အောက်တိုဘာလတွင် အာဆီယံ ကုန်ထုတ်လုပ်မှုကဏ္ဍ တစ်ခုလုံး တိုးတက်မှု အားလျော့လာ


02 November, 2022

 

၂၀၂၂  နိုဝင်ဘာလ ၂  ရက်တွင် ထုတ်ပြန်သည့် S&P Global အာဆီယံ ထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။

TO GET INSTANT UPDATE 
Join Telegram Channel

 https://t.me/Guid4U

 


 

အာဆီယံ ကုန်ထုတ်လုပ်မှုကဏ္ဍ တစ်ခုလုံး တိုးတက်မှု အားလျော့လာခြင်း
 

အဓိက တွေ့ရှိချက်များ

 

  • ထုတ်လုပ်မှု၏ တိုးတက်မှု အသင့်အတင့်ဖြစ်လာခြင်း

  • အော်ဒါအသစ်များရရှိမှုနှုန်း ၁၃  လ အတွင်း အနှေးဆုံး ဖြစ်လာခြင်း

  • လုပ်ငန်းများအပေါ် ယုံကြည်မှုမှာ ၂၀၁၆ ဧပြီလ နောက်ပိုင်းတွင်  အမြင့်ဆုံး ဖြစ်လာခြင်း

 

(ဒေတာများကို အောက်တိုဘာ ၁၂-၂၅ ရက်နေ့များတွင် စုစည်းခဲ့သည်)

 

 

သုံးသပ်ချက်

 

အာဆီယံ ကုန်ထုတ်လုပ်မှ PMI ဒေတာကို သုံးသပ်လျက် S&P Global Market Intelligence မှ စီးပွားရေးပါရဂူ Maryam Baluch ပြောကြားသွားသည်မှာ

“နောက်ဆုံး PMI တာက အာဆီယံ ကုန်ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းတွင် တိုးထုတ်လုပ်မှုနှုန်း အရှိန်ကျလာနေခြင်းကို အချက်ပြနေပါတယ်။ ၁၃-လကြာပြီဖြစ်တဲ့ လက်ရှိ တိုးချဲ့ ထုတ်လုပ်မှုအစဉ်တွင် လုပ်ကိုင်မှု အခြေအနေများ အနှေးဆုံးနှုန်းနှင့် တိုးတက်လာခဲ့ပါတယ်။ ကုန်ထုတ်လုပ်မှုအတွက်ရော အော်ဒါအသစ်များအတွက်ပါ အားပျော့တဲ့ ဦးမော့မှုများကို တွေ့ ရပါတယ်။ ထုတ်လုပ်မှု ပမာဏများ တိုးလာ တိုးလာနေသော်လည်း၊ စက်ရုံ အော်ဒါများ တိုးရာမှာ အောက်တိုဘာလတွင် နှေးလာခဲ့ပါတယ်။

“ထိုသို့အရှိန်ကျလာမှုရဲ့ ရောင်ပြန်ဟပ်မှုကို ဝန်ထမ်းများ ငှားရမ်းမှု ပိုနည်းလာမှုနှင့် သွင်းကုန်များ တိုးချဲ့ ဝယ်ယူမှု အရှိန်ကျလာနေမှုထဲတွင် မြင်တွေ့ နိုင်ပြီး ကုမ္ပဏီများက တိုးတက်မှုနှုန်းများဟာ ယခင်လတုန်းက မြင်ခဲ့ရတဲ့ စံချိန်တင် နှုန်းများထက် နိမ့်ကျလာနေတာကို ထောက်ပြကြပါတယ်။

“ဒါ့အပြင်၊ ဈေးနှုန်းတွေရဲ့ ဖိအားပေးမှုများ အားပျော့လာနေကြောင်း လက္ခဏာများကို တွေ့မြင်နေရပြီး ပျမ်းမျှကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးများ တိုးလာမှုတဲ့ နှုန်းမှာ ၁၄ လအတွင်း အားအပျော့ဆုံး ဖြစ်လာပါတယ်။ ဒါပေမဲ့၊ အဲဒါဟာ ဝယ်လိုအား အရှိန်ကျလာမှုနှင့် တစ်စိတ်တစ်ဒေသ ဆက်စပ်မှု ရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဒေသတွင်းရှိ ကုန်ထုတ်လုပ်သူတို့ဟာ ဆက်ပြီးအကောင်းမြင်မြဲ မြင်နေကြကာ လုပ်ငန်းများအပေါ် ယုံကြည်မှုမှာ ၂၀၁၆ ဧပြီလမှစပြီး အမြင့်ဆုံးအဆင့်သို့ အားရဖွယ် တက်လှမ်းနေတာကို ထောက်ပြရမှာ ဖြစ်ပါတယ်။"

