အခေါက်ရွှေ တစ်ကျပ်သားလျှင် သိန်း (၃၀) ကျော်ထိ ပြင်ပပေါက်ဈေး ရှိလာ


23 May, 2023

ပြီးခဲ့သည့် နှစ်ပတ်တာကာလအတွင်း ကျပ်သိန်း (၃၀) နီးပါး ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်း အခေါက်ရွှေဈေးနှုန်းမှာ မေလ (၈) ရက်မှ စတင်ကာ တစ်ကျပ်သားလျှင် ကျပ်သိန်း (၃၀) ကျော်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။ 

 

 

ရွှေလုပ်ငန်းရှင်များ အသင်း၏ နေ့စဉ် ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းများမှာ (၂၃) သိန်း ဝန်းကျင်ခန့်သာ ရှိသော်လည်း ပြည်တွင်း ရွှေပေါက်ဈေးမှာ ယခုကဲ့သို့ သိန်း (၃၀) ကျော်ထိ တရိပ်ရိပ် ဆက်လက် မြင့်တက်လာနေခြင်း ဖြစ်သည်။

 

တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်း အခေါက်ရွှေဈေးနှုန်းများ ( တစ်ကျပ်သားလျှင် ) မှာ…

  • မေ ၁၈ ရက်တွင် ကျပ် ၃,၀၁၇,၀ဝ၀  တို့ ဖြစ်ကြောင်း  သိရသည်။   
  • မေ ၁၇ ရက်တွင် ကျပ် ၃,၀၂၀,ဝ၀ဝ၊ 
  • မေ ၁၆ ရက်တွင် ကျပ် ၃,၀၂၃,၀ဝ၀၊ 
  • မေ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ကျပ် ၃,၀ဝ၇,၀ဝ၀၊ 
  • မေ ၁၃ ရက်တွင် ကျပ် ၃,၀ဝ၂,၀ဝ၀၊ 
  • မေ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ကျပ် ၃,၀ဝ၅,၀ဝ၀၊ 
  •  

 

Advertisement

Click Here >>>  Ever Plastic

 

ကမ္ဘာ့ရွှေဈေးနှုန်းများမှာ ( တစ်အောင်စလျှင် ) မှာ အောက်ပါအတိုင်း ဖြစ်သည်။ 

  • မေ ၁၁ ရက်တွင် ၂,၀၁၃ ဒေါ်လာ၊ 
  • မေ ၁၂ ရက်တွင် ၂,၀ဝ၈ ဒေါ်လာ၊ 
  • မေ ၁၃ ရက်တွင် ၂,၀၁၀ ဒေါ်လာ၊ 
  • မေ ၁၄ ရက်တွင် ၂,၀၁၄ ဒေါ်လာ၊ 
  • မေ ၁၅ ရက်တွင် ၂၀၁၈ ဒေါ်လာ၊ 
  • မေ ၁၆ ရက်တွင် ၂၀၂၀ ဒေါ်လာ၊ 
  • မေ ၁၇ ရက်တွင် ၁၉၈၈ ဒေါ်လာ၊ 
  • မေ ၁၈ ရက်တွင် ၁၉၉၁ ဒေါ်လာ

 

ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ပြီးခဲ့သည့် ဧပြီလက ရွှေစျေးနှုန်းတည်ငြိမ်စေရေး အစည်းအဝေးကို ပြုလုပ် ကျင်းပခဲ့ပြီး ရွှေဆိုင်များအနေဖြင့် သတ်မှတ်စျေးနှုန်း (၂၉) သိန်းဝန်းကျင်ဖြင့် ရောင်းချပေးကြရန် မေတ္တာရပ်ခံ ပန်ကြားခဲ့သေးသည်။

Local News Read 482 times