အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍအနေနဲ့ စီးပွားရေးလုပ်ငန်းကို အားပေးမြှင့်တင်နိုင်မည့် အကြံပြုချက် ၈ ချက်


11 April, 2019

အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍနှင့် အခြားဆောင်ရွက်သူများက အများနှင့်အကျုံးဝင်သောစီးပွားရေးလုပ်ငန်းကို အားပေးမြှင့်တင်နိုင်မည့် အကြုံပြုချက် ( ၈ ) ချက်ကို အောက်မှာ ရွေးထုတ်ဖော်ပြထားပါတယ်။ ၎င်းတို့မှာ

၁။ အများနှင့်အကျုံးဝင်သောစီးပွားရေးလုပ်ငန်းမာျး၊ လူမှုစီးပွားရေးလုပ်ငန်းများနှင့် လူမှုအကျိုးပြု ရင်းနှီးမြှုပ်နှံမှုများအတွက် ဦးဆောင်အဖွဲ့တစ်ရပ် ( steering group ) တည်ထောင်ကာ ဖွံ့ဖြိုးရေးမိတ်ဖက်များထံမှ အကူအညီများ ရယူဆောင်ရွက်ခြင်း၊

၂။ အများနှင့်အကျုံးဝင်သောစီးပွားရေးနှင့် ဆက်စပ်လှုံ့ဆော်ဖော်ပြမှုများအကြောင်း အများပြည်သူ ပိုမိုသိရှိစေရန် ဆောင်ရွက်ခြင်း၊

၃။ အများနှင့်အကျုံးဝင်သောစီးပွားရေးလုပ်ငန်းများ ထူထောင်ရန်နှင့် အကျိုးသက်ရောက်မှုများကို စောင့်ကြည့်လေ့လာရန် နည်းပညာအကူအညီများ ပံ့ပိုးပေးခြင်း၊

၄။ ဌာနပေါင်းစုံတို့တွင် အများနှင့်အကျုံးဝင်သောစီးပွားရေး အထောက်အကူပြုကောင်တာတစ်ခု စတင်ဖန်တီးပေးခြင်း၊

၅။ အများနှင့်အကျုံးဝင်သောစီးပွားရေးထောက်ခံချက် သို့မဟုတ် အသိအမှတ်ပြုမှုစနစ်တစ်ရပ် ( inclusive business accerditaion or certification system ) စတင်ဖန်တီးပေးခြင်း၊

၆။ စက်မှုလုပ်ငန်းဆိုင်ရာမူဝါဒများတွင် အများနှင့်အကျုံးဝင်သောစီးပွားရေးဆိုင်ရာနည်းလမ်းများနှင့် သတ်မှတ်ချက်များကို အဆိုပါလုပ်ငန်းများအား အကျိုးခံစားခွင့်ရစေနိုင်မည့် မူဝါဒများအဖြစ် ဦးစားပေး ထည့်သွင်းရေးဆွဲခြင်း၊

၇။ အစိုးရ၏ဝယ်ယူမှုများတွင် အများနှင့်အကျုံးဝင်သောစီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းများကို ဦးစားပေးဝယ်ယူခြင်းဖြင့် ထိုပစ္စည်းများ၏ ဝယ်လိုအားကို မြှင့်တင်ပေးခြင်း၊

၈။ အများနှင့်အကျုံးဝင်သောစီးပွားရေးလုပ်ငန်းများနှင့် လူမှုစီးပွားရေးလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တစ်ရပ် တည်ထောင်ခြင်းတို့ဖြစ်ပါတယ်။

DaNa Facility

Local News Tips Read 603 times