တရုတ်နိုင်ငံက မြန်မာမှ သံဖြူသတ္တုရိုင်း တင်သွင်းမှု ရပ်ဆိုင်းထား


11 November, 2021

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ရပ်တန့်စေရန် မြန်မာ တရုတ်နယ်ခြားကို တရုတ်နိုင်ငံက ပိတ်ပင်ထားပြီး မြန်မာနိုင်ငံမှ သံဖြူသတ္တုရိုင်း တင်သွင်းမှုများ တင်သွင်းမှု ရပ်ဆိုင်းထားကြောင်း အသင်းမှ တာဝန်ရှိသူနှင့် တရုတ် သတ္တုအရည်ကြိုသန့်စင်လုပ်ငန်းနယ်ပယ်မှ ရိုက်တာ သတင်းဌာနသို့ နိုဝင်ဘာလ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် သန့်စင်ပြီး သံဖြူသတ္တု ထုတ်လုပ်မှုတွင် ကမ္ဘာ့အကြီးမားဆုံးနိုင်ငံဖြစ်ပြီး ၂၀၁၉ ခုနှစ် သံဖြူသတ္တုရိုင်း တင်သွင်းမှု၏ ၉၄% ကို မြန်မာနိုင်ငံမှ ရယူခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ၉၁.၇% သို့ လျော့ကျခဲ့သည်။ ယခုနှစ် ဇန်နဝါရီ-စက်တက်ဘာလတွင် ကိုဗစ်ကပ်ဘေးကြောင့် ပြတ်တောက်မှုများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့သဖြင့် ၈၂% အောက်အထိ ကျဆင်းခဲ့သည်ယ
 
 အပြည်ပြည်ဆိုင်ရာ သံဖြူ အသင်းအတွက် တရုတ်ကိုယ်စားလှယ်ခေါင်းဆောင် Cui Lin က တရုတ်ကုန်းတွင်းဆိပ်ကမ်း Menga ကို မြန်မာနိုင်ငံ ဝ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွင် နောက်ဆုံးဘိတ်  Covid-19 လှိုင်းပြန်ထသဖြင့် ပိတ်ထားရကြောင်း ပြောကြားသည်။
 
ယူနန်ပြည်နယ် အရည်ကြိုသန့်စင်လုပ်ငန်း နယ်ပယ်မှ ပြောကြားသည်မှာ အခြေအနေ ဆိုးဝါးကြောင်း၊ ယခုနှစ်တွင် သံဖြူသတ္တုရိုင်း တင်သွင်းမှုများ အကြိမ်ကြိမ် ပြတ်တောက်ခဲ့ကြောင်း ပြောကြားသည်။

ယခင်လက သံဖြူ သတ္တုရိုင်း အလုံအလောက် မရရှိခြင်းနှင့် သံဖြူ လက်ကျန် နည်းပါးခြင်းတို့ကြောင့် သံဖြူတစ်တန် အမေရိကန်ဒေါ်လာ ၃၈,၈၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့သည်။
ယခုအခါ သံဖြူ တစ်တန် အမေရိကန်ဒေါ်လာ ၃၇,၃၅၀ ဝန်းကျင်တွင် ရှိနေသည်။


REUTERS

Export, Import Read 470 times