စစ်တွေတွင် " ရခိုင်ပြည်နယ် စီးပွားရေးဖိုရမ် ၂၀၂၃ " ကျင်းပ ပြုလုပ်မည်


20 October, 2023

ရခိုင်ပြည်နယ် စီးပွားရေးဖိုရမ် ၂၀၂၃ ကို လာမည့် အောက်တိုဘာလ (၂၂) ရက်နေ့၊ မနက် (၉) နာရီတွင် စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့်  ပြည်နယ်အတွင်း ဒေသခံ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွက်လာစေရေးနှင့် ရခိုင်ပြည်နယ်၏ အနာဂတ် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ဆောင်ခြင်း ဖြစ်သည်။

 

အဆိုပါ စီးပွားရေးဖိုရမ်တွင် ရခိုင်ပြည်နယ်မှ စီးပွားရေးလုပ်ငန်းဆိုင်ရာ ပညာရှင်များဖြစ်သော...

  • ဦးတင်ဇံကျော်  ( Chairman : Device Business University - DBU )
  • ဦးထွန်းထွန်းနိုင် ( President : We Love Rakhine, Chairman & Group of CEO Blue Ocean Investment Co.,Ltd )
  • ဒေါ်ပန်းအိဖြူ ( COO : Myanmar Payment Solution Services Company ) တို့က အဓိက ဟောပြော‌ ဆွေးနွေးပေးသွားမည် ဖြစ်သည်။

 

ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ စီးပွားရေးပညာရှင်များ။ လူငယ်များက အနာဂတ်စီးပွားရေး အလားအလာများနှင့် ပတ်သတ်သည့် စကားဝိုင်းဆွေးနွေးပွဲ (၃) ခုကိုလည်း လုပ်ဆောင်သွားမည်ဟု ဆိုသည်။

 

အခမ်းအနား ကျင်းပမည့် ခိုင်သဇင်ခန်းမအတွင်း IT ဆိုင်ရာ ပစ္စည်းများ၊ အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းများကိုလည်း ဈေးနှုန်းသက်သာစွာ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ပညာရေးဆိုင်ရာ ဝန်ဆောင်မှုများ၊ စာအုပ်အရောင်းဆိုင်နှင့် စာအုပ်ပြခန်းများ၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် ပတ်သတ်သည့် ပြခန်းများကိုလည်း ထည့်သွင်းထားသဖြင့် မည်သူမဆို အခမဲ့ တက်ရောက် လေ့လာနိုင်ကြောင်း ဖိတ်ခေါ်ထားသည်။

Local News Read 252 times