မြန်မာ့စီးပွားရေး ပြန်ပျက်စီးလွယ်သော နာလန်ထူခြင်း


27 June, 2023

မြန်မာ့စီးပွားရေး ပြန်ပျက်စီးလွယ်သော ပြန်နာလန်ထူခြင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ကုန်စျေးနှုန်းကြီးမြင့်မှုနှင့် ရှားပါးပြတ်လပ်မှုများကြောင့် မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာမှု နှေးကွေး‌နေပါသည်။ 
မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် စီးပွားရေးအခြေအနေများ တည်ငြိမ်လာသော်လည်း စီးပွားရေးလုပ်ငန်းများသည် စိန်ခေါ်မှုများစွာကို ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်သည်။  အိမ်ထောင်စုများ၏ ၀င်ငွေမှာ အားနည်းနေသေးပြီး စားနပ်ရိက္ခာဖူလုံမှုမှာလည်း စိုးရိမ်စရာဖြစ်လာကြောင်း ကမ္ဘာ့ဘဏ်မှ ဇွန်လ ၂၇ ရက်တွင် ထုတ်ပြန်သည့် Myanmar Economic Monitor အစီရင်ခံစာ A Fragile Recovery တွင် ဆိုထားသည်။
မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ တဖြည်းဖြည်း တိုးတက်လာသည်ဟု ဆိုရသော်လည်း နဂိုမူလက နိမ့်ကျနေသည့် အခြေမှ တိုးတက်လာခြင်း ဖြစ်သည်။
၂၀၂၃ စက်တင်ဘာတွင် အဆုံးသတ်သည့် တစ်နှစ်တာကာလတွင် GDP ၃% တိုးမည်ဟု ခန့်မှန်းထားသည်။ ၂၀၁၉ မှ ၁၀% ဝန်းကျင် ရေချိန်ထက် နည်းနေဆဲ ဖြစ်သည်။

ရောင်းလိုအားနှင့် ဝယ်လိုအား ပြင်းထန်သော အချုပ်အချယ်များသည် စီးပွားရေးလုပ်ဆောင်မှုများကို အကန့်အသတ်များ ဆက်ရှိနေစေသည်။

 


 
 လာမည့် တစ်နှစ်မှ နှစ်နှစ်အတွင်းတွင် စီးပွားရေး နှေးကွေးစွာ ကြီးထွားရန် မျှော်မှန်းထားသော်ငြားလည်း ကြီးထွားမှု၏ အကျိုးကျေးဇူးများသည် အိမ်ထောင်စုများ၊ လုပ်ငန်းများ၊ လုပ်ငန်းကဏ္ဍများအ ပေါ်တွင် မညီမမျှ ဖြန့်ဝေလိမ့်မည်။ 
ပျမ်းမျှ နှစ်စဉ် ငွေကြေးဖောင်းပွမှု းသည် ယမန်နှစ်က ၁၈.၃% ရှိခဲ့ရာမှ ၁၄% သို့ လျော့ပါးမည်ဟု ခန့်မှန်းထားသည်။ ၂၀၂၄ တွင် ဆက်လက် လျော့ကျမည်။

ရှေ့ရေးအတွက် အခက်အခဲများမှာ ပိုမိုဆိုးရွားလာသော ပဋိပက္ခများ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ကျဆင်းခြင်းများ၊ ဆက်ရှိနေသော ငွေကြေးဖောင်းပွမှု ဖိအားများနှင့် စီးပွားဝန်းကျင် ပိုမိုယိုယွင်းလာခြင်းတို့ ပါဝင်သည်။

မေလတွင် ဆိုင်ကလုန်း မိုခါကြောင့် မူလကတည်းက လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များ များပြားနေပြီးသားဖြစ်သော ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် သိသာထင်ရှားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။  မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်မှုအတွက် ခံနိုင်ရည် အားနည်းချက်ကို ပြသခြင်းဖြစ်သည်။

 “မြန်မာနိုင်ငံ စီးပွားရေး ပြန်လည်တိုးတက်နေစဉ်  ကြီးထွားမှုမှာ မညီမျှဘဲ အဆင်းရဲဆုံးဖြစ်သူများသည် လှုပ်ခတ်မှုဒဏ် တသီတတန်းကို အခက်ကြုံရမည်ဟု ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Mariam Sherman က ပြောကြားသည်။
 
“စိုးရိမ်စရာကောင်းတာက အာဟာရချို့တဲ့မှု တိုက်ဖျက်ရေး တိုးတက်မှုဟာ ရပ်သွားပုံ ဒါမှမဟုတ် ပြောင်းပြန်လှည့်သွားပုံရတယ်။  အိမ်ထောင်စုများမှာ ထက်ဝက်ကျော်တို့က ကျန်းမာရေးနှင့် ပညာရေးအပါအဝင် အသုံးစရိတ် ချွေတာနေကြရတယ်" ဟု ၎င်းက ဆိုသည်။

