စင်ကာပူ နှစ်ရှည် အလုပ်ဗီဇာများ ထုတ်ပေးရန် မူဝါဒပြောင်းလဲ


29 August, 2022

စင်ကာပူ နှစ်ရှည် အလုပ်ဗီဇာများ ထုတ်ပေးရန် မူဝါဒပြောင်းလဲ

စင်ကာပူသည် နိုင်ငံခြားသား လုပ်သားများကို ဆွဲဆောင်ရန်နှင့် လုပ်အားခနှင့် ဈေးနှုန်းဖိအားများဖြစ်ပေါ်‌ေနသည့် လုပ်သားမလုံ‌ေလာက်‌ေသာ ဈေးကွက်ကို ဖြေလျှော့ရန် ဗီဇာစည်းမျဉ်းများကို ပြန်လည်ပြင်ဆင်နေပါသည်။

စည်းမျဉ်းသစ်အရ  တစ်လလျှင် အနည်းဆုံး S$ 30,000 ($21,431) ဝင်ငွေ ရရှိသည့် နိုင်ငံခြားသားများသည် ၅နှစ် အလုပ်လုပ်ခွင့်ကို ရရှိစေမည်ဖြစ်သည်။ မှီခိုသူများ စင်ကာပူတွင်  အလုပ်အကိုင် ရှာဖွေခွင့်ပြုရန် ပြဋ္ဌာန်းချက် ပါရှိမည် ဖြစ်သည်ဟု လူအင်အားဝန်ကြီးဌာနက ပြောကြားသည်။

အနည်းဆုံး ရရှိရမည့် လစာသတ်မှတ်ချက်များနှင့် မပြည့်မီသော အားကစား၊ အနုပညာ၊ သိပ္ပံနှင့် ပညာရပ်ဆိုင်ရာတို့မှ ဗီဇာလျှောက်ထားသူများအား ခြွင်းချက်အနေဖြင့် ခွင့်ပြုမည်ဖြစ်ရာ  Overseas Networks and Expertise (ONE) Pass ဟုခေါ်သော ကာလရှည်ဗီဇာ ရယူနိုင်ဖြစ်ပြီး  ဇန်နဝါရီ ၁ ရက်မှ စတင်သက်ရောက်မည် ဖြစ်သည်။ 

 ပြည်တွင်းမှာ အလုပ်ခေါ်စာ ကြော်ငြာပြီး ပြဋ္ဌာန်းကာလပြည့်ချိန်တွင် လူမရမှ ပြည်ပမှ ခေါ်ယူခန့်ထားရန် ခွင့်ပြုသော Fair Consideration Framework FCF စနစ်တွင် အကျုံးဝင်သော အလုပ်များကို ကင်းလွတ်ခွင့် ပေးမည်ဖြစ်သည်။ နောက်နှစ် စက်တင်ဘာလတွင် စတင်သက်ရောက်မည် ဖြစ်သည်။ ထို့ပြင် ကြော်ငြာရသည့်ကာလကိုလည်း ၁၄ ရက်သို့ လျှော့ချ သတ်မှတ်မည် ဖြစ်သည်။


EP လျှောက်လွှာစိစစ်ရန် ယခုအခါ အချိန်အများဆုံး ၃ ပတ်အထိ ယူခြင်းအစား အလုပ်လုပ်ရက် ၁၀ ရက်သို့ လျှော့ချသတ်မှတ်မည်ဖြစ်သည်။
Source Bloomberg
#MyanmarIndustriesGuide
Telegram Channel https://t.me/Guid4U

Labour Affairs Read 780 times