ချက် (ခ်) သံအမတ်ကြီးမှ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေး


15 May, 2019

မြန်မာနိုင်ငံဆိုင်ရာ ချက်(ခ်) သံရုံးမှ သံအမတ်ကြီးဖြစ်သူ H.E. Mr. Jaroslav Dolecek က နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးအတွက် ယမန်နေ့က ကုန်သည်စက်မှုအသင်းချုပ်မှာ အသင်းချုပ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးနဲ့ တွေ့ဆုံပြီး ဆွေးနွေးခဲ့တယ်လို့ ကုန်သည်စက်မှုအသင်းချုပ်မှ သိရပါတယ်။

 မေလကုန်ပိုင်းမှာ ချက် (ခ်) သမ္မတနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များကို သံအမတ်ကြီးမှ ဦးဆောင်ကာ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိတယ်လို့ သိရှိရပါတယ်။

မြန်မာနိုင်ငံကို လာရောက်တဲ့ခရီးစဉ်အတွင်း ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးကို သွားရောက်ပြီး မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိကကဏ္ဍမှ စီးပွားရေးလုပ်ငန်းရှင်များနဲ့ တွေ့ဆုံကာ စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်ရန်၊ နှစ်နိုင်ငံကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုများ ရေရှည်တိုးမြှင့်ဆောင်ရွက်သွားရန်ရှိတယ်လို့ သံအမတ်ကြီးမှ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များကိုလည်း ဇွန်လ လဆန်းမှာ ချက် (ခ်) သမ္မတနိုင်ငံကို ဖိတ်ခေါ်ပြီး ချက် (ခ်) လုပ်ငန်းရှင်များနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့အတွက် စီစဉ်ထားတယ်လို့ သိရပါတယ်။

ချက် (ခ်) သံအမတ်ကြီးမှ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌနဲ့အတူ အသင်းချုပ်မှ တာဝန်ရှိသူများကိုလည်း တက်ရောက်နိုင်ဖို့အတွက် ဖိတ်ခေါ်ခဲ့ပါတယ်။

UMFCCI

Local News Read 361 times