တရုတ်ဖိနပ်ကုမ္ပဏီ Alvin Sukali မြန်မာမှ ကမ္ဘောဒီးယားသို့ ထုတ်လုပ်မှုပြောင်းရွှေ့


17 March, 2023

တရုတ်ဖိနပ်ကုမ္ပဏီ Alvin Sukali မြန်မာမှ ကမ္ဘောဒီးယားသို့ ထုတ်လုပ်မှုပြောင်းရွှေ့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တရုတ်ရှူးဖိနပ်ကုမ္ပဏီ Alvin Sukali သည် မြန်မာနိုင်ငံမှ ကမ္ဘောဒီးယားသို့ ပြောင်းရွှေ့မည်ဟု Khmer Times တွင် သတင်းဖော်ပြသည်။

အလုပ်သမားနှင့် အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေး ဝန်ကြီးဌာနဝန်ကြီး Ith Samheng ကို Alvin Sukali ဒါရိုက်တာဘုတ်အဖွဲ့ ဥက္ကဋ္ဌ Hu Zhaohui က သွားရောက်တွေ့ဆုံခဲ့သည်။

 

Alvin Sukali ဒါရိုက်တာဘုတ်အဖွဲ့ ဥက္ကဋ္ဌ Hu Zhaohui (ဝဲ) နှင့် အလုပ်သမားနှင့် အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေး ဝန်ကြီးဌာနဝန်ကြီး Ith Samheng (ယာ)

 

ကမ္ဘောဒီးယားနိုင်ငံ Kampong Speu ပြည်နယ်တွင် ရှူးဖိနပ်ချုပ်စက်ရုံ ထားရှိမည်ဖြစ်ပြီး အလုပ်အကိုင် ၁,၀၀၀ ကျော် ဖန်တီးပေးမည် ဖြစ်သည်။

စက်ရုံသည် တစ်လလျှင် ရှူးဖိနပ်အရံ ၇၀,၀၀၀ ကျော် ထုတ်လုပ်ရန် ရည်မှန်းထားသည်။

၎င်းရှူးဖိနပ်များကို ဥရောပနှင့် အမေရိကန် ဈေးကွက်များသို့ တင်ပို့မည်။
 Source Khmer Times
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Investment/Divestment Read 663 times