အာဆီယံ ကုန်ထုတ်လုပ်ရေး အခြေအနေများ ဖေဖေါ်ဝါရီလတွင် ရှေ့ဆက် တိုးတက်လာ


01 March, 2023

အာဆီယံ ကုန်ထုတ်လုပ်ရေး အခြေအနေများ ဖေဖေါ်ဝါရီလတွင် ရှေ့ဆက် တိုးတက်လာ

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

 

၂၀၂၃ မတ်လ ၁ ရက်တွင် ထုတ်ပြန်သည့် S&P Global အာဆီယံ ကုန်ထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။


S&P Global အာဆီယံ ကုန်ထုတ်လုပ်မှု PMI

အာဆီယံ ကုန်ထုတ်လုပ်ရေး အခြေအနေများ ဖေဖေါ်ဝါရီလတွင် ရှေ့ဆက် တိုးတက်လာ

 

အဓိက တွေ့ ရှိချက်များ 

  • ထုတ်လုပ်မှုတွင်  ဦး‌မော့မှု အရှိန်ရလာခြင်း
  • အလုပ်နေရာများမှာ တိုးလာခြင်း
  • လေးလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များ တည်ငြိမ်နေခြင်း

(ဒေတာများကို ဖေဖော်ဝါရီလ ၁၀ - ၁၂ ရက်များတွင် စုစည်းခဲ့ပါသည်)

 


အာဆီယံ ထုတ်လုပ်ရေးကဏ္ဍက ထုတ်လုပ်မှုနှင့် အော်ဒါ အသစ်များတိုးလာခြင်းသည် အရှိန်ပိုကောင်းလာသောကြောင့် ထုတ်လုပ်ရေး အခြေအနေများ ဖေဖေါ်ဝါရီလတွင် ရှေ့ဆက် ထိုးတက်လာကြောင်း စစ်တမ်းဖြေဆိုသူတို့က အစီရင်ခံကြသည်။ ထို့ပြင် အလုပ်အကိုင်နေရာများမှာ ပြီးခဲ့သည့် အောက်တိုဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တိုးလာခဲ့သည်။

အားတက်စရာ ကောင်းသည်မှာ ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များ ဖေဖေါ်ဝါရီလတွင် တည်ငြိမ်လာခဲ့ပြီး ရာသီအလိုက် ချိန်ညှိထားသော အညွှန်းကိန်းမှာ နှစ်လဆက်တိုက် တိုးလာခဲ့ခြင်းဖြင့် ပစ္စည်းပေးသွင်းသူတို့၏ စွမ်းဆောင်ရည် ဆုတ်ယုတ်လာ‌နေခဲ့သည့် သုံးနှစ်ကြာ ဖြစ်စဉ်ကို အဆုံးသတ်လိုက်သည်။

အဓိကအကျဆုံး SP Gobal ထုတ်လုပ်မှု ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း (PMI™)သည် ဖေဖော်ဝါရီလ၌ တိုးမြှင့်ထုတ်လုပ်မှု နယ်ပယ်ထဲတွင် ၁၇ လ ဆက်တိုက် မှတ်တမ်းတင်ဖြစ်ခဲ့သည်။ ထို့အပြင် ကဏ္ဍတစ်ဝန်းက တိုးမြှင့်ထုတ်လုပ်မှု အရှိန်မှာ မကြာသေးမီက ဒီဇင်ဘာလတွင် နိမ့်ကျနေခဲ့ရာမှ မြင့်တက်လာခဲ့ပြီး အညွှန်းကိန်းမှာ ဇန်နဝါရီလ ၅၁.၀ မှ ၅၁.၅ သို့ တက်လှမ်းလိုက်သည်။ တိုးမြှင့်ထုတ်လုပ်မှုကို အာဆီယံ အဖွဲ့ဝင်နိုင်ငံအားလုံးတွင် နှစ်နိုင်ငံမှအပ တွေ့ခဲ့ရပြီး ထိုင်းနိုင်ငံဆိုလျှင် ဖေဖေါ်ဝါရီလတွင် တိုးမြှင့်ထုတ်လုပ်မှာ နှစ်လဆက်တိုက် ရှေ့ဆုံးမှ ဦးဆောင်နေသည်။

ထိုင်း ထုတ်လုပ်သူတို့၏ တိုးတက်မှုမှာ မှတ်တမ်းထဲတွင် ဒုတိယအမြန်ဆုံးနှုန်း ဖြစ်လာသည်။ (အညွှန်းကိန်း ၅၄. ၈)။

