Apple Samsung နှင့် Xiaomi တို့ တရုတ်နိုင်ငံမှ ဗီယက်နမ်သို့ ပြောင်းရွှေ့ရောက်ရှိ


10 July, 2022

Apple Samsung နှင့် Xiaomi တို့ တရုတ်နိုင်ငံမှ ဗီယက်နမ်သို့ ပြောင်းရွှေ့ရောက်ရှိ


Apple ၊ Samsung နှင့် Xiaomi တို့သည် တရုတ် နိုင်ငံအပေါ်  မှီခိုအားထား‌ေနရခြင်းကို လျှော့ချရန် ကြိုးပမ်းနေသည့်အနေဖြင့် ၎င်းတို့၏ တပ်ဆင်လိုင်းများကို တရုတ်နိုင်ငံမှ ဗီယက်နမ်သို့ ပြောင်းရွှေ့လိုက်ကြသည်။

ဗီယက်နမ်နိုင်ငံသည် အဖွဲ့ဝင် ၁၀ နိုင်ငံပါ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) လွတ်လပ်သောကုန်သွယ်မှုအဖွဲ့ဝင်အနေဖြင့်လည်းကောင်း၊ အာရှနိုင်ငံများ၊ အီးယူ၊ အမေရိကန်တို့နှင့် ဦးစားပေးကုန်သွယ်မှု သဘောတူမှုများဖြင့်လည်းကောင်း ဗီယက်နမ်မှာ ထုတ်လုပ်တင်ပို့သော ပစ္စည်းများအပေါ်  သွင်းကုန်ခွန် ပေးဆောင်ရခြင်း သက်သာခွင့်ကို ကုန်ထုတ်လုပ်ငန်းများ ရရှိခြင်းက ဆွဲဆောင်မှု တစ်ရပ်ဖြစ်သည်။

ဗီယက်နမ်တွင်  Apple Inc. ၏ ပစ္စည်းများ ထုတ်လုပ်‌ေပး‌ေန သော တိုင်ဝမ်စီးပွားဖက်က ဦးစီးလုပ်ကိုင်သော စက်ရုံ ၁၁ ရုံအထိ ရှိနေပြီ ဖြစ်သည်။
ထိုစီးပွားဖက်များတွင်  Foxconn, Luxshare, Pegatron, Wistron တို့သည် ဗီယက်နမ်တွင် လုပ်ငန်းတိုးချဲ့လျက် ရှိကြသည်။

Apple စီအီးအိုက Tim Cook က မေလတွင် ဗီယက်နမ် ပစွစည်းပေးသွင်းသူများကို ပိုမိုသုံးစွဲသွားမည်ဟု ပြောကြားခဲ့သည်။
သီတင်းပတ် အနည်းငယ်ကြာပြီးချိန်တွင် iPad ထုတ်လုပ်သည့်လုပ်ငန်းကို တရုတ်ပြည်မှ ဗီယက်နမ်သို့ ပြောင်းရွှေ့ခဲ့သည်။
AirPods Pro 2 ကြိုးမဲ့နားဖတ်ကိုလည်း ၂၀၂၂ ဒုတိယ နှစ်ဝက်တွင် တရုတ်ပြည်မှ ဗီယက်နမ်သို့ ပြောင်းရွှေ့ထုတ်လုပ်ရန် စီစဉ်နေသည်။

တရုတ်နိုင်ငံ Covid-19 လော့ဒေါင်းများကြောင့် တရုတ်ပြည်မှ ဗီယက်နမ်သို့ ပြောင်းရွှေ့မှုများ ပိုများလာခဲ့သည်။

တောင်ကိုရီးယားမှ Samsung က အမေရိကန်ဒေါ်လာ သန်း ၂၂၀ ရင်းနှီးမြှုပ်နှံသည့် သုတေသနနှင့် ဖွံဖြိုးရေးဌာနကို ဗီယက်နမ်နိုင်ငံ ဟံနွိုင်မြို့တွင် တည်ဆောက်ခဲ့ရာ မကြာသေးခင်က ပြီးစီးခဲ့သည်။ အရှေ့တောင်အာရှတွင် Samsung ၏ အကြီးမားဆုံး သုတေသနနှင့် ဖွံဖြိုးရေးဌာနဖြစ်ပါသည်။

Samsung  အထင်ကရဂုဏ်ဆောင် ခေါက်ဖုန်းနှင့် ချိုးဖုန်းဖြစ်သော  Galaxy Z Fold နှင့်  Galaxy Z Flip တို့ကို ဗီယက်နမ်မှာ ထုတ်လုပ်ခဲ့ပါသည်။

