6th Myanmar PLAS PRINT PACK Foodtek


15 December, 2017

၆ကြိမ်မြောက်အဖြစ်ထပ်မံကျင်းပသော Myanmar PLAS PRINT PACK Foodtek ပြပွဲကြီးကို မင်းဓမ္မလမ်းရှိ Myanmar Event Park(MEP)တွင် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိကျင်းပပြုလုပ်နေခြင်းဖြစ်သည်။
ပြပွဲတွင်တရုတ် ၊ အိန္ဒိယ ၊ ဂျပန် ၊ မြန်မာ ၊ ထိုင်ဝမ် နှင့် ထိုင်းနိင်ငံများမှပစ္စည်းအမျိုးအစားပေါင်း ၂၃၀ အထက်ရှိအမှတ်တံဆိပ်များလာရောက်၍သက်ဆိုင်ရာလုပ်ငန်း(၅)မျိုးအတွက်နောက်ဆုံးပေါ်ပစ္စည်းကိရိယာများနှင့်နည်းပညာများကိုပြသသွားမည်ဖြစ်သည်။
ဤပြပွဲကြီးကို YORKERS မှဦးစီးကျင်းပမည်ဖြစ်ပြီး မြန်မာနိင်ငံမှ MPIA ၊ UMFCCI ၊ MPPA ၊ MPPIA တို့အပြင်နိင်ငံရပ်ခြားအသင်းအဖွဲ့များဖြစ်သော TAMI နှင့်ထိုင်ဝမ်မိုနှင့်ဒိုင်းစက်မှုပိုင်းဆိုင်ရာအသင်း ၊ ထိုင်ဝမ်ကုန်ထုပ်ပိုးမှုဆိုင်ရာအသင်းစသည်တို့ဧ။်ကူညီထောက်ပ့ံမှုများပါ၀င်ပါသည်။
ဤပြပွဲကြီးတွင်နိင်ငံတကာမှကျော်ကြားသော high-caliber ၊ ဆေးဆိုးတန်ဆာနှင့်မှိုထိုးစက်များ ၊ Blown Film စက်များ ၊ Inflation စက်များပြန်လည်ထုတ်လုပ်စက်များ ၊ ပလပ်စတစ်နှင့် အခြားဓာတုကုန်ကြမ်းများ ၊ လေဆာပရင့်တာများ ၊ ပုံနှိပ်စက်ပစ္စည်းများ ၊ အိပ်ပြုလုပ်စက်များ ၊
ဖြည့်စွက်စက်များနှင့်ထုပ်ပိုးစက်ပစ္စည်းများ ၊ လယ်ထွန်စက် ၊ စပါးရိတ်စက် ၊ ဒီဇယ်အင်ဂျင်ပန့်များ နှင့်အခြားစိုက်ပျိုးရေးစက်ပစ္စည်းများကိုအမျိုးအစားစုံလင်စွာခင်းကျင်းပြသသွားမည်ဖြစ်သောကြောင့်သက်ဆိုင်ရာနယ်ပယ်များမှလူတိုင်းတက်ရောက်သင့်သောပြပွဲကြီးဖြစ်ပေသည်။

 
Events & Exhibition Read 678 times