ပြခန်းပေါင်း (၁,၇၅၀) ပါဝင်မည့် ဂျပန်နိုင်ငံ၏ အကြီးဆုံးသော ကုန်စည်ပြပွဲ


07 June, 2023

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ယခုလ တတိယပတ်အတွင်း (၃၅) ကြိမ်မြောက် Manufacturing World Japan- New Value Creation Exhibition in Mechanical Components and Materials Technology Expo 2023 ကို ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

Manufacturing World Japan ပြပွဲကို  ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့မှ (၂၃) ရက်နေ့အထိ တိုကျိုမြို့ရှိ Tokyo Big Sight, East Hall 5 တွင် (၃) ရက်တိုင်တိုင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကာ လာရောက် လေ့လာသူ (၆၀,၀၀၀) ခန့် လာရောက်ရန် ခန့်မှန်းထားသည်။

 

အဆိုပါ ပြပွဲသည် ဂျပန်နိုင်ငံ၏ အကြီးဆုံးဖြစ်သော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဆိုင်ရာ ပြပွဲတစ်ခု ဖြစ်ပြီး 10 specialised Shows အနေဖြင့် ကဏ္ဍ (၁၀) ခုအတွက် စက်နှင့် စက်ကိရိယာ အပိုပစ္စည်းများနှင့် ထုတ်လုပ်မှု နည်းပညာများကို ပါဝင် ပြသသွားမည် ဖြစ်သည်။ 

 

ပွဲအကြောင်း အသေးစိတ်ကြည့်ရန်

https://t.ly/BQ6qJ 

 

KM Fashion

Advertisement

Click Here >>> KM Fashion Shop

 

ပြပွဲတွင် ပြခန်းပေါင်း (၁,၇၅၀) ခန်း ပါဝင် ပြသမည် ဖြစ်ပြီး မြန်မာနိုင်ငံမှ လုပ်ငန်းရှင် ကိုယ်စားလှယ်များ အနေဖြင့် ပြခန်းများ ပါဝင် ပြသလိုပါကလည်း ပါဝင်နိုင်ရန် SME Support Japan က ဖိတ်ကြားထားသည်ဟု ဆိုသည်။

 

ပြပွဲသို့ ပါဝင် ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေး ဌာနခွဲသို့ ဆက်သွယ်၍ ချိတ်ဆက် ပြသနိုင်ကြောင်း သိရသည်။

 

အီးမေးလ် : [email protected] 

ဖုန်း : 067 408622, 067 408623 

 

နိုင်ငံတကာမှ လုပ်ငန်းရှင် ၁၀,၀၀၀ ကျော်နှင့် တွေ့ဆုံ ချိတ်ဆက်နိုင်မည့် TILOG-LOGISTIX ပြပွဲ

> https://bit.ly/3BDbD8w 

 

ကိုရီးယားတွင် ကျင်းပမည့် AI TECH+ သို့ မြန်မာလုပ်ငန်းများ ပါဝင် ပြသနိုင်

> https://bit.ly/3BD70eg 

Events & Exhibition Read 368 times