ယမန်နှစ်က ဗီယက်နမ်မှာ ထုတ်လုပ်သည့် ပစ္စည်းတွေ ရောင်းရငွေ ကန်ဒေါ်လာ ၇၄.၂ ဘီလျံ ရှိကြောင်း Samsung က ထုတ်ပြန်ပါတယ်။ ၂၀၂၀ ခုနှစ်ဖက် ၁၆ ရာခိုင်နှုန်း ပိုမျာကြောင်း ပြောကြားခဲ့ပါတယ်။ 



မြောက်ပိုင်း Bac Ninh ပြည်နယ်ရှိ Samsung စက်ရုံ

 

တရုတ်စမတ်ဖုန်း brand ဖြစ်သော  Xiaomi သည်လည်း ထုတ်လုပ်မှုအချို့ကို ဗီယက်နမ်သို့ ပြောင်းရွှေ့ခဲ့ပါသည်။ ‘made-in-Vietnam’ စမတ်ဖုန်းများ ဈေးကွက်ထဲသို့ စတင်ရောက်ရှိနေပြီ ဖြစ်ပါသည်။ 
Xiaomi ရဲ့ ဗီယက်နမ်လုပ်ငန်းကဏ္ဍကို ဟောင်ကောင်အခြေစိုက် DBG Electronics Investment Limited ၏ လက်အောက်ခံ လုပ်ငန်းခွဲ DBG Technology က တာဝန်ယူ လုပ်ကိုင်ပေးပါသည်။ ကန်ဒေါ်လာ သန်း ၈၀ ရင်းနှီးမြှုပ်နှံပြီး စက်ရုံအသစ်တစ်ရုံကို ဗီယက်နမ်မြောက်ပိုင်း Thai Nguyen ပြည်နယ်မှာ ဆောက်လုပ်ခဲ့ပါသည်။ 

ပေးပို့စရိတ်စကများ၊ လောဂျစ္စတစ်ကုန်ကျစရိတ်များ မြင့်တက်တာကြောင့်  Xiaomi ၏ အရှေ့တောင်အာရှဈေးကွက်အတွက် ထုတ်လုပ်မှုများ နှောင့်နှေးနေကြောင်း တရုတ်သတင်းဌာန Global Times ကို Xiaomi ပြောရေးဆိုရေးတာဝန်ခံက ပြောကြားခဲ့ပါသည်။ 
ဗီယက်နမ်က တရုတ်ပြည်နှင့် နှိုင်းယှဉ်ရင် လုပ်သားခ သက်သာတာဟာ အားသာချက် တစ်ခု ဖြစ်ပါသည်။ တရုတ်ပြည်မှာ လုပ်သားတစ်ဦး တစ်လဝင်ငွေ ယွမ် ၇,၀၀၀  ($1,044) ရရှိပါသည်။ ဗီယက်နမ်မှ လုပ်သားတစ်ဦးထက် ၂ ဆ ရရှိခြင်း ဖြစ်ပါတယ်။ 

ဗီယက်နမ်မှာ မြေဈေးကလည်း မြင့်တက်လာနေပါသည်။ ဟိုချီမင်းစီတီး စက်မှုနယ်မြေမှာ တစ်စတုရန်းမီတာကို  $198 ဈေးပေါက်ပသည်။ ဟနွိုင်မြို့မှာ တစ်စတုရန်းမီတာ $140  ပေါက်ဈေးရှိနေပြီး ဒါနမ်စီတီးမှာတော့ $80 ပေါက်ဈေးကြောင်း အိမ်ခြံမြေလုပ်ငန်း အတိုင်ပင်ခံ Cushman Wakefield က ဆိုပါသည်။ 

ဗီယက်နမ်ကို တပ်ဆင်ရေးစက်ရုံတွေ ပြောင်းရွှေ့လုပ်ကိုင်ကြပေမယ့် လိုအပ်သည့် အစိတ်အပိုင်းများကို တရုတ်ပြည်ထံမှ ရယူကြရပသည့်အတွက်ကြောင့် တရုတ်ပြည်မှာ လော့ဒေါင်းကျလျှင် ဗီယက်နမ်ရှိ တပ်ဆင်ရေးစက်ရုံများအတွက် အစိတ်အပိုင်းတွေ ရောက်မလာတော့သည့် ပြဿနာ ရှိနေဆဲ ဖြစ်ပါသည်။

#MyanmarIndustryGuide
Telegram Channel
https://t.me/Guid4U
Source:e.venexpress

 

Investment/Divestment Read 627 times