ဘိလပ်မြေ အကြောင်း


30 July, 2020

ဘိလပ်မြေနှင့်ကွန်ကရစ်ဆိုတာက ယနေ့ကမ္ဘာရဲ့ အဓိကအစိတ်အပိုင်းဖြစ်လာပြီး တစ်ကမ္ဘာလုံးဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် အရေးပါတဲ့အရာ တစ်ခုပဲဖြစ်ပါတယ်။

ဘိလပ်မြေသည် ဟိုက်ဒရောလစ်binder ဖြစ်ပြီး (ရေထည့်လိုက်တဲ့ အခါ ပိုမာလာပါသည်) သဲများနှင့် ပေါင်းစပ်လိုက်တဲ့အခါ ကွန်ကရစ် ဖြစ်လာစေပါတယ်။ ရေ၊ ထုံးနှင့်သဲတို့ဖြင့် ရောနှောထားသော ဘိလပ်မြေသည် အင်္ဂတေအဖြစ်သို့ ရောက်ရှိသွားပါတယ်။

စျေးနှုန်းသက်သာပြီး ဘက်ပေါင်းစုံ အသုံးပြုနိုင်ခြင်း၊ ခိုင်ခံ့မှုရှိပြီး လုံခြုံစိတ်ချရမှုရှိခြင်းကြောင့် ဘိလပ်မြေဟာ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။

ရေကာတာ၊ တံတားများနှင့်မျှော်စင်များ အပါအ၀င် အခြေခံအဆောက်အအုံများတည်ဆောက်ခြင်းအတွက် ဘိလပ်မြေနှင့်ကွန်ကရစ်က အရေးပါပြီး အနာဂတ်မှာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် သော့ချက်တစ်ခု ဖြစ်ပါတယ်။

ရောမခေတ်ကတည်းက ဘိလပ်မြေနှင့်ကွန်ကရစ်ကို အကြမ်းခံတဲ့ အဆောက်အအုံဆောက်လုပ်ရာမှာ အသုံးပြုခဲ့ကြပါတယ်။ ဘိလပ်မြေမှာ ပါဝင်တဲ့ အထူးဖွဲ့စည်းထားသော ဂုဏ်သတ္တိတွေကြောင့် ကွန်ကရစ်ကအလွန်ဒဏ်ခံနိုင်သည့်အပြင် တာရှည်ခံပစ္စည်းများဖြစ်လာပြီး သဘာ၀ ပတ်၀န်းကျင်ရဲ့ ရိုက်ခတ်မှုများကို တွန်းလှန်နိုင်ပါတယ်။

ကမ္ဘာတစ်လွှားရဲ့ မြို့ပြတွေအလျင်အမြန် ဖွံ့ဖြိုးတိုးတက်မှုနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကြောင့် ၁၉၅၀ ခုနှစ်မှစပြီး ဘိလပ်မြေထုတ်လုပ်မှုသည်အဆ ၃၀ထိ တိုးမြင့်လာခဲ့ပါတယ်။ ယနေ့အချိန်မှာ ကွန်ကရစ်က ကမ္ဘာ့အများဆုံးအသုံးပြုသော အရင်းအမြစ်ဇယားရဲ့ ဒုတိယနေရာမှာ ရှိပါတယ်။

တရုတ်နိုင်ငံက ကမ္ဘာပေါ်မှာ စုစုပေါင်းထုတ်လုပ်မှုရဲ့ ၅၃ ရာခိုင်နှုန်းဖြင့် အကြီးဆုံးဘိလပ်မြေထုတ်လုပ်သည့် ကုမ္ပဏီအဖြစ် ရပ်တည်နေပါတယ်။

အိန္ဒိယက ဒုတိယနေရာမှာ ၈ရာခိုင်နှုန်းဖြင့်ရှိပြီး နောက်၁၀နှစ်အတွင်းမှာ နှစ်ဆတိုးလာနိုင်ပါတယ်။

worldcementassociation

Tips Read 1616 times