ဖိလစ်ပိုင် ထုတ်လုပ်သူတို့၏ ကဏ္ဍသည် ဒုတိယ အကောင်းဆုံး ထုတ်လုပ်မှု အခြေအနေများကို မှတ်တမ်းတင်ခဲ့ကြသည်။ တိုးတက်မှု အရှိန်မှာ  ခုနစ်လအတွင်း အမြင့်ဆုံးဖြစ်ခဲ့သော  ဇန်နဝါရီလ(၅၂.၇)ထက် မသိမသာ အားပျော့ လာခဲ့သော်လည်း သမိုင်းစဉ်အရ အားကောင်းလျက် ရှိနေပါသေးသည်။ 

ပူးတွဲလျက် တတိယနေရာတွင် ရှိနေကြသည့် အင်ဒိုနီးရှားနှင့် ဗီယက်နမ် နှစ်နိုင်ငံစလုံးမှ ထုတ်လုပ်မှု ကဏ္ဍများမှာ အသင့်အတင့် တိုးတက်မှုကို မှတ်တမ်းတင်ခဲ့ကြပြီး ၎င်းတို့၏ ဖေဖေါ်ဝါရီလ PMI မှာ ၅၁.၂ တွင် ရှိနေသည်။

ဤအတောအတွင်း မြန်မာနိုင်ငံသည် လုပ်ငန်း အခြေအနေများ ၉ လဆက်တိုက် ဆုတ်ယုတ်လာခဲ့ခြင်းနောက်မှာ ဖေဖေါ်ဝါရီတွင် (၅၀.၁) တိုးတက်မှုဆီ ပြန်ဦးမော့နိုင်ခဲ့သည်။

စင်ကာပူကမူ စစ်တမ်း၏ နောက်ဆုံး ၉ လအတွင်းမှာ ဒုတိယအကြိမ် အကျဘက်သို့ လျှောဆင်းသွားသည်။ ထုတ်လုပ်မှု အခြေနေများ ဆုတ်ယုတ်မှုမှာ အနည်းအကျဉ်းသာ(၄၉.၇)ဖြစ်ခဲ့သော်လည်း နောက်ဆုံး တစ်နှစ်ခွဲအတွင်း မြင်ခဲ့ရသည့် အားကောင်းခဲ့သော တိုးတက်မှုနှုန်းများနှင့်နှိုင်းစာလျှင် သိသာသည့် ကျဆင်းမှု ဖြစ်ပါသည်။

မလေးရှားနိုင်ငံမှာမူ အဖွဲ့ဝင် နိုင်ငံများထဲက အဆိုးဝါးဆုံး စွမ်းဆောင်ရည်ကို နှစ်လ ဆက်တိုက် ပြသခဲ့သည်။ စက်မှုကဏ္ဍ၏ အခြေအနေမှာ လွန်ခဲ့သော စက်တင်ဘာလမှစပြီး လစဉ် ကျဆင်းလာခဲ့သည်။ သို့သော်လည်း ၄၈.၄ တွင် ရှိနေသည့် နောက်ဆုံး. PMI က လေးလအတွင်း အားအပျော့ဆုံး ကျဆင်းခြင်းကို ဖေါ်ပြနေသည်။

 

အဓိကအကျဆုံး PMI က ဒီဇင်ဘာတွင် ၁၅-လအတွင်း အနိမ့်ဆုံးသို့ ထိုးကျသွားခဲ့သည့်နောက်မှာ အာဆီယံ ထုတ်လုပ်မှု ကဏ္ဍသည် ၂၀၂၃ ခုနှစ် ပထမ သုံးလပတ် အလယ်ပိုင်းတွင် ရှေ့ဆက် အားကောင်းလာပါသည်။ တိုးမြှင့်ထုတ်လုပ်မှုကို အဓိကအားဖြင့် မောင်းနှင်ပေးခဲ့သည်မှာ ထုတ်လုပ်မှု ပမာဏများ မြင့်တက်လာခြင်း ဖြစ်ပါသည်။ စက်မှု ကုန်ထုတ်လုပ်မှုမှာ နောက်ဆုံး လေးလအတွင်း အမြန်ဆုံး နှုန်းဖြင့် တိုးလာခဲ့ပြီး နောက်ဆုံး ဦးမော့လာခဲ့ခြင်းက တိုးမြှင့်ထုတ်လုပ် လာခဲ့သည့် လက်ရှိ ဖြစ်စဉ်ကို ၁၇ လ ဆက်တိုက်သို့ ဆွဲဆန့်ပေးလိုက်သည်။ ထို့ပြင် အော်ဒါ အသစ်များ ရရှိမူသည် နှစ်လဆက်တိုက် တိုးလာခဲ့ပြီး အရှိန်မှာ ပိုမြင့်လာခဲ့သည်။

