အာဆီယံ ကုန်ထုတ်လုပ်မှု အခြေအနေများ နိုဝင်ဘာလတွင် ပို၍တိုးတက်လာ


01 December, 2021

အာဆီယံ ကုန်ထုတ်လုပ်မှု အခြေအနေများ နိုဝင်ဘာလတွင် ပို၍တိုးတက်လာ

IHS Markit အာဆီယံ ထုတ်လုပ်မှု PMI™ နိုဝင်ဘာလ ၂၀၂၁ အစီရင်ခံစာတွင် အာဆီယံ ကုန်ထုတ်လုပ်မှု အခြေအနေများ နိုဝင်ဘာလတွင် ပို၍တိုးတက်လာသည်ဟု ဆန်းစစ်သုံးသပ်ထားပါသည်။ 


အဓိက တွေ့ရှိချက်များ
PMI သည် ၅၂.၃ ဖြင့် တိုးတက်မှု နယ်ပယ်တွင် ဆက်ရှိနေခြင်း
ထုတ်လုပ်မှု၏တိုးတက်မှုနှုန်းမှာ အလုပ်သစ်များ ပိုမိုတိုးမြင့်လာနေသည့်အကြားတွင် စစ်တမ်း၏ စံချိန်နားသို့ ဆက်ချဉ်းကပ်လာနေခြင်း
အလုပ်နေရာများ ဇွန်လမှစ၍ အနည်းဆုံးကျဆင်းခဲ့ခြင်း


ဒေတာများကို ၂၀၂၁ နိုဝင်ဘာ ၁၂-၂၄ ရက်များတွင် စုစည်းခဲ့သည်။

အာဆီယံ ကုန်ထုတ်လုပ်ရေး ကဏ္ဍသည် အောက်တိုဘာလတွင် တိုးတက်မှုဘက်ကို ဦးမော့လာခဲ့သည့်နောက်မှာ IHS Markit ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း (PMI™) ဒေတာအရ နိုဝင်ဘာလအတွင်း တိုးတက်မှုနယ်ပယ်ထဲတွင် ဆက်ရှိနေပါသည်။

ထုတ်လုပ်မှုရော အော်ဒါသစ်များပါ ပို၍မြင့်တက်လာခဲ့ပြီး တိုးတက်မှုနှုန်းမှာမူ မသိမသာ အားပျော့သွားသော်လည်း မကြာမီက အမြင့်ဆုံးနေရာနားကို ချဉ်းကပ်လာခဲ့ကာ ကုမ္ပဏီများ၏ အလုပ်နေရာ ဖြတ်တောက်မှုများမှာ ငါးလအတွင်းမှာ အားအပျော့ဆုံးဖြစ်ခဲ့သည်။
အဓိကအကျဆုံး PMI သည် အမှတ် ၅၀.၀ အထက်တွင် ရှိနေခြင်းမှာ နိုဝင်ဘာလတွင် နှစ်လဆက်တိုက်ဖြစ်လာခဲ့သည်။ 
နောက်ဆုံး အညွှန်းကိန်းသည် အောက်တိုဘာစစ်တမ်း၏ ၅၃.၆ မှ နိုဝင်ဘာတွင် ၅၂.၃ သို့ ကျဆင်းသွားသော်လည်း မည်သို့ပင်ဆိုစေ မှတ်တမ်းများအရ အာဆီယံ၏ ကုန်ထုတ်လုပ်မှု အခြေအနေများထဲမှာ အမြန်ဆုံးတိုးတက်မှုများကို ညွှန်ပြနေပါသည်။

တိုးတက်မှုကို မြန်မာနိုင်ငံမှတပါး စစ်တမ်းတွင်အကျုံးဝင်သည့် အာဆီယံအဖွဲ့ဝင်နိုင်ငံခုနစ်နိုင်ငံတွင် တွေ့မြင်ခဲ့ရသည်။