 

 

တတိယသုံးလပတ်ကို အားကောင်းစွာ ပြီးဆုံးခဲ့သည်နောက်မှာ အာဆီယံ ထုတ်လုပ်ရေး ကုမ္ပဏီများ၏ ထုတ်လုပ်မှု အားပျော့လာခဲ့ကြောင်း S&P Global PMI နောက်ဆုံးရဒေတာက ထောက်ပြနေသည်။

စက်တင်ဘာလတွင် ၅၃.၅ ရှိခဲ့ရာမှ အောက်တိုဘာလတွင် ၅၁.၆ အထိ ကျဆင်းသွားသည့် အဓိကအကျဆုံး PMI က ၂၀၂၁ အောက်တိုဘာမှစပြီး လက်ရှိတိုးထုတ်လုပ်မှ အစဉ်စတင်ကတည်းကစ၍ ဒေသအတွင်း ထုတ်လုပ်မှုအခြေအနေများတွင် အနှေးဆုံးတိုးတက်မှုကို ညွှန်ပြနေသည်။

အာဆီယံထဲက နိုင်ငံအများစုတို့မှာ အောက်တိုဘာအတွင်းမှာ ၎င်းတို့၏ ကုန်ထုတ်လုပ်ရေး ကဏ္ဍတစ်ဝန်းတွင် တိုးတက်မှုကို မှတ်တမ်းတင်ခဲ့ကြပြီး မြန်မာနှင့် မလေးရှားတို့သာ ခြွင်းချက်အဖြစ်ရှိနေခဲ့ကြသည်။

 


စင်ကာပူသည် ဆယ့်တစ်လဆက်တိုက် အကောင်းဆုံး စွမ်းဆောင်သူအဖြစ် ဆက်လက်ပြသနေခဲ့သည်။ သို့သော် ရာသီအလိုက် ညှိပေးထားသည့် အဓိကအကျဆုံး PMI မှာ အောက်တိုဘာတွင် ၅၆.၀ သို့ ကျဆင်းသွားသည်။ ၎င်းက အားကောင်းသည့် တိုးမြှင့်ထုတ်လုပ်မှုကို ညွှန်ပြနေသော်လည်း မတ်လမှစပြီး အားအပျော့ဆုံးလည်း ဖြစ်ခဲ့ပါသည်။

ဖိလစ်ပိုင်သည် စစ်တမ်းတွင် ပါဝင်သည့် ခုနစ်နိုင်ငံအကြားမှာ ဒုတိယအမြန်ဆုံး တိုးထုတ်လုပ်မှုကို မှတ်တမ်းတင်လိုက်ပြီး အဆင့်ဇယား၏ အပေါ်ပိုင်းသို့ တက်လှမ်းလိုက်ပါသည်။ တိုးမြှင်ထုတ်လုပ်မှုနှုန်း (၅၂.၆) မှာ စက်တင်ဘာ၏ သုံးလတာအမြင့်ဆုံးမှ အားပျော့သွားခဲ့သော်လည်း ကုန်စည်ထုတ်လုပ်သူတို့က ကုန်ထုတ်လုပ်ရေး ကဏ္ဍ အခြေအနေ အသင့်အတင့် ပိုကောင်းလာကြောင်း အစီရင်ခံကြသည်

အင်ဒိုနီးရှား ကုန်ထုတ်လုပ်သူတို့၏ နောက်ဆုံး ဦမော့လာမှုသည်လည်း နောက်ဆုံးစစ်တမ်းကာလ (၅၁.၈) အတွင်း အရှိန်ကျလာခဲ့ပါသည်။ 