 

ထုတ်လုပ်မှုတွင် ဦးမော့လာသည့်အလျောက် အလုပ်အကိုင်နေရာများမှာ ပြီးခဲ့သည့် အောက်တိုဘာလမှပြီး ပထမဆုံးအကြိမ်အဖြစ် မြင့်တက်ခဲ့သော်လည်း မသိမသာမျှသာ တိုးလာခဲ့သည်။ ယင်းအတောအတွင်း လက်ထဲ ကျန်ရှိနေသည့် (မပြီးသေးသော) အလုပ်များ၏ ပမာဏသည် ၅ လဆက်တိုက် ကျဆင်းလာခဲ့ပါသည်။

ဖြည့်စွက်ဖော်ပြရလျှင် ဖေဖော်ဝါရီ ဒေတာက အာဆီယံ ကုန်စည် ထုတ်လုပ်သူတို့ ဝယ်ယူမှုများကို ရှေ့ ဆက် တိုးမြှင့်ပြုလုပ်ခဲ့ခြင်းကို ညွှန်ပြနေပါသည်။ တိုးတက်မှု အရှိန်မှာ ငါးလအတွင်း အမြန်ဆုံး ဖြစ်လာပြီး အားကောင်းခဲ့သည်။ သို့သော်လည်း ထုတ်လုပ်မှုအကြိုနှင့် ထုတ်လုပ်မှုအပြီး လက်ကျန်ကုန်စာရင်း နှစ်ရပ်လုံးမှာ ဖေဖော်ဝါရီတွင် ကျဆင်းလာခဲ့ပြီး ထုတ်လုပ်မှုအပြီး လက်ကျန်စာရင်း ကျဆင်းမှုမှာ ၂၀၂၁ ဒီဇင်ဘာနောက်ပိုင်း ပထမဦးဆုံး အကြိမ်ဖြစ်ပါသည်။ ဝယ်ယူမှုများကို အရှိန်မြှင့်တင် တိုးမြှင့်ပြုလုပ်ခဲ့ကြသည့်တိုင်အောင် ကုမ္ပဏီများသည် ထုတ်လုပ်မှု ပမာဏများ ကောင်းစွာ တိုးလာခြင်းကို ဖြည့်ဆည်းပေးရန် လက်ရှိ သိုလှောင်ကုန်များကို မှီခိုနေရဆဲဖြစ်ကြောင်း ဒေတာက ညွှန်ပြနေပါသည်။

နောက်ဆုံး စစ်တမ်းထဲက အားတက်စရာ အကောင်းဆုံး ရလဒ်မှာ ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များ တည်ငြိမ်လာခြင်း ဖြစ်သည်။ ဖေဖေါ်ဝါရီ ဒေတာက ပစ္စည်းပေးသွင်းရေး ကွင်းဆက်များရှိ ဖိအားပေးမှုများ တည်ငြိမ်လာခဲ့ကြောင်းကို ညွှန်ပြနေရာ၌ ပစ္စည်းပေးသွင်းသူတို့၏ စွမ်းဆောင်ရည် ဆုတ်ယုတ်လာခဲ့သည့် ၃နှစ်ကာလကို အဆုံးသတ်လိုက်သည်။

ထို့အပြင် စရိတ်စကများဆိုင်ရာ ဖိအားများသည် ဖေဖေါ်ဝါရီလတွင် လျော့နည်းသွားပြီး ထည့်ကုန်ဈေးနှုန်းများ၏ ငွေကြေးဖောင်းပွမှုမှာ ရေရှည်ကာလအတွက် ပျမ်းမျှပမာဏအတိုင်း ဖြစ်ပါသည်။ ယင်းတချိန်တည်းမှာ ကုမ္ပဏီများသည် မိမိတို့၏ ရောင်းဈေးများကို ၁၃ လ အတွင်း အားအပျော့ဆုံး နှုန်းဖြင့် တိုးမြှင့်ခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ ပြည်ပမှ အလုပ်အော်ဒါ အသစ်များ ရရှိမှာ ဖေဖော်ဝါရီလတွင် ဆက်ပြီး ကျဆင်းလာခဲ့သောကြောင့် အာယီယံ ကုန်စည်မျာအတွက် နိုင်ငံတကာမှ ဝယ်လိုအားသည် အားနည်းလျက် ရှိနေသည်။

