သည်။

 COVID-19 ပိတ်ဆို့ကန့်သတ်မှုများမှ တရုတ်နိုင်ငံ၏ ပြန်လည်ဖွင့်လှစ်မှုသည် ရေနံစိမ်းဝယ်လိုအားကို မြင့်တက်မည်ဟု ပြောဆိုရေးသားကြသော်လည်း ဇန်နဝါရီလတွင် မြင့်တက်ခဲ့ခြင်း မရှိချေ။
ဇန်နဝါရီလတွင် တရုတ်နိုင်ငံသည် bpd ၁၀.၉၈ သန်း တင်သွင်းခဲ့သည်။ ယခင်လများကို ကြည့်လျှင် နိုဝင်ဘာလတွင် bpd ၁၁.၄၂ သန်းကို လည်းကောင်း၊ ဒီဇင်ဘာလတွင် ၁၁.၃၇ သန်းကို လည်းကောင်း တင်သွင်းခဲ့သည်။ သို့ဖြစ်ရာ မြင့်တက်ခြင်းအစား တစ်လထက်တစ်လ လျော့ကျလာသည်ကို တွေ့ကြရသည်။
သို့ဖြစ်ရာ ရေနံစိမ်း တင်သွင်းမှုသည် မတ်လကျမှ စတင်ဖွယ် ရှိသည်။ 

တရုတ်နိုင်ငံ၏ ရေနံစိမ်းတင်သွင်းမှု အနည်းအများသည် တရုတ်နိုင်ငံရှိ ရေနံချက်စက်ရုံများမှ လောင်စာဆီ တင်ပို့မှုအပေါ်တွင်လည်း မူတည်နေသည်။

တရုတ်အစိုးရသည် ရေနံချက်လုပ်ငန်းများကို ဒီဇယ်နှင့် ဓာတ်ဆီကဲ့သို့သော လောင်စာဆီ တင်ပို့မှုအတွက် ခွဲတမ်းချပေးသည်။ 
စီးပွားရေး လုပ်ကိုင်မှုများ မြှင့်တင်ပေးရန် တရုတ်အစိုးရက ခွဲတမ်းများ တိုးမြှင့်ချပေးနေသည်။ သို့ဖြစ်ရာ လောင်စာဆီ တင်ပို့မှုကို အရှိန်မြှင့်ကာ အာရှတွင် လက်ရှိရရှိနေသော လောင်စာဆီအတွက် ခိုင်မာသော အမြတ်များကို တရုတ်ရေနံချက် လုပ်ငန်းများ သိမ်းပိုက်နိုင်ကြမည် ဖြစ်သည်။ ထို့အတွက် ကုန်ကြမ်းဖြစ်သည့် ရေနံစိမ်း ပိုမိုလိုအပ်လာမည်ဖြစ်ပြှီး ရေနံစိမ်း တင်သွင်းမှု မြင့်တက်လာနိုင်သည်။

တရုတ်နိုင်ငံသည် လောင်စာဆီတင်ပို့မှုတွင် အမြတ်များများရနေစေမည့် စျေးနှုန်းချိုသာသည့် ရေနံစိမ်းကို ဝယ်ယူရရှိနေသရွေ့ ရေနံချက် လုပ်ငန်းများသည် လောင်စာဆ‌ီကို အစွမ်းကုန် တင်ပို့ကြမည် ဖြစ်သည်။

လက်ရှိအခြေအနေတွင် စျေးနှုန်းချိုသာသည့် ရေနံစိမ်းမှာ ရုရှားရေနံစိမ်း ဖြစ်သည်။
 တရုတ်နိုင်ငံသည် ရုရှားနိုင်ငံမှ ဒီဇင်ဘာလတွင် bpd ၁.၅၂ သန်း တင်သွင်းခဲ့ပြီး ဇန်နဝါရီလတွင် bpd ၂.၀၃ သန်း တင်သွင်းခဲ့သည်။ ရုရှားရေနံစိမ်း တင်သွင်းမှု ပိုများလာခဲ့ရာ ဆော်ဒီအာရေဗျ ရေနံစိမ်း တင်သွင်းမှုထက် ကျော်လွန်သွားသည်။ ဇန်နဝါရီလတွင် တရုတ်နိုင်ငံသည် ဆော်ဒီအာရေဗျ ရေနံစိမ်း bpd ၁.၇၇ သန်း တင်သွင်းခဲ့သည်။
 
အာရှတွင် ရေနံစိမ်း ဒုတိယအများဆုံး တင်သွင်းသည့် အိန္ဒိယနိုင်ငံသည် ဒီဇင်ဘာလတွင် bpd ၄.၇၈ သန်း တင်သွင်းခဲ့ပြီး ဇန်န၀ါရီလတွင် bpd ၅.၂၉ သန်း စံချိန်တင် တင်သွင်းခဲ့သည်။
ထိုသို့ စံချိန်တင် တင်သွင်းခဲ့ရာတွင် တရုတ်နိုင်ငံနည်းတူ ရုရှားထံမှ အများဆုံး တင်သွင်းခဲ့သည်။ ဒီဇင်ဘာလတွင် bpd ၁.၁၉ သန်း တင်သွင်းခဲ့ပြီး ဇန်နဝါရီလတွင် bpd ၁.၃၃ သန်း တင်သွင်းခဲ့သည်။
ယူကရိန်းစစ်ပွဲမတိုင်ခင်က ရုရှားရေနံကို အနညါးငယ်သာ တင်သွင်းခဲ့သည်။ ယခုအခါ ဉရောပသို့ မတင်ပို့တော့သဖြင့် ဈေးကွက်ပျောက်ပြီး ဈေးကျနေသည့် ရုရှားရေနံစိမ်းကို အိန္ဒိယက တိုးမြှင့်တင်သွင်းနေသည်။

တောင်ကိုရီးယားသည် ဒီဇင်ဘာလတွင် bpd ၂.၈၅ သန်း တင်သွင်းခဲ့ပြီး ဇန်နဝါရီလတွင် bpd ၃.၁၁ သန်း တင်သွင်းခဲ့သည်။ 

စင်ကာပူသည် ဒီဇင်ဘာလတွင် bpd  ၉.၁ သိန်း တင်သွင်းခဲ့ပြီး ဇန်နဝါရီလတွင် bpd ၁.၆၅ သန်း တင်သွင်းသည်။

ဂျပန်သည် တရုတ်နိုင်ငံနည်းတူ တင်သွင်းမှု လေိာ့ကျခဲ့သည်။ ဒီဇင်ဘာလတွင် bpd  ၂.၉၆သန်း တင်သွင်းခဲ့ပြီး ဇန်နဝါရီလတွင် bpd ၂.၈၃ သန်း တင်သွင်းသည်။

 


Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 1098 times