အလားတူစွာ ထိုင်း ကုန်ထုတ်လုပ်ကြသူတို့ပါ စက်တင်ဘာထက် ပိုနှေးလာသည့် ဦးမော့မှုကို မှတ်တမ်း တင်ခဲ့ကြသည်။ လက်တွေ့တွင်၊ တိုးတက်မှုအရှိန် (၅၁.၆)မှာ ဇန်နဝါရီလတွင် စတင်ခဲ့သည့် လက်ရှိ တိုးထုတ်လုပ်မှု အစဉ်ထဲတွင် ဒုတိယအားအပျော့ဆုံး ဖြစ်ပါသည်။

ဗီယက်နမ်၏ ကုန်ထုတ်လုပ်ရေး ကဏ္ဍ တစ်ဝန်းက တိုးထုတ်လုပ်မှ (၅၀.၆) မှာ နှေးကွေးခဲ့သည်။ နောက်ဆုံး တိုးတက်မှုမှာ စက်တင်ဘာလထက် နိမ့်ကျသွားရာ ၁၃ လကြာ လက်ရှိ တိုးထုတ်လုပ်မှု အစဉ်ထဲက အနှေးဆုံးဖြစ်လာသည်။

အခြားနိုင်ငံများကို လေ့လာကြည့်လျှင်၊ မလေးရှားက ဒုတိယမြောက်လအဖြစ် ကျဆင်းမှုနှင့် မြန်မာနိုင်ငံက ဆဌမလမြောက်အဖြစ် ကျဆင်းမှုကို အစီရင်ခံခဲ့ကြသည်။ 

မလေးရှား ကုန်ထုတ်လုပ်ကြသူတို့သည် အောက်တိုဘာတွင် ပိုမြန်လာသည့် ကျဆင်းမှု (၄၈.၇) ကို မြင်ခဲ့ကြရသည်။ 

မြန်မာ နိုင်ငံအတွက် ရာသီအလိုက် ညှိပေးထားသည့် အညွန်းကိန်း (၄၅.၇) မှာ မကြာမီက အနိမ့်ဆုံးဖြစ်ခဲ့သည့် စက်တင်ဘာထက် မြင့်တက်လာခဲ့သော်လည်း စက်မှုကဏ္ဍ အခြေအနေ တအားဆုတ်ယုတ်မှုကို ဆက်လက်ပြနေပါသည်။

အောက်တိုဘာလအတွင်း ဝယ်လိုအား အခြေအနေများ တိုးလာသည်နှင့်အမျှ အာဆီယံ ကုန်ထုတ်လုပ်ရေး ကုမ္ပဏီများ၏ ထုတ်လုပ်မှု ပမာဏများ တဟုန်ထိုး တိုးလာခဲ့ပါသည်။ သို့သော်လည်း၊ လုပ်ငန်းအသစ်များ လက်ခံရရှိမှု နောက်ဆုံး ဦးမော့လာမှာ ၁၃-လကြာ လက်ရှိတိုးတက်မှုအစဉ်ထဲတွင် အနှေးဆုံး ဖြစ်လာပြီး ခြုံကြည့်လျှင် ဒသမဂဏန်းမျှသာ ရှိခဲ့ပါသည်။

အလုပ်နေရာသစ်များ ဖန်တီးပေးမှုကို လေးလဆက်တိုက် တိုးချဲ့ ပြုလုပ်လာခြင်းက မြင့်တက်လာသည့် ထုတ်လုပ်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ကုမ္ပဏီများ၏ ထုတ်လုပ်မှုစွမ်းအား တိုးမြှင့်ပေးလိုစိတ်ကို ညွန်ပြနေချိန်မှာ၊ တိုးထုတ်မှုနှုန်းမှာမူ စက်တင်ဘာလ၏ စစ်တမ်း စံချိန်တင် အဆင့်မှ အားပျော့လာခဲ့လျက် လစာရ လုပ်သား ဦးရေ ဒသမဂဏန်းမျှ တိုးလာလာကြောင်း ဖော်ပြနေသည်။ အလားတူစွာ၊ သွင်းကုန် ဝယ်ယူမှုများသည်ပါ ယခင်လတုန်းက စံချိန်တင်နှုန်းမှ နိမ့်ကျသွားခဲ့သည်။