ခြိုးခြံကြရခြင်းအပြင် လက်ထဲ ရှိတာ ထုတ်ရောင်းချခြင်း၊ ချေးငှားခြင်းတို့ဖြင့် လုံးလည်လိုက်နေကြသည်။ ထိုနည်းဟန်ဖြင့် အဆင်ပြေအောင် လုပ်ဆောင်နေကြခြင်းသည် ရေတိုအတွင်း လူမှုဘဝဖူလုံရေးကို ထိခိုက်စေရုံသာမက ရေရှည် ဝင်ငွေ ရနိုင်စွမ်းကိုလည်း ထိခိုက်သည်ဟု ၎င်းက ဆိုသည်။

ငွေလဲနှုန်းသည် ပြီးခဲ့သည့် ခြောက်လအတွင်း အများ‌ေသာအားဖြင့် တည်ငြိမ်ခဲ့သည်။ အစားအစာနှင့် လောင်စာဆီ ဈေးနှုန်းများ ဖောင်းပွမှု လျော့ပါးလာသည်။ ကုန်ထုတ်လုပ်မှုနှင့် အမှာစာများ မြင့်တက်လာသည်။ ပြည်တွင်း ထုတ်ကုန်များ ရောင်းအား မြင့်တက်သည်။ ခရီးသည်နှင့် ကုန်စည် ပို့ဆောင်မှု မြင့်တက်သည်။ စိုက်ပျိုးထုတ်လုပ်မှု အားပျော့သည်။ ဈေးနှုန်းမြင့်တက်သဖြင့် စိုက်ပျိုးရေးတွင် အကျိုးအမြတ် တိုးတက် ကောင်းမွန်သည်။ သွင်းအားစု ကုန်ကျစရိတ် သက်သာလာသည်။ သို့ဖြစ်ရာ လာမည့်ရာသီ‌ေပါ်ချိန်များတွင် အထွက်များမည်ဟု တွေးဆနိုင်သည်။ 
အခြားတစ်ဖက်တွင် ဓာတ်အားပြတ်တောက်မှု၊ ပဋိပက္ခနှင့် ထောက်ပံ့ပို့ဆောင်ရေး ပြတ်တောက်မှုများသည် ကုန်ထုတ်စွမ်းအားကို ဆက်လက် ချုပ်ချယ်ထားသည်။ ရင်းနှီးမြှုပ်နှံမှု အလွန်အားနည်းနေသည်။
ထို့ပြင် စားသောက်ကုန် ဈေးနှုန်း မြင့်မားနေသည်။ လုပ်သားဈေးကွက် ဆက်လက်အားပျော့နေသည်။ အိမ်ထောင်စု ဝင်ငွေများသည် ကြီးမားသော အခက်အခဲများ အောက်တွင် ဆက်ရှိနေသည်။ 
 အထူးသဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အလုပ်အကိုင်နှင့် ဝင်ငွေအပေါ် သက်ရောက်မှုများသည် ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ထိခိုက်မှုပိုမိုကြီးမားပါသည်။
အားနည်းသော အလုပ်အကိုင်၊ အလုပ်ချိန် လျော့နည်းခြင်းနှင့် ကျပန်း သို့မဟုတ် ကိုယ်တိုင်အလုပ်လုပ်ကိုင်မှု တိုးလာခြင်းတို့ကြောင့် မိသားစုများစွာ၏ ဝင်ငွေ ရနိုင်စွမ်းကို လျော့ကျစေပါသည်။
၂၀၁၇ နှင့် ၂၀၂၂ ခုနှစ်ကြားတွင် ပျမ်းမျှလုပ်ခလစာ ၁၅% ကျဆင်းသွားသည်။
မြန်မာအိမ်ထောင်စုများ၏ ထက်ဝက်သည် ၂၀၂၂ တွင် ၎င်းတို့၏ ၀င်ငွေများ ကျဆင်းသွားခဲ့ကြောင်း အစီရင်ခံခဲ့ကြသည်။
နောက်ဆက်တွဲ ရလဒ်အနေဖြင့် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရဖြည့်တင်းခြင်း ပိုမိုဆိုးဝါးလာသည်။ 

မေလ ၂၀၂၃ ခုနှစ် ကမ္ဘာ့ဘဏ်၏ စစ်တမ်းအရ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်သည့် အိမ်ထောင်စုများတွင် ၄၈% သည် စားနပ်ရိက္ခာ လုံလောက်မှု မရှိခြင်းအတွက် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေသည်။

နို့၊ အသား၊ ငါးနှင့် ဥများကဲ့သို့ အာဟာရရှိသော အစားအစာများ စားသုံးမှု သိသိသာသာ ကျဆင်းသွားကြောင်း စစ်တမ်းက ဖော်ပြသည်။


အစီရင်ခံစာ လင့်
 
https://reliefweb.int/attachments/3b216825-c230-4219-844b-bead59d4d319/MyanmarEconomic-MonitorJune2023aFragileRecovery.pdf
 

Industry Reviews Read 372 times