Airbus A330neo အသစ် အစီး ၂၀ VietJet ဖြည့်ထည့်မည်


03 March, 2024

Airbus A330neo အသစ် အစီး ၂၀ VietJet ဖြည့်ထည့်မည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အာရှ၏ အကြီးမားဆုံး ဘတ်ဂျက် လေကြောင်းလိုင်းများထဲမှ တစ်ခုဖြစ်သော ဗီယက်နမ် ဘတ်ဂျက်လေကြောင်းလိုင်း VietJet က ၎င်း၏ ခရီးဝေးလမ်းကြောင်း ကွန်ရက်ကို ချဲ့ထွင်ရန်အတွက် ဥရောပ အခြေစိုက် အဲဘတ်စ်မှ A330neo ကိုယ်ထည်အကျယ် လေယာဉ် အစီး ၂၀ မှာကြားရန် သဘောတူထားကြောင်း ပြောကြားသည်။

VietJet အနေဖြင့် ကိုယ်ထည်အကျယ် လေယာဉ်ကို ပထမဆုံးအကြိမ် ဝယ်ယူခြင်း ဖြစ်သည်။ 

အဆိုပါ လေယာဉ်အသစ်များကို ၂၀၂၆ ခုနှစ်တွင် စတင်ရရှိမည်။ 

 

VietJet သည် လေယာဉ်အသစ်များ ရရှိသည့်အခါ လက်ရှိ ငှားရမ်းသုံးစွဲနေသည့် အဲဘတ်စ် လေယာဉ် မော်ဒယ်အဟောင်းများကို အစားထိုးမည် ဖြစ်သည်။

 

 VietJet သည် ဩစတြေးလျ၊ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံ ခရီးစဉ်များ တိုးချဲ့လျက်ရှိqသည်။

 

Source Reuters 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Air Read 690 times