6th Japan Expo 2017 Yangon


10 November, 2017

၂၀၁၂ ခုနှစ်မှ စတင်ပြုလုပ်ခဲ့သော Japan Expo သည်Myanmar Promotional Services Co.,Ltd မှ စီစဉ်ကျင်းပပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး ( Embassy of Japan)နှင့် ဂျပန်နိုင်ငံ ပြည်ပကုန်သွယ်မှုဆိုင်ရာ အဖွဲ့အစည်း (JETRO) တို့၏ ပံ့ပိုးကူညီမှုဖြင့် နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိသောကုန်စည်ပြပွဲကြီးတစ်ခုဖြစ်ပါသည် ။
အဆိုပါပြပွဲကြီးတွင်ဂျပန် ထုတ်ကုန်အမှတ်တံဆိပ်များ ၊ ဂျပန် နည်းပညာဖြင့်ထုတ်လုပ်ထားသော ထုတ်ကုန်များ ၊ ဂျပန် စာသင်ကျောင်းများ ၊ ဂျပန် အလုပ်အကိုင်အေဂျင်စီများ ၊ ဂျပန် စားသောက်ဆိုင်များ ၊ ဂျပန် ခရီးသွားဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများ၊ ဂျပန် ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများ နှင့် အခြားဂျပန် နှင့် ဆက်စပ်လုပ်ငန်းများကိုအမျိုးအစားစုံလင်စွာခင်းကျင်းပြသသွားမည်ဖြစ်သည်။
အထူးအစီအစဉ်များအနေဖြင့် ဂျပန် Cosplay ပြိုင်ပွဲ နှင့် အတူဂျပန် သီချင်းဆိုပြိုင်ပွဲ များကိုလည်းထည့်သွင်းယှဉ်ပြိုင်စေပြီးပွဲနောက်ဆုံးရက်တွင် ဆုများချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်းသိရပါသည်။
ပြပွဲသို့လာရောက်သူများအတွက် အခြားစိတ်ဝင်စားပျော်ရွှင်ရစေမည့် ဂျပန်အငွေ့အသက်များကို ဖော်ဆောင်ထားမည့်အစီအစဉ်များလည်းပါဝင်မည်ဟုသိရပါသည်။

Events & Exhibition Read 610 times