နှစ်စဉ်အစီရင်ခံစာတင်ပြရန် ပျက်ကွက်ခဲ့သော ကုမ္ပဏီများအား  မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်


08 September, 2021

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၉၇ အရ နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြရန် ပျက်ကွက်ခဲ့သောကုမ္ပဏီ များအား မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၄၃၀ (စ) အရ မှတ်ပုံတင်စာရင်းမှ ထပ်မံပယ်ဖျက်ခြင်း (Struck.Off) အဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက စာရင်းများ ထုတ်ပြန်ထားသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက

၂၀၂၁ ခုနှစ်၊ သြဂုတ် ၂၅ ရက်စွဲဖြင့် ထုတ်ပြန်သည့်အမိန့်အရ ကုမ္ပဏီ ၁၀၀ 
၂၀၂၁ ခုနှစ်၊ သြဂုတ် ၃၀ ရက်စွဲဖြင့် ထုတ်ပြန်သည့်အမိန့်အရ ကုမ္ပဏီ ၁၀၀ ဖြင့် 
စုစုပေါင်း ကုမ္ပဏီ ၂၀၀ ခုအား မှတ်ပုံတင်စာရင်းမှ ဩဂုတ်လတွင် ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။

ယခင် ဇူလိုင်လတွင်လည်း  မှတ်ပုံတင်စာရင်းမှ ကုမ္ပဏီ ၁၀၀ ခု ပယ်ဖျက် ခဲ့သည်။

MyCO တွင် မှတ်ပုံတင်ခဲ့သည့်ကုမ္ပဏီများအနေဖြင့် နှစ်စဉ်အစီရင်ခံစာ (Annual Return-AR) တင်ပြခြင်းကို ဆောင်ရွက်ရမည်ဟု သိရသည်။

Annual Return နောက်ဆုံးတင်ပြရမည့်ရက်ကို ကုမ္ပဏီ Profile တွင် ဖော်ပြထားသဖြင့် အဆိုပါရက်မတိုင်ခင် မှတ်ပုံကြေး ကျပ် ၅၀၀၀၀ ပေးသွင်းတင်ပြရန်ဖြစ်ကြောင်း၊ Annual Return တင်ပြရမည့်ရက်ကျော်လွန်ပြီး ၂၈ ရက်အတွင်းဖြစ်လျှင် နောက်ကျကြေး (LateFee) ကျပ် ၁၀၀၀၀၀ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

Annual Return တင်ပြရမည့်ရက်ထက် ၂၈ ရက်ကျော်လွန်ပြီးပါက ဆိုင်းငံ့ (Suspended) ဖြစ်သွားသဖြင့် ဆိုင်းငံ့စာရင်းမှ ပယ်ဖျက်ပေးရန် ပုံစံ 1-9D ဖြင့် တင်ပြရသည့်အတွက် မှတ်ပုံတင်ကြေး ကျပ်တစ်သိန်း  ထပ်မံပေးသွင်းရမည်ဖြစ်သည်။


Suspended ဖြစ်ပြီးခြောက်လအထိ AR တင်ပြခြင်းမရှိပါက ကုမ္ပဏီအား မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်မည်ဖြစ်သည်။ ပယ်ဖျက်ဖြစ်ပြီး ကုမ္ပဏီအမည်အား ပြန်လည်အသက်သွင်းလိုပါက ကုမ္ပဏီမှ တရားရုံးကင်းလွတ်ခွင့် အမိန့်ဖြင့် MyCO တွင် 1-5 ဖြင့် ပြန်လည်တင်ပြရမည်ဟု သိရသည်။

Struck Off ဖော်ပြခြင်းခံရသော ကုမ္ပဏီဖြစ်ပါက တရားရုံးကင်းလွတ်ခွင့်ရရှိရန် လျှောက်ထားရသည့် ကုန်ကျစရိတ်နှင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ လိုက်နာရန် ပျက်ကွက်ထားကြောင်း ကုမ္ပဏီ၏ပုံရိပ် ကျန်ရှိနေမည်ဖြစ်သောကြောင့် နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြခြင်းကို အထူးဂရုပြုဆောင်ရွက်ကြရန် ထုတ်ပြန်ထားသည်။      

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၉၇ (က)အရ ကုမ္ပဏီများအားလုံးသည် ယင်းအား ဖွဲ့စည်းတည်ထောင်သည့်နေ့မှ နှစ်လအတွင်းနှင့် ၎င်းနောက်ပိုင်းကာလအတွက် နှစ်စဉ်အနည်းဆုံး တစ်ကြိမ်သို့ရာတွင် ကုမ္ပဏီအား ဖွဲ့စည်းတည်ထောင်သည့် နှစ်ပတ်လည်ကာလကုန်ဆုံးပြီးနောက် တစ်လထက် နောက်မကျစေဘဲ ကုမ္ပဏီ၏အသေး စိတ်ဖော်ပြချက်များ ပါရှိသော နှစ်စဉ်အစီရင်ခံစာတစ်ခုကို သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် မှတ်ပုံတင် အရာရှိထံသို့ တင်ပြရမည်ဟု ဖော်ပြထားသည်။

 

စာရင်းကြည့်ရန် ခေါင်းစဉ်ငယ်ကို ထိပါ
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက် စာရင်


စာရင်းကြည့်ရန် ခေါင်းစဉ်ငယ်ကို ထိပါ
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက် စာရင်း


စာရင်းကြည့်ရန် ခေါင်းစဉ်ငယ်ကို ထိပါ
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက် စာရင်း
 

Local News Read 1228 times