စက်တင်ဘာ ၃၀ ရက်တွင် ကမ္ဘာ့ ဒေါ်လာဈေး အညွှန်းကိန်း ၉၄ ပွိုင့်ဝန်း ကျင်ရှိပြီး နိုင်ငံခြား ငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၄၀၀ ဝန်းကျင် သို့ ပြန်လည် ကျဆင်းလာကြောင်း နိုင်ငံခြား ငွေကြေးရောင်း ဝယ်သူများထံမှ သိရသည်။
ပြည်တွင်း၌ ကျပ်ငွေတန်ဖိုးကျဆင်းမှု ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပြီး စက်တင်ဘာ ၃၀ ရက်တွင် ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်း ၉၃ ပွိုင့် ဝန်းကျင်ရှိကာ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၇၀၀ ဝန်းကျင်အထိ စံ ချိန်တင် မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားငွေ ကြေးရောင်းဝယ်သူများထံမှ သိရသည်။
ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင်ဖြစ်ပေါ်သော အခြား နိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှု နှုန်းထားများမှာ
ယူရို၂၅၀၀ ကျပ်၊
စင်ကာပူ ဒေါ်လာ ၁၅၈၀ ကျပ်၊
မလေးရှားရင်းဂစ် ၅၁၀ ကျပ်၊
ထိုင်းဘတ် ၆၇ ကျပ်တို့ ဖြစ်သည်။
Source: news-eleven.com
စက်တင်ဘာလ (၃၀) ရက်နေ့ မနက်ပိုင်း ၁၁ နာရီ ၄၂ မိနစ် အကယ်ဒမီမီးလင်းရွှေ
အဖွင့်စျေး ကျပ်သိန်းနှစ်ဆယ်တိတိ ဖြစ်ပြီး
နေ့လယ်ပိုင်း တစ်နာရီခွဲ ဈေးနှုန်းမှာ
ကျပ် တစ်ဆယ့် ကိုးသိန်း ကိုးသောင်း ငါးထောင် သို့ ကျဆင်းခဲ့ပြီး
မွန်းလွဲ သုံးနာရီ အပိတ်ဈေးမှာ
ကျပ် နှစ်ဆယ်သိန်း နှစ်သောင်း ဖြစ်ပါသည်။
YGEA