ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှ UMFCCI MSME Fair 2023 ကို လာမည့် မေလ ၇ ရက် ( တနင်္ဂနွေနေ့ ) နှင့် မေလ ၈ ရက်နေ့ ( တနင်္လာနေ့ ) ရန်ကုန်မြို့ရှိ Lotte Hotel တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။
အဆိုပါပွဲကို မြန်မာနိုင်ငံ၏ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ရည်ရွယ် ကျင်းပခြင်း ဖြစ်ပြီး စီးပွားရေးဆိုင်ရာ နည်းပညာ၊ အသိပညာဗဟုသုတများ ရရှိနိုင်မည့် စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်များနှင့် အသိပညာပေး ဆွေးနွေးပွဲများလည်း ပါဝင်မည် ဖြစ်သည်။
ကုန်သည်စက်မှုအသင်းချုပ်မှ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက်…
ပြပွဲတွင် MSMEs လုပ်ငန်းရှင်များ၏ ပြည်တွင်းဖြစ် ထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများကို ပြခန်းပေါင်း (၁၂၀) ကျော်ဖြင့် ဖွင့်လှစ် ပြသသွားမည် ဖြစ်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အနေဖြင့် ဈေးကွက်အခွင့်အလမ်းများကို လက်တွေ့ ရရှိစေနိုင်ရန်လည်း ရည်ရွယ်ထားသည်ဟု ဆိုသည်။
Advertisement
Click Here > Tun Myint General Trading
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးဆိုင်ရာ စကားဝိုင်း ဆွေးနွေးပွဲနှင့် အသိပညာပေး ဆွေးနွေးပွဲများကို…
မေလ (၇) ရက်နေ့တွင်
မေလ (၈) ရက်နေ့တွင်
Panelist များကို ကြည့်ရန်
ထို့ပြင် MSMEs လုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်းများအလိုက် ပစ္စည်းများ ခင်းကျင်းပြသပုံ၊ တီထွင်ဆန်းသစ်မှု၊ ထုတ်ပိုးမှုပုံစံ၊ ဝန်ဆောင်မှုအပေါ် မူတည်၍ MSME Outstanding Award ဆုချီးမြှင့်မည့် အစီအစဉ်များနှင့် MSME အနှစ်သာရ ပေါ်လွင်စေမည့် ရိုးရာဝတ်စုံများဖြင့် ဖန်တီးပြသမည့် Fashion Show အစီအစဉ်များလည်း ပါဝင်မည်ဟု သိရသည်။
UMFCCI MSME Fair 2023 ကို စိတ်ပါဝင်စား၍ တက်ရောက်လိုသူများအနေဖြင့် အောက်တွင်ဖော်ပြထားသော ကုန်သည်စက်မှုအသင်းချုပ် UMFCCI Website Link တွင် အမည်စာရင်းများ ကြိုတင် စာရင်းပေးသွင်းနိုင်သည်။
စာရင်းသွင်းရန် လင့်ခ်
ဆက်သွယ်ရန်
ဖုန်း - 09400039227, 0943089686, 09799242518
အီးမေးလ် - [email protected]