တရုတ်သွင်းကုန်များအတွက် ဒေါ်လာတစ်ဘီလီယံခန့်ကို ယွမ်ဖြင့် အာဂျင်တီးနား ပေးဆောင်မည်


29 April, 2023

တရုတ်သွင်းကုန်များအတွက် ဒေါ်လာတစ်ဘီလီယံခန့်ကို ယွမ်ဖြင့် အာဂျင်တီးနား ပေးဆောင်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 


အာဂျင်တီးနားအစိုးရက  တရုတ်သွင်းကုန်များအတွက် ကန်ဒေါ်လာအစား ယွမ်ဖြင့် စတင်ပေးချေတော့မည်ဟု အစိုးရက ဗုဒ္ဓဟူးနေ့(ဧပြီ၂၆) တွင် ကြေညာခဲ့ပြီး နိုင်ငံ၏ ဒေါ်လာအရန်ငွေများ လျော့နည်းလာမှုကို လျှော့ချရန် ရည်ရွယ်သည်။

ဧပြီလတွင် တရုတ်သွင်းကုန်များအတွက် ဒေါ်လာတစ်ဘီလီယံခန့်ကို ဒေါ်လာအစား ယွမ်ဖြင့် ငွေပေးချေရန် ရည်မှန်းထားသည်။
ထိုနောက်ပိုင်း  လစဉ် သွင်းကုန် ဒေါ်လာ သန်း ၇၉၀ ဝန်းကျင်ကို ယွမ်ဖြင့်သာ ပေးချေတော့မည် ဖြစ်ကြောင်းအစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။

 အဆိုပါ ဆုံးဖြတ်ချက်သည်  ဒေါ်လာများ စီးထွက်မှုကို လျှော့ရန် ရည်ရွယ်သည်ဟု အာဂျင်တီးနား စီးပွားရေးဝန်ကြီး Sergio Massa က ပြောကြားသည်

သမိုင်းတွင်သည့် မိုးခေါင်မှုကြောင့် လယ်ယာထွက်ကုန် တင်ပို့မှု သိသိသာသာကျဆင်းလာချိန်တွင် တောင်အမေရိကမှ အာဂျင်တီးနားနိုင်ငံ
သည် ၎င်း၏ ဒေါ်လာအရန်ငွေများ လျော့နည်းနေသည်ကို  ရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့ ဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

သွင်းကုန်ပါမစ် ကျရန် အတွက် ပုံမှန် ရက် ၁၈၀ ကြာသော်လည်း ယွမ်ဖြင့် ပေးချေသည် ဆိုပါက ရက် ၉၀ ဖြင့် သွင်းကုန်ပါမစ် ရနိုင်မည်ဟု Massa က ပြောကြားသည်။
Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Export, Import Read 374 times