အင်ဒိုနီးရှား
အင်ဒိုနီးရှားနိုင်ငံသည် PMI (၅၃.၉) ဖြင့် အမြင့်ဆုံးတိုးတက်မှုကို မှတ်တမ်းတင်ခဲ့ပြီး ကုန်ထုတ်လုပ်မှု အခြေအနေများ တဟုန်ထိုးတိုးတက်လာမှုကို အချက်ပြနေပါသည်။

မလေးရှား
မလေးရှားနိုင်ငံတွင်လည်း ၅၂.၃ တွင် ရှိနေသည့် အဓိကညွှန်းကိန်းက စံချိန်တင်နီးပါး တိုးတက်မှုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး စစ်တမ်းတွင် ပဉ္စမအမြင့်ဆုံး ဖြစ်လာလျက် ခြုံပြောရလျှင် ခိုင်မာသည့် ဦးမော့မှုကို ပြနေသည်။


ဗီယက်နမ်နှင့် ဖိလစ်ပိုင်
ဆက်လေ့လာကြည့်လျှင် ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့မှာပါ နိုဝင်ဘာလအတွင်း ပိုအားကောင်းသည့် တိုးတက်မှုကို မြင်တွေ့ခဲ့ရပါသည်။ ဗီယက်နမ်နိုင်ငံတွင် PMI သည် ၅၂.၂ ဖြင့် ခြောက်လအတွင်း အမြင့်ဆုံးဖြစ်လာကာ ဖိလစ်ပိုင်နိုင်ငံ၏ အဓိကအညွှန်းကိန်း (၅၁.၇) မှာမူ မတ်လမှစပြီး အမြင့်ဆုံးဖြစ်ပြီး လည်ပတ်မှု အခြေအနေများ အသင့်အတင့် တိုးတက်လာခြင်းကို အချက်ပြနေပါသည်။

စင်ကာပူ
တချိန်တည်းမှာပင် စင်ကာပူနိုင်ငံသည် စတုတ္ထ သုံးလပတ် အလယ်ပိုင်းတွင် ၎င်း၏ကုန်ထုတ်လုပ်ရေး ကဏ္ဍထဲက အခြေအနေ အခိုင်အမာ တိုးတက်လာနေခြင်းကို မှတ်တမ်းတင်ခဲ့သည်။ PMI (၅၂.၂) မှာ သုံးလအတွင်း အနိမ့်ဆုံးသို့ ထိုးကျသွားခဲ့သော်လည်း မည်သို့ပင်ဆိုစေကာမူ အသင့်အတင့် တိုးတက်မှုကို ပြနေသည့်နှုန်း ဖြစ်ပါသည်။ 

ထိုင်း
စက်မှုကဏ္ဍ၏ အခြေအနေ ဒသမဂဏန်းမျှ ဦးမော့လာခြင်းကို ညွှန်ပြရန် အဓိကအကျဆုံး အညွှန်းကိန်း ၅၀.၆ သို့ ကျဆင်းသွားသော်လည်း ထိုင်းနိုင်ငံလည်းပဲ နိုဝင်ဘာလအတွင်း ခိုင်မာသည့် တိုးတက်မှု ဆက်လက်ရှိနေခဲ့သည်။

မြန်မာ
နောက်ဆုံးအဖြစ် မြန်မာနိုင်ငံ၌မူ ရှိလာခဲ့သည့်အစဉ်ကို နိုဝင်ဘာလအတွင်း တွန်းလှန်ရန် ဆက်ကြိုးစားခဲ့သည်။ PMI သည် ကြားနေအမှတ် ၅၀.၀ ၏ အောက်မှာ ရှိနေကာ အခြေအနေများ ငါးလဆက်တိုက် ဆုတ်ယုတ်လာနေခြင်းကို အချက်ပြနေသော်လည်း ဇန်နဝါရီမှစပြီး အမြင့်ဆုံးအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ ၄၆.၇ တွင် ရှိနေသော နောက်ဆုံး အညွှန်းကိန်းက အသင့်အတင့် ကျဆင်းမှုကိုသာ ညွှန်ပြနေသည်။

