ANZ ဘဏ်လုပ်ငန်း မြန်မာမှ ထွက်ခွာရန် ဆုံးဖြတ်


23 November, 2022

ANZ ဘဏ်လုပ်ငန်း မြန်မာမှ ထွက်ခွာရန် ဆုံးဖြတ်

 

Australia and New Zealand Banking Group ၏  ANZ ဘဏ်လုပ်ငန်းသည် မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်အစောပိုင်းတွင်လည်ပတ်မှုရပ်ဆိုင်းရန်  ခွင့်ပြုချက်တောင်းခံထားကြောင်း ကြေညာချက် ထုတ်ပြန်ပါသည်။


လွန်ခဲ့သည့်လများအတွင်း လုပ်ငန်းလည်ပတ်မှု ခက်ခဲရှုပ်ထွေးလာခြင်းကြောင့် အခြေအနေ အရပ်ရပ်အပေါ် စဉ်းစားသုံးသပ်ပြီး မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်ချက် ချခဲ့ပါသည်။


ANZ သည် မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်မှစတင်၍ လုပ်ငန်းလည်ပတ်ခဲ့ပြီး ပြည်တွင်းနှင့် နယ်စပ်ဖြတ်ကျော် ငွေရေးကြေးရေး ကိစ္စရပ်များကို နိုင်ငံတကာ ကုမ္ပဏီ အဖွဲ့အစည်းများအတွက် ဝန်ထမ်းများ လစာပေးအပ်ခြင်းကဲ့သို့သော ဝန်ဆောင်မှုများ ပေးအပ်ပါသည်။ ကြီးကြီးမားမား လုပ်ငန်းအနေဖြင့် မဟုတ်ဘဲ ဝန်ထမ်းအနည်းငယ်ဖြင့် လုပ်ကိုင်ပါသည်။
Source marketscreen

Banking & Loan Read 175 times