ဆော်ဒီ ရေနံစိမ်းအကြဲ အာရှဈေးနှုန်း အနည်းငယ် မြှင့်တင်


08 March, 2024

ဆော်ဒီ ရေနံစိမ်းအကြဲ အာရှဈေးနှုန်း အနည်းငယ် မြှင့်တင်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ထိပ်တန်းရေနံတင်ပို့သည့် ဆော်ဒီအာရေးဗီးယားသည် ၎င်း၏ အထင်ကရ Arab Light ရေနံစိမ်းအကြဲအတွက် ဧပြီလတွင် အာရှသို့ တရားဝင်ရောင်းချသည့်စျေးနှုန်း official selling price (OSP) ကို မြှင့်တင်သတ်မှတ်ပါသည်။

 

Saudi Aramco သည် OSP ကို အိုမန်/ဒူဘိုင်း ပျမ်းမျှ ဈေးနှုန်းနှင့် ကွာခြားချက်ဖြင့် လဆန်း ၅ ရက်မှာ တလကြိုတင် ကြေညာပေးပါသည်။

 ယခု မတ်လ ၅ ရက်နေ့တွင် လာမည့် ဧပြီလအတွင်း သင်္ဘောတင်မည့် ရေနံစိမ်း အမျိုးမျိုးအတွက် OSP များ ကြေညာခဲ့ရာ၌  Arab Light ရေနံစိမ်း အာရှ‌အတွက် ဈေးနှုန်းသည် တစ်စည်လျှင် အိုမန်/ဒူဘိုင်း ပျမ်းမျှဈေးနှုန်းအထက် ၁.၇၀ ကန်ဒေါ်လာဟု သတ်မှတ်ပါသည်။

မတ်လအတွက် ဈေးနှုန်းမှာ တစ်စည်လျှင် အိုမန်/ဒူဘိုင်း ပျမ်းမျှဈေးနှုန်းအထက် ၁.၅၀ ကန်ဒေါ်လာဟု သတ်မှတ်ထားသဖြင့် ဧပြီလအတွက် ဈေးအနည်းငယ် တက်သွားပါသည်။

 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Energy News Read 119 times