အာဆီယံ 
ခြုံကြည့်လျှင် အာဆီယံ ကုန်ထုတ်လုပ်မှုကဏ္ဍသည် နိုဝင်ဘာလတွင် နာလန်ထူရန် ဆက်အားထုတ်ခဲ့သည်။ 
ထုတ်လုပ်မှုမှာ နှစ်လဆက်တိုက် တိုးလာခဲ့ပြီး တိုးတက်မှုနှုန်းမှာ အောက်တိုဘာလ၏ နှုန်းထက် မသိမသာ အားပျော့လာခဲ့ကာ ရရှိခဲ့သည့် အော်ဒါသစ်များ အခိုင်အမာ တိုးလာခဲ့ပါသည်။ 
သို့သော်လည်း အော်ဒါများရရှိမှုမှာ အောက်တိုဘာလတွင် မြင်တွေ့ခဲ့ရသည် များထက် အသင့်အတင့်မျှသာ တိုးလာခြင်းကို တွေ့ရှိနိုင်ပြီး ပြည်ပမှ ရရှိသည့် အော်ဒါများ သိသာစွာ ကျဆင်းလာမှုမှာ အကြောင်းရင်း တစ်ခုဖြစ်ပါသည်။
ကုန်စည် ထုတ်လုပ်ကြသူတို့သည် နိုဝင်ဘာလတွင် ၎င်းတို့၏ဝယ်ယူရေးလှုပ်ရှားမှုများကို ဆက်အရှိန်မြှင့်ခဲ့ကြသည်။ 
တိုးတက်မှုနှုန်းမှာ အောက်တိုဘာလ၏ မကြာမီ အမြင့်ဆုံးနှုန်းထက် မသိမသာ နည်းလာသော်လည်း ခြုံပြောရလျှင် အားကောင်းခဲ့ပါသည်။ ယင်းအတောအတွင်း ထုတ်လုပ်မှုအကြို လက်ကျန်စာရင်းများသည် သုံးလဆက်တိုက် မြင့်တက်လာခဲ့သည်။
တချိန်တည်းမှာပင် ကုန်ထုတ်စွမ်းအားဆိုင်ရာ ဖိအားပေးမှုများ သမိုင်းစဉ်အရအားကောင်းလျက် ရှိနေမြဲရှိနေဆဲဖြစ်ပြီး လက်ကျန်အလုပ်များ ရှေ့ဆက်တိုးလာမှုကို ထင်ဟပ်နေကာ မှတ်တမ်းထဲက တတိယအများဆုံး ဖြစ်လာခဲ့သည်။
အလုပ်အကိုင် ကျဆင်းမှုနှုန်းမှာ ငါးလအတွင်း အနည်းဆုံးဖြစ်ခဲ့ပြီး ဒသမဂဏန်းမျှသာ ရှိခဲ့သော်လည်း မည်သို့ပင်ဆိုစေ ကုမ္ပဏီများက အလုပ်နေရာများကို နိုဝင်ဘာလတွင် ဆက်ဖြတ်တောက်ခဲ့ရသည်။
နိုဝင်ဘာလ ဒေတာကပါ ပစ္စည်းပေးသွင်းမှုဆိုင်ရာ ပြဿနာများ ဆက်ရှိနေခြင်းကို ညွှန်ပြနေသည်။ 
သွင်းကုန်များကို ပေးသွင်းသည့် အချိန်များမှာ ထပ်ပြီးတိုးလာခဲ့သော်လည်း ဧပြီလမှစပြီး ကြန့်ကြာမှုများကို အနည်းဆုံးမြင်တွေ့ခဲ့ရပါသည်။
မည်သို့ပင်ဆိုစေကာမူ သွင်းကုန်ဈေးနှုန်းငွေကြေးဖောင်းပွနှုန်း လျော့ပါးလာသော်လည်း စစ်တမ်းသမိုင်းတစ်လျှောက် အမြန်ဆုံးနှုန်းဖြစ်သည့်အတွက်ကြောင်း ပစ္စည်းဖြည့်သွင်းမှုကန့်သတ်ချက်များက နိုဝင်ဘာလအတွင်း ကုမ္ပဏီများ၏ ကုန်ကျစရိတ်များကို တဖန်ထင်ဟပ်စေခဲ့ပါသည်။
သို့ဖြစ်၍ စက်ရုံများ၏ တိုက်ရိုက်ရောင်းဈေးများမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာမှစပြီး အများဆုံးနှုန်းဖြင့် တက်သွားခဲ့သည်။ 


