လေကြောင်းလိုင်းများ ဒေါ်လာငွေလဲနှုန်း ကျပ် ၃,၀၀၀ နှင့်အထက် သတ်မှတ်


31 August, 2022

လေကြောင်းလိုင်းများ ဒေါ်လာငွေလဲနှုန်း ကျပ် ၃,၀၀၀ နှင့်အထက် သတ်မှတ်

 

နိုင်ငံပိုင် လေကြောင်းလိုင်း မြန်မာအမျိုးသားလေကြောင်း Myanmar National Airlines (MNA)က အမေရိကန်ဒေါ်လာ ငွေလဲနှုန်းကို ကျပ် ၃,၀၀၀ ဖြင့် ပေးသွင်းရန် အရောင်းကိုယ်စားလှယ်များသို့ အသိပေး အကြောင်းကြားထားပါသည်။ 

AIR KBZ ကလည်း အမေရိကန်ဒေါ်လာ ငွေလဲနှုန်းကို ကျပ် ၃,၀၅၀ သတ်မှတ်ကြောင်း အသိပေးအကြောင်းကြားထားပါသည်။

အဆိုပါ အသိပေးအကြောင်းကြားစာများကို ဖော်ပြအပ်ပါသည်။


နေ့စွဲ၊ ၂၀၂၂ ခုနှစ် ဩဂုတ်လ (၃၀) ရက်

အရောင်းကိုယ်စားလှယ်များမှ မြန်မာအမျိုးသားလေကြောင်းသို့ နိုင်ငံခြားငွေ Deposit (USD) ပေးသွင်းခြင်းအတွက် အသိပေးအကြောင်းကြားခြင်း

မြန်မာအမျိုးသားလေကြောင်းအနေဖြင့် အရောင်းကိုယ်စားလှယ်များ၏ လေယာဉ်လက်မှတ် ရောင်းချမှုများအတွက် USD Deposit ပေးသွင်းခြင်းကို Exchange Rate 1 USD @ 3000 MMK ဖြင့် ညီမျှသော ကျပ်ငွေကို ငွေသား (သို့မဟုတ်) Mobile & I Banking ဖြင့် အောက်ပါ ဘဏ်စာရင်းများသို့ ဩဂုတ်လ (၃၀) ရက်နေ့ ညနေ (၄)နာရီမှစတင်၍ ပေးသွင်းရမည်ဖြစ်ပါကြောင်း အသိပေး အကြောင်း ကြားအပ်ပါသည်။

 

 

 

(ဘဏ်စာရင်းများနှင့် ငွေလဲလှယ်နှုန်း ပြောင်းလဲမှုရှိပါက ထပ်မံအသိပေး အကြောင်းကြားပါမည်။)

Agency Finance

Myanmar National Airlines

 


စာအမှတ်၊ AKBZ/ACC | 1707/043 ရက်စွဲ ၂ဝ၂၂ ခုနှစ်၊ ဩဂုတ်လ (၃၀) ရက်

AIR KBZ PSA များအားလုံး

အကြောင်းအရာ။ Augus1 2022 ခုနှစ်အတွက် Rate of Exchange အားထုတ်ပြန်ခြင်း၊

ရည်ညွှန်းချက် ။ AIR KBZ Ltd. ရုံး၏ (၂၆.၀၈.၂၀၂၂) ရက်စွဲပါစာအမှတ်၊ AKBZ/ACC/1707 / 042

အထက်အကြောင်းအရာပါကိစ္စနှင့် ပတ်သက်၍ ဩဂုတ်လ (၂၆) ရက်နေ့တွင် ထုတ်ပြန်ထားသော US 1 = MMK 2,750 အား ၂ဝ၂၂ ခုနှစ်၊ ဩဂုတ်လ (၃၁) ရက်နေ့မှ စတင်၍ USD 1 - MMK 3,050 အဖြစ် ပြောင်းလဲပြီး ၄င်း ROE (Rate of Exchange)နှုန်းထားများအား မိမိတို့ AIR KBZမှ ထပ်မံအကြောင်းကြားချိန် မတိုင်ခင်အထိ Finance Department မှ ဆက်လက်ကောက်ခံမည်ဖြစ်ကြောင်းနှင့် ယနေ့ထုတ်ပြန်ထားသောနှုန်းထားမှာ ဩဂုတ်လ (၃၁) ရက်နေ့မှ စတင် အကျုံးဝင်မည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

 


#MyanmarIndustriesGuide
Telegram Channel https://t.me/Guid4U

Local News Banking & Loan Read 1050 times