၂၀၂၁  နိုဝင်ဘာလ အာဆီယံ မော်တော်ယာဉ်အသစ် ထုတ်လုပ်မှုနှင့် ရောင်းချမှု


31 December, 2021

၂၀၂၁  နိုဝင်ဘာလ အာဆီယံ မော်တော်ယာဉ်အသစ် ထုတ်လုပ်မှုနှင့် ရောင်းချမှု

အာဆီယံ မော်တော်ယာဉ် အသင်းချုပ်  Association of Southeast Asian Nations (ASEAN) Automotive Federation မှ ထုတ်ပြန်သော အချက်အလက်များအရ အင်ဒိုနီးရှားနိုင်ငံသည် ၂၀၁၁ နိုဝင်ဘာလမှာ အရှေ့တောင်အာရှ မော်တော်ယာဉ်အသစ် ဈေးကွက်တွင် အကြီးမားဆုံး ဈေးကွက်အဖြစ် ဆက်လက်ဗိုလ်စွဲထားပြီး မော်တော်ယာဉ် အသစ်စီးရေ ၈၇,၄၃၅ ရောင်းချခဲ့သည်။ ဒုတိယနေရာတွင်ထိုင်းနိုင်ငံ ရှိနေပြီး မော်တော်ယာဉ် အသစ်စီးရေ ၇၁,၇၁၆ ရောင်းချခဲ့သည်။ 
မလေးရှားနိုင်ငံသည် တတိယနေရာမှာ ရှိပြီး မော်တော်ယာဉ် အသစ်စီးရေ ၅၈,၇၄၂ ရောင်းချခဲ့သည်။ 

၂၀၁၁ နိုဝင်ဘာလမှာ အရှေ့တောင်အာရှ မော်တော်ယာဉ် ထုတ်လုပ်မှုတွင် အာဆီယံ မော်တော်ယာဉ် အသင်းချုပ်  Association of Southeast Asian Nations (ASEAN) Automotive Federation မှ ထုတ်ပြန်သော အချက်အလက်များအရ အများဆုံးမှာ ထိုင်းနိုင်ငံဖြစ်ပြီး စီးရေ ၁၆၅,၃၅၃ ထုတ်လုပ်ခဲ့သည်။ ဒုတိယအများဆုံးမှာ အင်ဒိုနီးရှားနိုင်ငံဖြစ်ပြီး စီးရေ ၁၁၀,၈၈၇ ထုတ်လုပ်ခဲ့သည်။ တတိယအများဆုံး ဖြစ်သော မလေးရှားနိုင်ငံဖြစ်ပြီး မော်တော်ယာဉ်စီးရေ ၅၈,၀၇၃ ထုတ်လုပ်ခဲ့ပါသည်။ 

၂၀၂၁ ဇန်နဝါရီလ မှ နိုဝင်ဘာလ အထိ ၁၁ လတာအတွင်း အာဆီယံဒေသတွင်း မော်တော်ယာဉ် ထုတ်လုပ်မှုစီးရေသည် ၃.၁၈ သန်း ဖြစ်ပြီး ယခင်နှစ် အလားတူကာလက ၂.၅၅ သန်း ထုတ်လုပ်ခဲ့သည်ဖြစ်ရာ ယခုနှစ်တွင် ၂၅% ပိုများခဲ့ပါသည်။
၁၁ လတာကာလအတွင်း မော်တော်ယာဉ်ရောင်းအားအနေဖြင့် အင်ဒိုနီးရှားသည် ယခင်နှစ်ဖက် ၆၆.၅% မြင့်တက်ခဲ့သည်။ 
အာဆီယံဒေသတွင်း မော်တော်ယာဉ် ရောင်းအားသည် ၁၁ လတာအတွင်း စီးရေ ၂.၄၆ သန်း ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလတွင် စီးရေ ၂.၁၃ သန်း ရောင်းချခဲ့သဖြင့် ယခုနှစ်တွင် ရောင်းအား ၁၅.၃%  မြင့်တက်ခဲ့ပါသည်။



အာဆီယံ မော်တော်ယာဉ်အသစ် ထုတ်လုပ်မှု အခြေပြဇယား (၂၀၂၁ ဇန်နဝါရီလ မှ နိုဝင်ဘာလအထိ)


အာဆီယံ မော်တော်ယာဉ်အသစ် ရောင်းချမှုနှင့် ထုတ်လုပ်မှု အခြေပြဇယား (၂၀၂၁ ဇန်နဝါရီလ မှ အောက်တိုဘာလအထိ

 

 

Industry Reviews Read 2332 times