AD လိုင်စင်ရဘဏ်များ၏ Money Changer Counter များတွင် နိုင်ငံခြားငွေ လဲလှယ်ဆောင်ရွက်နေမှုအခြေအနေ


14 August, 2023

AD လိုင်စင်ရဘဏ်များ၏ Money Changer Counter များတွင် နိုင်ငံခြားငွေ လဲလှယ်ဆောင်ရွက်နေမှုအခြေအနေ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပသို့ထွက်ခွာ ရာတွင် အသေးသုံး နိုင်ငံခြားငွေငွေသား ဆောင်ယူသွားနိုင်ရေးအတွက် ဈေးကွက်အတွင်း လွယ်ကူစွာ ဝယ်ယူနိုင်ရန်ရည်ရွယ်၍ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်သူ၊ ဆေးကုသရန် သွားရောက်မည့်သူနှင့် ပညာသင် သွားရောက်မည့်သူများအား AD လိုင်စင်ရဘဏ်များ၏ Money Changer Counter များတွင် တစ်ဦးလျှင် နိုင်ငံခြားငွေ ငွေသား အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ ခန့် (ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေ ငွေသား) ရောင်းချပေးရန်ဖြစ်ကြောင်း AD လိုင်စင်ရဘဏ်များသို့ (၂၆-၅-၂၀၂၃) ရက်စွဲပါစာဖြင့် ညွှန်ကြားခဲ့ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်နှင့်အညီ AD လိုင်စင်ရဘဏ်များမှ ဖွင့်လှစ်ထားသည့် Money Changer Counter များတွင် ပြည်ပသို့ သွားရောက် အလုပ် လုပ်ကိုင်မည့်သူ၊ ဆေးကုသရန် သွားရောက်မည့်သူနှင့် ပညာသင်သွားရောက်မည့်သူများ သို့ အသေးသုံးနိုင်ငံခြားငွေ (ငွေသား) ရောင်းချသည့် အစီအစဉ်အား (၃၁-၅-၂၀၂၃) ရက်နေ့မှစတင် ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါအစီအစဉ်တွင်
• CB Bank PCL (CB)၊ 
• ကမ္ဘောဇဘဏ်လီမိတက် (KBZ)၊ 
• AYA Bank PCL (AYA)၊ 
• ဧရာဝတီ တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်လီမိတက် (Abank)၊ 
• မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက် (MAB)၊ 
• ရိုးမဘဏ်လီမိတက် (Yoma)၊ 
• ယူအေဘီဘဏ်လီမိတက် (uab)၊ 
• အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက် (AGD)၊ 
• မြန်မာအရှေ့တိုင်းဘဏ်လီမိတက် (MOB)၊ 
• ကမ္ဘာ့ရတနာဘဏ်လီမိတက် (GTB)၊ 
• ထွန်း ကော်မာရှယ်ဘဏ်လီမိတက် (TCB)၊ 
• ရွှေ (ကျေးလက်နှင့် မြို့ပြ) ဖွံ့ဖြိုးတိုးတက်ရေးဘဏ် လီမိတက် (Shwe)၊ 
• ပထမပုဂ္ဂလိကဘဏ်လီမိတက် (FPB)၊ 
• အင်းဝဘဏ်လီမိတက်(Innwa)၊ 
• မြန်မာနိုင်ငံသားများဘဏ်လီမိတက် (MCB) 

တို့မှ ပါဝင်ရောင်းချပေးလျက်ရှိပြီး ဝယ်ယူရရှိနိုင်သည့် ကောင်တာများအား သက်ဆိုင်ရာဘဏ်၏ Website နှင့် Facebook Page များတွင် ကြေညာပေးထားပါသည်။

အစီအစဉ်စတင်သည့် (၃၁-၅-၂၀၂၃) ရက်နေ့မှ (၁၀-၈-၂၀၂၃) ရက်နေ့အထိ 
•လူဦးရေ ၂,၆ဝ၃ ဦးသို့ အမေရိကန်ဒေါ်လာ ၇၈၉,၈၀၆ အား လည်းကောင်း၊ 
•လူဦးရေ ၃၀၁ ဦးသို့ ထိုင်းဘတ် ၂,၄၅၄,၅၅၀ အား လည်းကောင်း၊ 
•လူဦးရေ ၂၇ ဦးထံသို့ စင်္ကာပူဒေါ်လာ ၉,၈၆၁ အား လည်းကောင်း၊ 
•လူဦးရေ ၂၀ ဦးသို့ မလေးရှားရင်းဂစ် ၁၆,၇၃၈ အား လည်းကောင်း၊ 
•လူဦးရေ (၅)ဦးသို့ ယူရို ၁,၄၅၀ အားလည်းကောင်း 

ရောင်းချပေးခဲ့ပြီး ဖြစ်ပါသည်။ 

ရောင်းချရာတွင် နေ့စဉ် ဈေးကွက်၏ ပျမ်းမျှ ငွေလဲလှယ်နှုန်းအပေါ် မူတည်၍ ငွေလဲလှယ်နှုန်းကို အမေရိကန်တစ်ဒေါ်လာလျှင် ၂၅၀၀ ကျပ်မှ ၂၆၀၀ ကျပ်အတွင်း ဖြင့်လည်းကောင်း၊ ထိုင်းဘတ် ၁ ဘတ်လျှင် ၇၅ ကျပ်မှ ၈၅ ကျပ်အတွင်းဖြင့်လည်း ကောင်း ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Banking & Loan Read 331 times