ကုန်ကြမ်းပစ္စည်းများနှင့် တစ်ဝက်တစ်ပျက် အချောကိုင်ထားသည့် ကုန်စည်များ ဝယ်ယူမှု ပိုနှေးလာခြင်းက လက်ကျန်စာရင်းများ ပမာဏအပေါ် သက်ရောက်ခဲ့သည်။ သိုလှောင်ထားသည့် ထုတ်လုပ်မှုအကြို လက်ကျန်စာရင်းများမှာ လေးလအတွင်း ပထမအကြိမ် လျော့ကျသွားရာအဓိကအကျဆုံး PMI အညွန်းကိန်းအပေါ် အနှုတ်လက္ခဏာ သက်ရောက်ခဲ့သည်။

မပြီးစီးဘဲကျန်ရစ်ခဲ့သည့် အလုပ်ပမာဏများ အသစ်တဖန် ကျဆင်းမှုကို အာဆီယံ ကုန်ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းမှာ အောက်တိုဘာလတွင် မှတ်တမ်းတင်ခဲ့ကြရာ ထုတ်ကုန်စွမ်းအားများ အားနေကြောင်းကို ညွန်ပြနေသည်။ မပြီးဘဲကျန်နေသည့် စာရင်းများသည် စစ်တမ်း၏ လွန်ခဲ့သော လေးလတာအနက် သုံးလမှာ ကျဆင်းခဲ့သည်။

တချိန်တည်းမှာ ပစ္စည်းပေးသွင်းမှု ပြီးဆုံးရန် ကြာမြင့်ချိန်များမှာ သုံးလအတွင်း အမြန်ဆုံးနှုန်းဖြင့် တိုးလာခဲ့သည်။ ပစ္စည်းတင်ပို့မှု ကြန့်ကြာခြင်းများ၊ ဆိပ်ကမ်းများ ပိတ်ကျပ်နေခြင်းနှင့် ကုန်ကြမ်းရှားပါးမှုတို့ကြောင့် ပစ္စည်းပေးသွင်းရေးကွင်းဆက်များအပေါ်  ဖိအားများ ဆက်လက်ဖြစ်ပေါ်သည်။

ဈေးနှုန်းများကို ယူကြည့်လျှင်၊ အာဆီယံဒေသတွင်း ကုန်ထုတ်လုပ်ရေး ကုမ္ပဏီများ၏ ပျမ်းမျှ ကုန်ကျစရိတ် ၀န်ထုပ်ဝန်ပိုးများမှာ တိုးလာခဲ့သည်။ သွင်းကုန်ဈေးနှုန်းများ၏ ငွေကြေးဖောင်းပွမှုမှာ အရှိန်မြင့်လျက် ရှိနေသော်လည်း လေးလဆက်တိုက် အရှိန်ကျလာခဲ့ရာ ၂၀၂၁ ဩဂုတ်လမှစပြီး အနှေးဆုံး ဖြစ်လာသည်။  ရောင်းဈေးများအတွက် ဈေးခေါ်သည့် ခေါ်ဈေးများလည်း အောက်တိုဘာလတွင် မြင့်တက်လာခဲ့သည်။ . သို့သော် ရောင်းဈေးများ၏ ငွေကြေးဖောင်းပွမှုမှာ ခြုံငုံပြောရလျှင် သိသာခဲ့သော်လည်း ရှစ်လအတွင်းမှာ ဒုတိယ အားအပျော့ဆုံး ဖြစ်ပါသည်။

အာဆီယံ ကုန်ထုတ်လုပ်ကြသူတို့က စစ်တမ်း၏ နောက်ဆုံးလတွင် တိုးထုတ်လုပ်မှုနှုန်း အားပျော့လာကြောင်း အစီရင်ခံခဲ့ကြသော်လည်း အနာဂတ် မျှော်မှန်းချက်များမှာ မြင့်တက်လာခဲ့ပြီး နောက်ဆုံး ဒေတာက ၂၀၁၆ ဧပြီလမှစပြီး အားအကောင်းဆုံး အကောင်းမြင်မှုကို ညွှန်ပြနေသည်။ ပါဝင်ဖြေဆို‌ေပးခဲ့ကြသူတို့၏ အဆိုအရဝယ်လိုအား အခြေအနေများ တိုးတက်လာခြင်းက မျှော်လင့်ချက်ကောင်းများကို အားဖြည့်ပေးခဲ့ကြပါသည်။

 

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

Industry Reviews Read 219 times