မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းနှင့်ပတ်သက်၍ ထည့်သွင်းချုပ်ဆိုသင့်သည့်အချက်အလက်များအား အသိပေးအကြောင်းကြား


24 August, 2020

မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းနှင့်ပတ်သက်၍ စီးပွားရေးဆိုင်ရာစာချုပ်များ ချုပ်ဆိုရာ တွင် ထည့်သွင်းချုပ်ဆိုသင့်သည့် အချက်အလက်များအား မြန်မာအနုညာတ စီရင်ဆုံးဖြတ်ခြင်း ဗဟိုဌာန မှ အသိပေးအကြောင်းကြားထားပါသည်။ 

၁။ စီးပွားရေးလုပ်ငန်းအသီးသီးတွင် သက်ဆိုင်ရာစီးပွားရေး လုပ်ငန်းများအလိုက် ကုန်သွယ်ရေးလုပ်ငန်း များတွင်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင်လည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍများတွင်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းဆိုင်ရာစာချုပ်များ၊ ကတိကဝတ်များ၊ သဘောတူညီမှု များကို ကြိုတင်ချုပ်ဆို၍ ဆောင်ရွက်လျက် ရှိကြပါသည်။

၂။ ထိုသို့ချုပ်ဆိုကြရာတွင် ကတိကဝတ်များပျက်ကွက်ခြင်း၊ သဘောတူညီမှုများချိုးဖောက်ခြင်းများ ဖြစ်ပေါ်ပါက အနုညာတနည်းဖြင့် ဖြေရှင်းကြမည်ဆိုသည့်အချက်နှင့်အတူ အခြားနိုင်ငံများ၏ ဥပဒေနှင့်အခြားနိုင်ငံများတွင် ဖြေရှင်းရန်ဟူ၍သာ စီးပွားရေးဆိုင်ရာ စာချုပ်များတွင် ထည့်သွင်းချုပ်ဆိုခဲ့ရသဖြင့် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ကြ ရပါသည်။

၃။ ယခုအခါတွင် မြန်မာနိုင်ငံ၏ ၂၀၁၆ အနုညာတစီရင်ဆုံးဖြတ်ခြင်းဥပဒေနှင့်အတူ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၏ မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဌာနမှ အနုညာတစီရင်ဆုံးဖြတ်ခြင်း ဆိုင်ရာကိစ္စရပ်များကိုလည်းခုံရုံးဖွင့်၍ ဆောင်ရွက်ပေးနေပြီဖြစ်သဖြင့် စီးပွားရေးဆိုင်ရာ သဘောတူညီမှုများနှင့် စာချုပ်စာတမ်းများတွင် မြန်မာနိုင်ငံတွင်း မြန်မာအနုညာတဥပဒေ၊ မြန်မာဘာသာစကားဖြင့် ဖြေရှင်းရန် ထည့်သွင်းချုပ်ဆိုပါက ယခင်နိုင်ငံရပ်ခြားတွင်သွားရောက်ဖြေရှင်းရာတွင် ကြုံတွေ့ခဲ့ကြရသောအခက်အခဲများ အားလုံးကို ကျော်သွားနိုင်မည်ဖြစ်ပါသည်။

၄။ စီးပွားရေးဆိုင်ရာအငြင်းပွားမှုများကို မြန်မာနိုင်ငံတွင်းတွင် မြန်မာနိုင်ငံ၏ အနုညာတဥပဒေဖြင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ Myanmar Arbitration Centre (MAC)တွင် ဖြေရှင်းဆောင်ရွက်လိုပါက မိမိတို့ချုပ်ဆိုမည့် စီးပွားရေးဆိုင်ရာစာချုပ်များ သဘောတူညီချက်များတွင် အောက်ဖော်ပြပါ စာပိုဒ်များကို တိတိလင်းလင်း ထည့်သွင်းချုပ်ဆိုရန် လိုအပ်ပါကြောင်း အသိပေးအကြောင်းကြားအပ် ပါသည်။

(1) Any dispute arising out of (or) in connection with this contract or the breach, termination (or) invalidity there of shall be settled by Arbitration in accordance with the 2016 Myanmar Arbitration Law.

(2) Governing Law shall be Myanmar governing Law.

(3) The Language to be used in the arbitral proceeding shall be (Myanmar/English).

(4) The seat of Arbitration shall be Myanmar Arbitration Centre (MAC) Yangon Myanmar.

(5) The Appointing Authority shall be Myanmar Arbitration Centre (MAC) Yangon Myanmar.

ဆက်သွယ်ရန်

Telephone : +959 450 200 680

Email : [email protected]

 

 

Local News Tips Laws and Regulations Read 830 times