အာဂျင်တီးနား ပြည်တွင်းဘဏ်များ ယွမ်သုံးစွဲ


09 July, 2023

အာဂျင်တီးနား ပြည်တွင်းဘဏ်များ ယွမ်သုံးစွဲ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNE

 


• အာဂျင်တီးနားသည် ပြည်တွင်း ကူးသန်းရောင်းဝယ်ရေးဘဏ်များကို တရုတ်ယွမ်ငွေဖြင့် အပ်ငွေစာရင်းဖွင့်ရန် ခွင့်ပြုထားသည်။
.
• ကမ္ဘာကုန်သွယ်မှုတွင် အသုံးပြုသည့် အဓိက ငွေကြေးဖြစ်သည့် အမေရိကန် ဒေါ်လာသည် အာဂျင်တီးနားနိုင်ငံတွင် အလွန်အမင်း ပြတ်လပ်နေသည်ကို ရင်ဆိုင်နေရသည်။
.
• အာဂျင်တီးနား နိုင်ငံသုံးငွေ ပီဆိုသည် ၂၀၂၀ ပြည့်နှစ် အစကတည်းက အစိမ်းနှင့် ငွေလဲနှုန်း ကျဆင်းခဲ့ရာ ၈၀% နီးပါး ကျဆင်းသွားသည်။

အာဂျင်တီးနား ဗဟိုဘဏ်က ၎င်း၏ ၀က်ဘ်ဆိုဒ်တွင်  တရုတ်ယွမ်အား ငွေစုဆောင်းခြင်းနှင့် ချက်လက်မှတ်အကောင့်များတွင် ငွေကြေးတစ်မျိုးအဖြစ် ခွင့်ပြုထားကြောင်း အသိပေးကြေညာထားသည်။

ငွေချေးအာမခံစာချုပ်များကိုလည်း ယွမ်ဖြင့် ရောင်းချနိုင်သည်ဟု ဗဟိုဘဏ်က အသိပေးထားသည်။ 

အာဂျင်တီးနားသည် ယခင်က ဘဏ်စာရင်းများကို အမေရိကန်ဒေါ်လာဖြင့် စာရင်းဖွင့်ခွင့် ပေးထားပြီးသား ဖြစ်သည်။

ဧပြီလတွင်  တရုတ်နိုင်ငံမှ သွင်းကုန်များအတွက် ယွမ်ငွေဖြင့် စတင်ပေးချေခဲ့သည်။

 မကြာသေးမီက အာဂျင်တီးနားသည်  နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့သို့ ကန်ဒေါ်လာ ၂.၇ ဘီလီယံ ပေးချေခဲ့ရာ၌ အချို့အဝက်ကို ယွမ်ဖြင့် ပေးချေခဲ့သည်။

နိုင်ငံ၏ လယ်ယာထွက်ကုန်တင်ပို့မှုကို ထိခိုက်စေသည့် မိုးခေါင်ရေရှားမှု ဆက်တိုက်ဖြစ်ပေါ်နေသဖြင့် ဗဟိုဘဏ် ကန်ဒေါ်လာအရန်ငွေများသည် ၂၀၁၆ ခုနှစ်နောက်ပိုင်း  အနိမ့်ဆုံးသို့ ရောက်ရှိနေသည်။ သို့ဖြစ်ရာ ကန်ဒေါ်လာအစား ယွမ်ကို သုံးစွဲသည်။

အာဂျင်တီးနား လယ်ယာထွက်ကုန်တင်ပို့မှုတွင် ကန်ဒေါ်လာ ရရှိသည်။ လယ်ယာထွက်ကုန်တင်ပို့မှု လျော့ကျသောအခါ ကန်ဒေါ်လာ အရနည်းပါးလာသည်။ နောက်ဆုံး၌ ကန်ဒေါ်လာ ပြတ်လပ်သည်အထိ ဖြစ်လာသည်။ 

 ကန်ဒေါ်လာ ရှားပါးသဖြင့် နိုင်ငံသုံးငွေ ပီဆိုနှင့် ငွေလဲနှုန်းတွင် ကန်ဒေါ်လာဈေး မြင့်တက်သည်။ ပီဆို တန်ဖိုးကျသွားသည်မှာ ယခုနှစ်တွင် ၃၀% ကျဆင်းခဲ့သည်။
 
ယွမ်သို့ ပြောင်းလဲလိုက်ပြီးနောက် ပြည်တွင်း ငွေဈေးကွက်တွင် ဇွန်လ ပထမ ၁၀ ရက်တွင် ယွမ် အရောင်းအဝယ် ကန်ဒေါ်လာ ၂၈၅ သန်းဖိုး ရှိခဲ့သည်။
ကုမ္ပဏီ ၅၀၀ ကျော်တို့သည် သွင်းကုန်များအတွက် ယွမ်ဖြင့် ပေးချေကြသည်။

 ယွမ် သုံးစွဲမှု တွင်ကျယ်လာနေစဉ် အင်ဂျင်တီးနား နိုင်ငံရေးသမား သမ္မတလောင်း Javier Milei က နိုင်ငံသုံးငွေကို ကန်ဒေါ်လာ သုံးစွဲဖို့ အဆိုပြုသည်။ 
"ဆာဟာရ သဲကန္တာရထဲမှာ ပီဆိုက ရေခဲတွေလို အရည်ပျော်ကျနေတယ်"ဟု သူက ဆိုသည်။
Source markets businessinsider 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNE

Banking & Loan Read 302 times