သုံးသပ်ချက်
နောက်ဆုံး စစ်တမ်းရလဒ်များကို သုံးသပ်ဖေါ်ပြသွားရာတွင် IHS Markit မှ စီးပွားရေးပညာရှင် Lewis Cooper ပြောကြားသွားသည်မှာ-

"နိုဝင်ဘာလ၏ ဒေတာက အာဆီယံ ကုန်ထုတ်လုပ်ရေး ကဏ္ဍတစ်ဝန်း၌ ရှေ့ဆက်တိုးတက်မှုအစဉ်ကို ညွှန်ပြနေသည်။ 
PMI သည် အမှတ် ၅၀.ဝ အထက်တွင် ရှိနေခြင်းဖြင့် စက်ရုံထုတ်လုပ်မှုများ ဆက်တိုးလာမှုကြောင့် ကုန်ထုတ်လုပ်မှု အခြေအနေများ ထပ်တိုးတက်လာနေခြင်းကို အချက်ပြနေပြီး၊ တိုးတက်မှုနှုန်းမှာ အောက်တိုဘာလ၏ စစ်တမ်းတွင်း စံချိန်တင်နှုန်းမှ မသိမသာမျှ အားပျော့သွားခဲ့သည်။
"ဝယ်လိုအား အခြေအနေများလည်း အော်ဒါသစ်များ တစ်လပြီတစ်လ တိုးလာခြင်းက ထင်ဟပ်နေသည့်အတိုင်း နိုဝင်ဘာလတွင် အားကောင်းခဲ့ပါသည်။
အလုပ်သစ်များ တိုးလာသည့်နှုန်း ယခုလတွင် သိသိသာသာ အားပျော့သွားခဲ့ခြင်း၏ အကြောင်းရင်းတစ်ခုမှာ ပြည်ပတင်ပို့ရေး အော်ဒါပမာဏများ ကျဆင်းမှုလာမှုဖြစ်နိုင်သည်။
"ထို့အပြင် အဖွဲ့ဝင်နိုင်ငံ ခုနစ်နိုင်ငံအနက် မြန်မာနိုင်ငံထဲတွင်သာ နိုင်ဝင်ဘာလအတွင်း ကုန်ထုတ်လုပ်မှု အခြေအနေများ ကျဆင်းသွားခြင်းကို တွေ့ခဲ့ရသည်။ 
မြန်မာနိုင်ငံ၏ ကျဆင်းမှုနှုန်းသည်ပင် ဇန်နဝါရီလမှစပြီး အနည်းဆုံးသို့ လျော့ကျသွားခဲ့သည်။ တခြားနိုင်ငံများတွင်မူ အဓိကအားဖြင့်
တိုးတက်မှုကို ကျယ်ကျယ်ပြန့်ပြန့်တွေ့မြင်ရပြီး အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့က ကုန်ထုတ်လုပ်မှု အခြေအနေများ တိုးတက်မှု အများဆုံးနှုန်းကို ပြသခဲ့ကြသည်။
"ခြုံငုံပြောရလျှင် နောက်ဆုံး ဒေတာမှ အလားအလာကောင်းသော လက္ခဏာအချို့ကို ပြနေပြီး အာဆီယံ ကုန်ထုတ်လုပ်ရေး ကဏ္ဍသည်
ပြန်လည်ဦးမော့လာကာ ထုတ်လုပ်မှုနှင့် အလုပ်သစ်များ တိုးလာသည့်နှုန်းမှာ မကြာမီတုန်းက ၎င်းတို့၏ အမြင့်ဆုံး အဆင့်များဆီကို ချဉ်းကပ်လာနေကြပါပြီ။"


