Amazon ကို ဗီယက်နမ် စက်မှုလုပ်ငန်းရှင်က ဒေါ်လာ သန်း ၂၈၀ ရလိုမှု တရားစွဲ


17 December, 2022

Amazon ကို ဗီယက်နမ် စက်မှုလုပ်ငန်းရှင်က ဒေါ်လာ သန်း ၂၈၀ ရလိုမှု တရားစွဲ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Amazon သည် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့အခြေစိုက် ဗီယက်နမ် စက်မှုလုပ်ငန်း Gilimex က အမေရိကန်ဒေါ်လာ သန်း ၂၈၀ ရလိုမှုဖြင့် တရားစွဲဆိုထားသည်ကို ရင်ဆိုင်နေရသည်။
.
 Gilimex က ကုန်ထုတ်စွမ်းရည်မြှင့်တင်ရန် ရင်းနှီးမြှုပ်နှံပြီးနောက် အမေရိကန်နည်းပညာကုမ္ပဏီကြီး Amazon သည် အမှာစာများကို လျှော့ချလိုက်သဖြင့် နစ်နာရသည့်အတွက် တရားစွဲဆိုခြင်းဖြစ်ကြောင်း Bloomberg က သတင်းဖော်ပြခဲ့သည်။
.
 နယူးယောက်ပြည်နယ် တရားရုံးချုပ်တွင် Amazon Robotics ကို တရားစွဲဆိုထားခြင်း ဖြစ်သည်။
.
Amazon နှင့် ၂၀၁၄ မှ ၂၀၂၂ ခုနှစ်အထိ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု Gilimex က ဆိုသည်။ Amazon နှင့် သဘောတူ စာချုပ် ချုပ်ဆိုပြီးသောအခါ Amazon အတွက် လုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ရန် Gilimex က အမေရိကန်ဒေါ်လာ သန်းချီ ရင်းနှီးမြှုပ်နှံခဲ့သည်။ လုပ်သားဦးရေ ၇,၀၀၀ အလုပ်ခန့်ခဲ့သည်။
 .
ကိုဗစ်လွန်ကာလတွင် လူအများတို့ အွန်လိုင်းမှာ ဈေးဝယ်သည့် ပမာဏ သိသိသာသာ လျော့ကျသွားသဖြင့် ၂၀၂၂ မေလနှင့် ဇွန်လ ၂ လ ဆက်တိုက် Gilimex အတွက် အမှာစာများကို Amazon က လျှော့ချခဲ့သည်။ 
Gilimex သည် Amazon ၏ ယခင်အမှာစာ ပမာဏကို ဖြည့်ဆည်းပေးနိုင်ရန် ဦးစားပေးခဲ့ပြီး Ikea နှင့် Columbia Sportswear တို့ထံမှ အော်ဒါများကို ငြင်းပယ်ခဲ့သည်။
Gilimex က သိုလှောင်ရုံတွင် ပစ္စည်းများထည့်ရန်သုံးသည့် အဝတ်အိတ်ကြီးများကို Amazon Robotics အတွက် ထုတ်လုပ်ပေးသည်။ Amazon Robotics တင်သွင်းသည့် အဝတ်အိတ်ကြီးများ၏ ၅၀% ကျော်ကို Gilimex ထံမှ ရယူခဲ့သည်။
Amazon က ကတိကဝတ် မလိုက်နာဘဲ အမှာစာများ ၂ လ ဆက်တိုက်လျှော့ချပြီးချိန်တွင် Gilimex ၏ သုံးလပတ်ဝင်ငွေ ၈၃% လျော့ကျသွားခဲ့သည်။
Source techasia
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Global News Investment/Divestment Read 286 times