လာမည့် ၁၂ လအတွက် မှော်မှန်းချက်များမှာ ဖေဖေါ်ဝါရီလတွင် ထုတ်လုပ်သူတို့ အကြားမှာ အကောင်းမြင် သဘောကို ဆောင်နေဆဲဖြစ်ပါသည်။ သို့သော်လည်း သက်ဆိုင်ရာ အညွှန်းကိန်းမှာမူ ၁-လ အတွင်း အနိမ့်ဆုံးသို့ အားပျော့သွားခဲ့ပြီး ၄ လ ဆက်တိုက် သမိုင်းစဉ် ပျမ်းမျှထက် နိမ့်ကျနေပါသည်။

 

သုံးသပ်ချက်
အာဆီယံ ကုန်ထုတ်လုပ်မှု PMI ဒေတာကို သုံးသပ်လျက် S&P Global Market Intelligence မှ စီးပွားရေးပါရဂူ Manam Baluch ပြောကြားသွားသည်မှာ

"အာဆီယံ ထုတ်လုပ်ရေးကဏ္ဍက ဖေဖော်ဝါါရီလ အတွင်းမှာ ထုတ်လုပ်မှု အခြေအနေများ အရှိန်အဟုန်ဖြင့် တိုးတက်လာသည်ဟု အစီရင်ခံကြပါတယ်။ ထုတ်လုပ်မှုမှာ မှတ်တမ်းထဲက အမြန်ဆုံးနှုန်းဖြင့် တိုးလာခဲ့လို့ စက်မှုကဏ္ဍတစ်ဝှမ်းမှ တိုးမြှင့်ထုတ်လုပ်မှု နှုန်းမှာ ၄လအတွင်း အမြန်ဆုံး ဖြစ်လာပါတယ်။ စက်မှု အော်ဒါများပါ ပိုမြန်တဲ့ နှုန်းဖြင့် တိုးရလာခဲ့ပြီး အလုပ်အကိုင်နေရာများရဲ့ အရေအတွက်များ နာလန်ပြန်ထူလာနိုင်ပြီး ၄ လ အတွင်းမှာ ညပထမဆုံးအကြိမ်အဖြစ် မသိမသာ မြင့်တက်လာခဲ့ပါတယ်။

“လုပ်ငန်းဆိုင်ရာ တောင်းဆိုမှုများ အားကောင်းလာခြင်းကလည်း ကုမ္ပဏီများအား ၎င်းတို့ရဲ့  ဝယ်ယူမှုများကို ၅ လအတွင်းမှာ အများဆုံး နှုန်းဖြင့် ပြုလုပ်စေခဲ့ပြီး ထုတ်လုပ်မှု ပမာဏများ တိုးချဲ့ရန် တောင်းဆိုမှုကို ဖြည့်တင်းပေးရန် ကုမ္ပဏီများက ရှိနေတဲ့ သိုလှောင်ကုန်များကို အသုံးချခဲ့ကြပါတယ်။ ပေးသွင်းကုန်များပတွက် ပျမ်းမျှကြာမြင့်ချိန်များမှာ တည်ငြိမ်လာခဲ့ကြလို့ ပစ္စည်းပေးသွင်းမှုဆိုင်ရာ ဖိအားပေးမှုများ အားပျော့လာခြင်းသည် ၃၇ လအတွင်း ပထမဆုံးအကြိမ်အဖြစ် အားတကစရာ ကောင်းပါတယ်။ တစ်ချိန်တည်းမှာ ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများဟာလည်း ဇန်နဝါရီလထက် အားပျော့သွားပါတယ်။ 

"ခြုံပြောရလျှင် အာဆီယံ ထုတ်လုပ်ရေးကဏ္ဍဟာ ဖေဖော်ဝါရီလတွင် စွမ်းဆောင်ခဲ့ပုံမှာ အပေါင်းလက္ခဏာ သဘောဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ စီးပွားရေး အခြေအနေကို စိုးရိမ်နေရလို့ အကောင်းမြင်စိတ်မှာ အတော်ကလေး အားပျော့လျက် ရှိနေပါသေးတယ်"



 

Industry Reviews Read 196 times