တွက်ချက်နည်း
IHS Markit အာဆီယံ ထုတ်လုပ်မှု PMI™ ကို အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံများမှ ထုတ်လုပ်သူ ၂,၁၀၀ ခန့်ပါဝင်သည့် အဖွဲ့များမှ ထည့်ကုန်ဝယ်ယူရေး မန်နေဂျာများထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများ အတွက် ရရှိသည့် ဖြေကြားချက်များအပေါ်အခြေခံပြီး IHS Markit မှ တွက်ချက်ပါသည်။ 
ယင်းနိုင်ငံများသည် အာဆီယံ ထုတ်လုပ်သူများ၏ ထပ်တိုး တန်ဖိုး ၉၈% ကို ထုတ်လုပ် ပေးကြပါသည် (ရင်းမြစ်- ကမ္ဘာ့ဘဏ်၏ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု အညွှန်းများ) ။
မေးမြန်းရန် ရွေးချယ်ခံရသူများကို GDP အား ထောက်ပံ့မှုအပေါ် အခြေခံပြီး အသေးစိတ်ကဏ္ဍနှင့် လုပ်သားအင်အား ပမာဏ အမျိုးမျိုး ပါဝင်အောင် ရွေးခဲ့ပါသည်။
စစ်တမ်းအတွက် ဖြေကြားချက်များကို လစဉ် ဒုတိယ လဝက်ပိုင်းမှာ ကောက်ခံခြင်းဖြစ်ပြီး ယခင်လနှင့်နှိုင်းယှဉ်ပြီးပြောင်းလဲမှုကို ညွှန်ပြပါသည်။
 စစ်တမ်း၏ ကိန်းရှင်တိုင်း အတွက် ပျံ့နှံ့မှု အညွှန်းကို တွက်ချက်ပါသည်။ အညွှန်းမှာ ‘ပိုမြင့်သည့်’ ဖြေကြားချက်များ၏ ရာခိုင်နှုန်းနှင့် ‘အပြောင်းအလဲမရှိ’ဟု ဖြေခဲ့ကြသူတို့၏ ရာခိုင်နှုန်း တစ်ဝက်ကို စုပေါင်းမှု ဖြစ်ပါသည်။ အညွှန်းများမှာ ၀ နှင့် ၁၀၀ အကြား ရှိနိုင်ပြီး ၅၀ အထက်တွင် ရှိနေပါက ခြုံပြောရလျှင် ယခင်လထက် တိုးတက်မှုကို ပြပြီး၊ ၅၀ အောက် ဆိုပါက ခြုံကြည့်လျှင် ကျဆင်းမှုကို ညွှန်ပြ ပါသည်။ ယင်းနောက်မှာ အညွှန်းများကို ရာသီအလိုက် ညှိပေးရပါသည်။ 
အာဆီယံ အညွှန်းများကို တစ်နိုင်ငံစီ၏ အညွှန်းများအား ချိန်ဆလျက် စုပေါင်း တွက်ယူပါသည်။ 
နိုင်ငံများအလိုက် ချိန်ဆမှုကို နှစ်စဉ် ထုတ်လုပ်မှု ထပ်တိုးတန်ဖိုးမှ တွက်ယူပါသည် (ရင်းမြစ်- ကမ္ဘာ့ဘဏ်၏ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု အညွှန်းများ)။
အဓိကအကျဆုံး ကိန်းဂဏန်းမှာ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း Purchasing Managers’ Index™ (PMI) ဖြစ်ပါသည်။
 PMI မှာ အောက်ပါ အညွှန်း ငါးခုတို့၏ ချိန်ဆတွက်ထားသည့် ပျမ်းမျှဂဏန်း ဖြစ်သည်-
 အော်ဒါသစ်များ (၃၀%)၊
ထုတ်လုပ်မှု (၂၅%)၊ 
အလုပ်နေရာ (၂၀%)၊
 ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ (၁၅%) နှင့် 
သိုလှောင်ထားသည့်ထည့်ကုန်များ (၁၀%)။ 

