ဒီဇင်ဘာ (၂၀-၂၂) ရက်တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုဖိုရမ်


13 December, 2023

မန္တလေး အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ( Mandalay International Trade Fair and Investment Forum 2023 ) ကို ဒီဇင်ဘာလ တတိယပတ်အတွင်း ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ( MRCCI ) မှ ထုတ်ပြန် ကြေညာထားသည်။

 

အဆိုပါပွဲကို နိုင်ငံတကာစီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးအတွက် ရည်ရွယ်၍ ဒီဇင်ဘာလ (၂၀) ရက်မှ (၂၂) ရက်နေ့အထိ Mandalay Convention Center ( MCC ) တွင် သုံးရက်တိုင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး မနက် (၁၀) နာရီမှ ညနေ (၆) နာရီအထိ ဝင်ရောက် လေ့လာနိုင်မည် ဖြစ်သည်။

 

ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တွင် မြန်မာနိုင်ငံမှ ပြခန်းပေါင်း (၂၆၂) ခန်း ပါဝင် ပြသမည် ဖြစ်ပြီး တရုတ်နိုင်ငံမှ ပြခန်းပေါင်း (၇၀) ကျော် အပါအဝင် အင်ဒိုနီးရှားနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် တခြားသော နိုင်ငံတကာ ပြခန်းများလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

 

 

ပြပွဲတွင် အဓိကအားဖြင့် လယ်ယာသုံးထွက်ကုန်နှင့် ပစ္စည်းများ၊ ချည်ထည်များနှင့် ကျောက်မျက်ရတနာများ၊ လူသုံးကုန်ပစ္စည်းများ၊ စက်ပစ္စည်းကိရိယာများ၊ စားသောက်ကုန်များကို ပြသသွားမည် ဖြစ်သည်။

 

ထို့ပြင် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေး ရင်းနှီးမြှုပ်နှံမှုဖိုရမ်၊ ခရီးသွားဖိုရမ်၊ စွမ်းအင်ကဏ္ဍဖိုရမ် စသည့် ဖိုရမ် (၃) ခုကိုလည်း အဆိုပါပွဲတွင် ထည့်သွင်း ဟောပြော ဆွေးနွေးမည်ဟု သိရသည်။

 

ပထမဦးဆုံးအကြိမ် မန္တလေး အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကို ကိုဗစ်ကာလမတိုင်ခင် ၂၀၁၉ ခုနှစ်က  မန္တလေးမြို့တွင် စတင် ပြုလုပ် ကျင်းပခဲ့ပြီး ယခုအကြိမ်သည် ဒုတိမြောက်ပြပွဲ ဖြစ်သည်။

 

ပြပွဲအကြောင်း အသေးစိတ် လေ့လာရန်

https://mrcci.org.mm/events/mandalay-international-trade-fair-investment-forum-2023/ 

 

ဆက်သွယ်ရန်

09444359935, 09770844477, 09697050227

[email protected] 

 

Events & Exhibition Local News Read 282 times