PMI ကို တွက်ချက်နိုင်ရန် ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ အညွှန်းကို အခြား အညွှန်းများနှင့် ယှဉ်ရနိုင်အောင် ဦးတည်ချက်ကို ပြောင်းပေးထားပါသည်။
ကောက်ယူထားသည့် စစ်တမ်း ဒေတာကို ထုတ်ပြန်မှု နောက်ပိုင်းတွင် ပြန်လည် ပြင်ဆင်ခြင်း မရှိသော်လည်း ရာသီအလိုက် ညှိပေးရမည့် အချက်များကိုမူ အချိန်အခါအလိုက် ညှိပေးနိုင်သောကြောင့် ရာသီအလိုက်ညှိထားသည့် စစ်တမ်း ဒေတာများအပေါ် သက်ရောက်မှု ရှိနိုင်ပါသည်။
ဒေတာများကို ၂၀၂၁ နိုဝင်ဘာ ၁၂-၂၄ ရက်များတွင် စုစည်းခဲ့သည်။
PMI စစ်တမ်းအား တွက်ချက်နည်းဆိုင်ရာ နောက်ထပ် အချက်အလက်များ အတွက် ကျေးဇူးပြုပြီး [email protected] သို့ ဆက်သွယ်ပါ။


IHS Markit အကြောင်း

IHS Markit (NYSE: INFO) သည် နိုင်ငံတကာ စီးပွားရေးများကို မောင်းနှင်ပေးကြသည့် အဓိက စက်မှုလုပ်ငန်းများနှင့် ဈေးကွက်များဆိုင်ရာ အရေးပါသည့် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများ အတွက် ကမ္ဘာ့ထိပ်သီး ကုမ္ပဏီ ဖြစ်ပါသည်။
 မိမိတို့၏ ကုမ္ပဏီသည် မျိုးဆက်သစ် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများကို စီးပွားရေးလုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် အစိုးရများရှိ သုံးစွဲသူများထံသို့ ပို့ပေးပြီး ၎င်းတို့၏ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးလျက် ပြည့်စုံစိတ်ချရသည့် ဆုံးဖြတ်ချက်များ ချမှတ်စေနိုင်ရန် နက်ရှိုင်းသည့် အတွင်းသဘောများကို တင်ပြပေးပါသည်။ 
IHS Markit ထံတွင် စီးပွားရေး လုပ်ငန်းများနှင့် အစိုးရအဖွဲ့များမှ သုံးစွဲသူ ၅၀,၀၀၀ ကျော် ရှိရာ Fortune Global 500 မှ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတကာထိပ်သီး ဘဏ္ဍာရေး အဖွဲ့အစည်းများ ပါဝင်ကြပါသည်။
IHS Markit မှာ IHS Markit Ltd. နှင့်/သို့မဟုတ် ၎င်းနှင့်ဆက်နွှယ်မှုရှိသည့် အဖွဲ့အစည်များ၏ မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ်  ဖြစ်ပါသည်။ အခြား ကုမ္ပဏီများနှင့် ထုတ်ကုန် အမည်များ အားလုံးတို့သည် သက်ဆိုင်ရာ ပိုင်ရှင်များ၏ အမှတ်တံဆိပ်များ ဖြစ်နိုင်ပါသည်။


PMI အကြောင်း

ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း (PMI™) စစ်တမ်းများကို ယခုအခါ နိုင်ငံပေါင်း ၄၀ ကျော်အပြင် ယူရိုဇုန်အတွင်းရှိ အထင်ကရ ဒေသများအတွက်ပါ ထုတ်ပြန်ပေးနေပါသည်။
 ၎င်းတို့မှာ ကမ္ဘာပေါ်တွင် အနီးကပ်ဆုံး စောင့်ကြည့်လေ့လာလျက်ရှိသည့် လုပ်ငန်းဆိုင်ရာ စစ်တမ်းများ ဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးအတွက် ထူးခြားသည့် အလားအလာများဆိုင်ရာ လစဉ် အညွှန်းများကို နောက်ဆုံး အချက်အလက်များနှင့်အညီ တိကျစွာ ညွှန်ပြပေးနိုင်စွမ်းကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဈေးကွက်များနှင့် လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ပေးကြသူတို့ အားကိုးကြရပါသည်။ 

 


 

Industry Reviews Read 416 times